အမျိုးသားတစ်ယောက်အနေနဲ့ ဖက်ရှင်ကျကျ ဝတ်တတ်စားတတ်ဖို့ကသိပ်ကိုအရေးကြီးပါတယ်။ ဖက်ရှင်က လူတစ်ယောက်ရဲ့ Personality ကိုမြင့်တင်ပေးရာမှာများစွာအထောက်အပံ့ဖြစ်စေပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်တော့ အမျိုးသားတိုင်းသိထားဖို့လိုမယ့် အခြေခံ Fashion Tips လေးတွေ မျှဝေပေးပါမယ်။

(၁) သန့်သန့်ပြန့်ပြန့်နေပါ

Men's skin care routine

Photo : Beardoholic

ဖက်ရှင်နဲ့တိုက်ရိုက်ဆက်နွယ်နေမှုတစ်ခုကတော့ သန့်ရှင်းသပ်ရပ်စွာနေတက်ဖို့ပါပဲ။ အသားအရေ ဆံပင်နဲ့ မုတ်ဆိတ်တွေကို ဂရုတစိုက် ထိန်းသိမ်းမှု လုပ်ရပါမယ်။ ဒါဟာ ကိုယ့်အသွင်အပြင်ကို မြင့်တက်စေပြီး စတိုင်လ်ကျကျနေချင်သူတွေအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

(၂) အဝတ်အစားအသုံးဆောင်တွေကို ဂရုစိုက်ပါ

Man Ironing

Photo : The Swedest Things

အဝတ်အစားကောင်းတွေ ဆိုပေမယ့် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် လျှော်ဖွပ်ပြီး ဝတ်တာမျိုး မဟုတ်ရင် ဖက်ရှင်ကောင်းတဲ့သူလို့ ပြောလို့ မရပါဘူး။ ကိုယ်ဝတ်တဲ့ အဝတ်အစားကို ပုံမှန် လျှော်ဖွပ်တာ ၊ မီးပူတိုက်တာ ၊ Suits တွေဆိုလည်း Dry Clean အခြောက်လျှော်သန့်ရှင်းတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ ဖိနပ်ဆိုလည်း ပြင်သင့်တာ ပြင်ပြီး သပ်သပ်ရပ်ရပ် ပေါလစ်တိုက်တာမျိုး လုပ်ပေးသင့်ပါတယ်။

(၃) ဖက်ရှင် Accessory လေးတွေသုံးပါ

Fashion Accessories For Men

Photo : Next Luxury

အဝတ်အစားဝတ်စားမှုကို သားနားသပ်ရပ်ဖို့ ကူညီပေးတဲ့အထဲမှာ တွဲဝတ်ရတဲ့ ဖက်ရှင်ပစ္စည်းလေးတွေရဲ့ အကူအညီကို ရယူပါ။ ဥပမာ- နာရီကောင်းတစ်လုံး ပတ်ဖို့ ၊ အရည်အသွေးမြင့် နေကာမျက်မှန်တစ်လက် ရှိဖို့ဆိုတာမျိုး ဖြစ်ပါတယ်။ ဖက်ရှင်တစ်ခုကို မြူးကြွစေမယ့် အသုံးအဆောင်ကောင်းတွေ သုံးခြင်းဟာ လူတစ်ယောက်ကို အလိုက်ဖက်ဆုံး ဝတ်တတ်သူတစ်ယောက်အဖြစ်ကို ရောက်ရှိစေနိုင်ပါတယ်။

(၄) အရွယ်နဲ့လိုက်အောင်ဝတ်ပါ

Spring Style for Men

Photo : The Essential Man

ဘယ်သူမဆို ကိုယ်နဲ့ အဆင်ပြေတယ်လို့ ခံစားရတဲ့ အဝတ်အစားမျိုး ဝတ်နိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးဖက်ရှင်ဖြစ်ဖို့အတွက်ဆိုရင် အသက်အရွယ်နဲ့ လိုက်အောင် ဝတ်ပေးဖို့ လိုပါတယ်။ ဆယ်ကျော်သက် အသက် ၁၃-၄ နှစ်သားတစ်ယောက်ဟာ Skater Hoodies ၊ Baggy Jeans နဲ့ Bubble Trainers ဖိနပ်အထူကြီးတွေနဲ့ ကြည့်ကောင်းပေမယ့် အရွယ်ရောက်ပြီးသားလူတစ်ယောက်ကတော့ Smart Casual ဆန်ဆန် သပ်ရပ်ပြီး ကြည့်ကောင်းတဲ့ ဖက်ရှင်မျိုးပဲ ဝတ်သင့်ပါတယ်။

Featured Photo : WallpaperKiss