နှစ်စဉ် ရိုးရာမပျက်ဆင်နွှဲလာကြတဲ့ ရေသဘင်ပွဲက တဖြည်းဖြည်းနီးကပ်လို့လာပြီမို့ အားလုံးလည်း စိတ်လှုပ်ရှားနေကြမယ်လို့ မျှော်လင့်ပါတယ်။ သင်္ကြန်ပိုးလေးက ခန္ဓာကိုယ်ထဲမှာ လှုပ်စိလှုပ်စိနဲ့ မရိုးမရွလေး ခံစားနေကြရပြီး သင်္ကြန်အကြိုနေ့မှာ ဘယ်သွားမယ်၊ အကျ၊ အကြတ်၊ အတက်နေ့တွေမှာ ဘယ်သူတွေနဲ့ လျှောက်လည်မယ် ဆိုပြီး အစီအစဉ်တွေလည်း ဆွဲနေကြလောက်ပြီပေါ့နော်။

ဒါဆိုရင် ဘာတွေ ပြင်ဆင်စရာကျန်ဦးမလဲ။ ဟုတ်ပါတယ်။ ဖက်ရှင်အပြင်အဆင်ပါ။ ရှိုးစမိုးအပြည့်နဲ့ မိမိုက်နေတဲ့ ကွီးတစ်ယောက်ဖြစ်ဖို့လိုပါတယ်။ ကဲ… ဒါဆိုရင် သင်္ကြန်ရက်အတွင်းမှာ ဆော်ကြည်ဘဲဖြစ်ဖို့ ဘယ်လိုဖက်ရှင်တွေ ရွေးချယ်သင့်သလဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်။

ဂ်က္ကတ္အက်ႌ

Source: fashionbeans.com

နေက ပူကပူနဲ့ ဘာကိစ္စ ဂျက်ကတ်အင်္ကျီဝတ်ရမှာလဲလို့ မေးစရာရှိပါတယ်။ မပူပါနဲ့၊ ကွီးတို့ ရေပက်ခံထွက်တာ နာရီအနည်းငယ်ကြာလာရင် ချမ်းတက်လာပါလိမ့်မယ်။ ပြီးတော့ ဂျက်ကတ်ဖက်ရှင်က ရေပက်ခံထွက်နေတဲ့အချိန်မှာ သင့်အသားအရေကို ပူပြင်းတဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးမယ့် ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။

ပထမတစ်ရက်မှာ ဂျက်ကတ်ဝတ်ပြီးပြီ နောက်ရက်မှာ ဖက်ရှင်မထပ်စေချင်ဘူးဆိုရင်ရော


အဲ့ဒါဆိုရင် စွပ်ကျယ်အပါးတစ်ထည်ပေါ်မှာမှ ခေါင်းစွပ်အင်္ကျီ (သို့) ဆွယ်တာအင်္ကျီ ထပ်ဝတ်ပေးလိုက်ပါ။


ဘောင်းဘီအတွက်ကတော့ ဘောင်းဘီအရှည်ထက်စာရင် ပေါ့ပေါ့ပါးပါးရှိတဲ့ ဘောင်းဘီတိုလေးတွေက ပိုပြီး ဖက်ရှင်ကျနေမှာပါ။ အရှည်ဝတ်ချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီအပြဲတွေက ပိုအထာကျမှာပါ။

အဝတ်အစားပိုင်းပြီးပြီဆိုရင် ဖက်ရှင်အသုံးအဆောင်ပိုင်း သွားလိုက်ရအောင်။

Source: freepik.com

နေကာမျက်မှန် လုံးဝမမေ့ပါစေနဲ့။ သင့်ရဲ့ ဖက်ရှင်အရရော ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ဖက်ရှင်အသုံးအဆောင်ပဲဖြစ်ပါတယ်။ သင့် မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး ပြင်ပထိခိုက်ဒဏ်ရာများမှလည်း ကာကွယ်ပေးပါလိမ့်မယ်။ မျက်နှာရှေ့တည့်တည့်မှာ ခွက်စောင်းလာခုတ်သွားတာမျိုး၊ ရေပိုက်ကထွက်တဲ့ ရေအရှိန်ပြင်းတာမျိုးကြောင့် မျက်စိထိခိုက်တတ်တာကြောင့် သတိလေးကပ်ပြီး ရေပက်ခံထွက်သင့်ပါတယ်။

ဦးထုပ်

Source: lacoste.com

နေကာမျက်မှန်မတပ်ချင်တဲ့သူတွေက ဦးထုပ်ဝတ်ပေါ့နော်။ တချို့ကလည်း မျက်နှာကွယ်သွားပြီး ရှိုးထုတ်ရတာ အလဟဿဖြစ်မှာစိုးလို့ ဦးထုပ်မဝတ်ချင်ကြပါဘူး။ ဒါပေမဲ့ လိုရမယ်ရ ဆောင်ထားတာကတော့ အကောင်းဆုံးပါပဲ။

Kwee ရဲ့ ဘော်ဒါတွေအားလုံးပဲ ဖက်ရှင်ကျကျနဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။