ခရီးထွက်ရတာ ပျော်တဲ့ ခရီးသွားချစ်သူများအတွက် ခရီးထွက်တဲ့အချိန်မှာတောင် ဖက်ရှင်ကျကျနဲ့ ရှိုးထုတ်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးချင်ပါတယ်။ ဒီလိုဖက်ရှင်ကျဖို့ဆိုရင် သင့်ရဲ့ခရီးဆောင်အိတ်ထုတ်ပိုးမှုက အခြေခံကျပါတယ်။

ခရီးဆောင်အိတ်ကို ဘယ်လိုမျိုး ထုတ်ပိုးရမလဲဆိုတာကို အရင်ဦးဆုံးလေ့လာလိုက်ရအောင်။

လိုအပ်တဲ့အရာတွေပဲ ထည့်ပါ

How to Dress to Impress When You are Away on Holiday

ကိုယ် သွားမယ့်ခရီးက ဘယ်နှရက်ကြာမလဲ။ ကိုယ် သွားတဲ့အချိန်မှာ ထိုဒေသရဲ့ရာသီဥတုက ဘယ်လိုရှိမလဲ စတာတွေကို ကြိုတင်တွက်ဆပြီးတော့ အဝတ်အစားတွေကို ထုတ်ပိုးရပါမယ်။

How to Dress to Impress When You are Away on HolidayHow to Dress to Impress When You are Away on Holiday How to Dress to Impress When You are Away on Holiday

တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ သောက်သုံးနေကျ ဆေးဝါးများကိုလည်း မမေ့မလျော့ ယူသွားဖို့ လိုပါတယ်။

တည်းခိုမယ့်နေရာရဲ့ Review တွေကို သေချာဖတ်ပြီးမှ ဘိုကင်တင်ပါ

How to Dress to Impress When You are Away on Holiday

ဟိုရောက်မှ တည်းခိုခန်းတွေ ဟိုတယ်တွေ လိုက်ပတ်ရှာနေရတဲ့အခါ သင့်ကို လူပင်ပန်း၊ စိတ်ပင်ပန်းစေပါတယ်။ အခုခေတ်က အွန်လိုင်းကနေလည်း ဘိုကင်ချိတ်လို့ရတာကြောင့် မမေ့မလျော့ ကြိုတင်ဆောင်ရွက်ထားပါ။ မိမိတည်းမယ့်နေရာရဲ့ Review တွေကို သေချာရှာဖတ်ထားပြီး စူးစမ်းလေ့လာထားဖို့လည်း လိုပါတယ်။

အဝတ်အစား အသစ် တစ်စုံ (သို့) နှစ်စုံလောက် ထည့်သွားပါ

How to Dress to Impress When You are Away on Holiday

ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ထည့်သွားဖို့လည်း လိုအပ်သလို ရှုခင်းလှလှပပလေးတွေနဲ့ ဓာတ်ဖမ်းဖို့အတွက် အဝတ်အစားအသစ် တစ်စုံ၊ နှစ်စုံခန့် ထည့်သွားလိုက်ပါ။

ဖိနပ် နှစ်ရံခန့် ထည့်သွားပါ

How to Dress to Impress When You are Away on Holiday

သင် သွားမယ့်နေရာက ကမ်းခြေဆိုရင် ကမ်းခြေစီးဖိနပ်လေးတွေ ပါအောင် ထည့်သွားပါ။ သဲသောင်ပြင်ပေါ်မှာ ရှူးဖိနပ်တကားကားနဲ့ဆို အဆင်ပြေမှာမဟုတ်ပါဘူး။

သင့်အသားအရေကို ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့

How to Dress to Impress When You are Away on Holiday

အားလပ်ရက် ခရီးထွက်ခြင်းက သင့်ကို စိတ်လက်အပန်းပြေစေနိုင်သလို တစ်ဆက်တည်းမှာပဲ သင့်ရဲ့အသားအရေကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် နေလောင်ကာခရင်မ်ကို မမေ့မလျော့ ထည့်သွားဖို့လိုပါတယ်။

Source: Dmarge.com