အသက် ၂၀ ဆိုတာ လူငယ်အကြီးစားဘက်ကို ရောက်လာပါပြီ။ အသက် ၂၀ နဲ့ ၂၅ နှစ်အတွင်းဟာ ကိုယ်ပိုင်ပုံရိပ်ကို တည်ဆောက်ဖို့ အခြေခံအုတ်မြစ်ချနေတဲ့ အရွယ်ပါ။ ကျောင်းပညာရေးကလည်း ပြီးဆုံးခါနီးပါပြီ။

Photo: Freepik

ဒီအရွယ်မှာ ဝတ်စားဆင်ယင်မှုဟာလည်း ကိုယ့်ရဲ့ ပုံရိပ်ကို ထိခိုက်မှု မရှိစေဖို့ စပြီး သတိပြုရမယ့်အရွယ် ဖြစ်ပါတယ်။ အသက် ၂၀ မှာ လူကြီးတွေလိုမျိုး အမြဲ Formal ကျကျ ဝတ်စရာမလိုသလို ဆယ်ကျော်သက်လူငယ်တွေလိုမျိုး ဘောင်းဘီဒူးပြဲ ၊ စတစ်ကာ တီရှပ်အမည်းကြီးတွေနဲ့ ပတ်ဒိုးနေလို့ မရပါဘူး။

အသက် ၂၀ ရောက်ပြီ ဆိုရင် သင့်ဆီမှာ စမတ်ရှုးစ်ကောင်းကောင်း တစ်ရံ ရှိထားဖို့ လိုပါတယ်။ အလုပ်အင်တာဗျူး ရှိလာမယ်။ ပွဲတွေ တက်ရမယ်။ ဒါမှမဟုတ် ကျောင်းကနေလည်း ဘွဲ့တက်ယူရမယ်ဆိုတော့ ဖိနပ်ကောင်းကောင်း မရှိလို့တော့ အဆင်မပြေပါဘူး။
Smart Casual ကျကျလေးတွေ ဝတ်ပေးဖို့ လိုပါတယ်။ နာရီဆိုလည်း တစ်လုံးကောင်းလေး ပိုင်ထားသင့်ပါတယ်။ ဆံပင်ပုံစံကို သပ်ရပ်ပြီး ခေတ်မီအောင် ထားပေးသင့်ပါတယ်။ မှတ်ထားရမှာက အပြင်သွားတိုင်း အဝတ်အစားဆို အမြဲ သန့်ရှင်းအောင် လျှော်ဖွပ်မီးပူတိုက်ထားတာမှ ဝတ်ဖို့ ဖြစ်ပါတယ်။

Photo: Freepik

ကိုယ့်စတိုင်နဲ့ကိုယ် ဖြစ်ချင်တယ်ဆိုရင်လည်း အခုကတည်းက ကြီးလာရင် ငါဘယ်လိုလူမျိုး ဖြစ်ချင်တယ်(ဒါမှမဟုတ်) ငါ အသက် ၃၀ မှာ ငါ့ကို လူတွေ ဘယ်လို မြင်စေချင်တယ်ဆိုတဲ့ အတွေးနဲ့ ဝတ်စားဖို့ လိုပါတယ်။ ဒါမှသာ အသက် ၂၀ နောက်ပိုင်းမှာ ကိုယ်ပိုင် အမှတ်တံဆိပ် တည်ဆောက်ပြီးသား ဖြစ်လာမှာပါ။