ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးတစ်လျှောက်လုံး သူငယ်ချင်းတွေနဲ့ လူချင်းမတွေ့ဖြစ်တဲ့ ရက်တွေ အကြာကြီး ဖြတ်သန်းခဲ့ကြပြီး ပါပြီ။ တကယ်လို့ ကိုဗစ်ကပ်ကြီး ပြီးသွားပြီဆိုရင်တော့ အောင်ပွဲခံတဲ့ အနေနဲ့ ကိုယ်ချစ်ရခင်ရတဲ့ မိတ်ဆွေတွေနဲ့ တစ်ခေါက်လောက် တပျော်တပါး သွားသောက်သင့်ပါတယ်။ အခုလောလောဆယ်မှာတော့ COVID-19 ပြီးလို့ အရက်ဘားတွေ သွားမယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြချင်ပါတယ်။

(၁) မသွားခင် အရင်လေ့လာပါ

Bars Must Change for Good After Coronavirus

Photo: ABC News

COVID-19 ကပ်ဘေး ပြီးသွားလို့ အရက်ဘားတွေ ဖွင့်တယ်ဆိုရင်တောင် အတော်များများက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး စည်းမျဉ်းတွေ ဆက်ပြီး ထားသွားဖို့ ရှိပါတယ်။ ဥပမာ _ စားပွဲတစ်ဝိုင်း ဘယ်နှစ်ယောက်ပဲ ထိုင်ရမယ်တို့ ၊ ဘယ်အချိန်အထိပဲ ဖွင့်မယ်တို့ စတဲ့ ကန့်သတ်ချက်တွေ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာက စားပွဲတစ်ဝိုင်းမှာ ၆ ယောက်ထက် ပိုထိုင်ခွင့်မပြုတာ ၊ COVID-19 ဆေးပတ်လည်အောင် ထိုးပြီးသူတွေပဲ ဝင်ခွင့်ပြုတာ ၊ ညဆို ၁၀ နာရီခွဲအထိပဲ ဖွင့်ခွင့်ပေးတာမျိုး ရှိပါတယ်။
အကောင်းဆုံးက ကိုယ်သွားဖို့ စဉ်းစားထားတဲ့ အရက်ဘားရဲ့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် Social Media ကို ဝင်ကြည့်ပါ။ စုံစမ်းကြည့်ပါ။ နောက်ဆုံးဈေးနှုန်းကအစ စုံစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) ဆိုင်သွားရင်လည်း Mask တပ်ပါ

man wear mask at bar

Photo: Time Out

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုဗစ်ကာလ ဖြေလျှော့မှုတွေ ရှိလာရင်တောင် ကျန်းမာရေးသတိကတော့ အမြဲရှိနေဖို့ လိုပါတယ်။ ဆိုင်သွားမယ်ဆိုရင်လည်း မသောက်ခင်အထိ Mask တပ်ပါ။ အိမ်ကနေ အပြင်ထွက်တော့မယ်ဆိုတာနဲ့ Mask တပ်ပါ။ ကိုဗစ်စည်းမျဉ်းတွေကို အတတ်နိုင်ဆုံး လိုက်နာပါ။

(၃) မီနူးထဲက သောက်စရာတွေပဲ မှာပါ

bar and bartender

Photo: CNN

ဘားမှာ Bartenders ဆရာတွေ ရှိပါတယ်။ သူတို့ဆီက ဘာသောက်ရင် ကောင်းမလဲ အကြံတောင်းလို့ ရပါတယ်။ ကိုဗစ်ကာလမှာ အရက်ဘားတော်တော်များများ ပစ္စည်းပြတ်လပ်နိုင်တာကြောင့် ကိုယ်အရင်က သောက်ဖို့ တေးမှတ်ထားတဲ့ ယမကာမျိုး ရချင်မှလည်း ရနိုင်ပါလိမ့်မယ်။

တစ်ခုရှိတာက ဘားမှာ မီနူးသစ်တွေ ရောက်လာနိုင်ပါတယ်။ ကိုဗစ်ကာလ ဆိုင်မဖွင့်တာ ကြာသွားတဲ့ ဘားပိုင်ရှင်တွေနဲ့ Bartenders တွေအနေနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ကော့တေးလ်မီနူးသစ်တွေ ၊ ယမကာသစ်တွေ ပွဲထုတ်လာနိုင်ပါတယ်။ ဒါကြောင့် မီနူးထဲက New Drinks တွေလည်း စမ်းသောက်ကြည့်ဖို့ ပြောပြချင်ပါတယ်။

(၄) Mobile Payment နဲ့ ငွေချေပါ

customer paying at bar

Photo: barschool

အခုနောက်ပိုင်း ဘားအများစုမှာ Mobile Payment ငွေချေမှုကို လက်ခံလာကြပါတယ်။ ကိုယ်သွားမယ့် ဘားမှာ Cashless ငွေချေလို့ ရသလား စုံစမ်းကြည့်ပါ။ အတတ်နိုင်ဆုံး Cashless နဲ့ ငွေချေလို့ ရတဲ့ ဘားမှာ သောက်တာ အဆင်အပြေဆုံးပါပဲ။ Cashless ပေးတာက ကျန်းမာရေးအတွက်လည်း စိတ်ချရသလို ငွေအကြွေလဲရမယ့် ပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်လိုပါ။