ယောက်ျားလေးတိုင်း အမေးများတဲ့မေးခွန်းတစ်ခုက မိန်းကလေးတွေ အထင်ကြီးအောင် ဘယ်လိုဖက်ရှင်စတိုင်မျိုး ၀တ်စားဆင်ယင်ရမလဲဆိုတာပါပဲ။ မိန်းကလေးတွေ အထင်ကြီးမှု ၊ အာရုံစိုက်မှု မလိုချင်တဲ့ ယောကျာ်းလေးဆိုတာကလဲ မရှိသလောက်ပဲ မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့အမေးများတဲ့ မိန်းကလေးတွေရဲ့ အာရုံစိုက်မှုရဖို့ ဘယ်လိုဝတ်စားသင့်လဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) အရောင်တွေရဲ့အရေးပါမှု

Portrait of tattooed young man

Photo : iStock

ဖက်ရှင်လို့ပြောလိုက်တာနဲ့ အရင်ဆုံး သတိထားရမယ့်အရာကတော့ အရောင်တွေအကြောင်းပါပဲ။ မိန်းကလေးအများစုက ကျွန်တော်တို့ယောကျာ်းလေးတွေထက်ကို အရောင်တွေအကြောင်း ခံစားတက်ကြပါတယ်။ စိတ်ပညာအရ မိန်းကလေးတွေ သဘောကျတဲ့ ဖက်ရှင်အရောင်တွေကတော့ အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်နဲ့ မိုးပြာရောင် တို့ဖြစ်ပြီး ဒီအရောင်တွေက အသားအရောင် တော်တော်များများနဲ့ ကိုက်ညီမှုရှိတဲ့ ဖက်ရှင်ကာလာတွေပဲ ဖြစ်ပါတယ်။

(၂) အလွန်အကျွံမဖြစ်ပါစေနဲ့

Photo : Ege Yildiz

မိန်းကလေးတွေအထင်ကြီးဖို့ ဖက်ရှင်ကိုအလွန်အကျွံကြီး ဝတ်စားထားတာမျိုး အထူးရှောင်ကြဉ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် အင်္ကျီသုံးလေးထပ် ရှုပ်ရှက်ခက်နေအောင် ဝတ်ဆင်တာမျိုးပါ။ ဒီလိုအလွန်အကျွံ ဝတ်ဆင်ခြင်းက ကွီးတို့ကိုဆွဲဆောင်မှုလျော့ကျစေပြီး ပင်ကိုယ်စတိုင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိစေမယ့် ဖက်ရှင်မျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။

(၃) Accessories တွေဝတ်ဖို့ မမေ့ပါနဲ့

Photo : HiConsumption

အမျိုးသားသုံး ဖက်ရှင် Accessories တွေလို့ပြောလိုက်ရင် သိပ်တော့လည်း ရွေးချယ်စရာ များများစားစားမရှိလှပါဘူး။ နာရီကောင်းကောင်းတစ်လုံး ၊ မျက်မှန် ၊ ခါးပတ် ၊ လက်စွပ် ဒီလောက်နဲ့တင် အတော်လေးပြည့်စုံနေပါပြီ။ Accessories ပစ္စည်းတွေက ကွီးတို့ရဲ့စတိုင်ကို ပိုပြီးဆွဲဆောင်မှုရှိအောင် မြှင့်တင်ပေးနိုင်တာကြောင့် ကိုယ့်ရဲ့ဖက်ရှင်နဲ့ လိုက်ဖက်မယ့် Accessories တွေကိုလည်း တွဲဖက်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

(၄) ဂျင်းဘောင်းဘီအစား ဒါတွေပြောင်းဝတ်ပါ

Joggers pants

Photo : The Adult Man

ကျွန်တော်တို့ ယောကျ်ားလေးအများစုက ဖက်ရှင်အသစ်အဆန်းတစ်ခု ပြောင်းဝတ်ကြည့်ရတာမျိုးကို အတော်လေး လက်တွန့်ကြပါတယ်။ တကယ်တော့ ဖက်ရှင်ဆိုတာ ဝတ်နေကျပုံစံတစ်ခုကိုပဲ ထပ်တလဲလဲဝတ်နေတာထက် အပြောင်းအလဲလေးတွေ လုပ်ဖို့လည်း သေချာပေါက်လိုပါတယ်။ ဒီတော့ ပြောင်းဝတ်ကြည့်သင့်တဲ့ ဘောင်းဘီတွေအကြောင်း ပြောလိုက်ရအောင်ပါ။

ဂျင်းဘောင်းဘီဆိုတာကတော့ ကျွန်တော်တို့ယောကျာ်းလေးတိုင်း အဝတ်အများဆုံးနဲ့ ဘယ်တော့မှ ရိုးမသွားတဲ့ Timeless fashion တစ်ခုပါ။ ဒါပေမယ့် ဂျင်းတွေပဲဝတ်ရတာရိုးနေလို့ ပုံစံနည်းနည်းပြောင်းကြည့်မယ်ဆိုရင်တော့ ဒီနှစ်ထဲမှာခေတ်စားလာတဲ့ cropped trousers တွေ ၊ chinos ဘောင်းဘီတွေ ဝတ်ကြည့်သင့်ပါတယ်။ ဒီဘောင်းဘီတွေကတော့ ပေါ့ပါးလွတ်လပ်မှုအပြည့်နဲ့ သက်တောင့်သက်သာရှိစေပြီး မိန်းကလေးတွေရဲ့အမြင်မှာ လုံးဝစမတ်ကျနေစေမှာဖြစ်ပါတယ်။ အခုလိုဆောင်းရာသီမှာတော့ လွတ်လပ်ပြီး လူငယ်ဆန်တဲ့ Joggers ဘောင်းဘီတွေလည်း ထည့်စဉ်းစားဖို့လိုမှာပါ။ အကယ်၍ ရာသီဥတုပူတဲ့အချိန်မျိုးဆိုရင်တော့ ပေါင်/ခြေသလုံး ကြွက်သားတွေကို ပေါ်လွင်စေမယ့် ဘောင်းဘီတိုဖက်ရှင်တွေလည်း စမ်းဝတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Society19