Single Malt ဝီစကီဆိုတာ ယမကာချက်စက်ရုံတစ်ခုတည်းကနေ ပေါင်းခံချက်လုပ် ထုတ်လုပ်ထားတဲ့ မော့တ်ဝီစကီကို ပြောတာပါ။ အချဉ်ဖောက် အညှောင့်တည်ထားတဲ့ ဘာလီကနေ အဓိက ထုတ်လုပ်တာ ဖြစ်ပါတယ်။ Single Malt တွေဟာ Blended ဝီစကီတွေလို ဝီစကီအမယ်စုံရောပြီး တခြားအနံ့နဲ့ ဘရန်ဒီ ၊ ဝီစကီ ၊ ရမ် ၊ ဂျင်မ်စတဲ့ Spirit တွေနဲ့လည်း ထည့်သွင်းထားတာမျိုး မရှိပါဘူး။
များသောအားဖြင့် Single Malt သောက်သူတွေဟာ သူ့ချည်းသက်သက် Neat ချတာ များပါတယ်။ တချို့လည်း တခြား အယ်လ်ကိုဟောတွေ ၊ အယ်လ်ကိုဟောမဟုတ်တဲ့ အရည်တစ်မျိုးမျိုးနဲ့ စပ်ပြီး ကော့တေးလ်ပုံစံလည်း သောက်လေ့ရှိတာပါပဲ။ ဒီတစ်ခါမှာ Single Malt သောက်လေ့ရှိတဲ့ ပုံစံတွေ မျှဝေပေးချင်ပါတယ်။
(၁) သူ့အရသာအတိုင်း သောက်ခြင်း
Photo: Freepik
Single Malt ဝီစကီတစ်ခွက်ကို သူ့မူရင်းအရသာထွက်ပြီး အပြင်းလျှော့ချင်ရင် ရေလေးနည်းနည်း ထည့်ပြီး သောက်နိုင်ပါတယ်။ ဒါက အရက်ရဲ့ ပြင်းအားကို ထိန်းပေးထားပြီး ဝီစကီရဲ့ အနံ့ကိုလည်း ညင်သာစေလို့ ဖြစ်ပါတယ်။ တချို့က ရေခဲလေးတစ်တုံးလောက်နဲ့ အရည်မပျော့်တပျော်အခြေအနေမှာ သောက်ရတာကို နှစ်သက်ကြပါတယ်။
နောက်တစ်နည်းက On The Rocks သောက်တာပါ။ဝီစကီကို ရေခဲများများနဲ့ သောက်တာကို On The Rock လို့ ခေါ်လေ့ရှိပါတယ်။ အရင်ဆုံး ကိုယ်သောက်မယ့် ဖန်ခွက်ထဲ ရေခဲတွေ ဖြည့်ထားပြီးမှ အပေါ်က ဝီစကီလေး လောင်းထည့်တာမျိုးပါ။ ရာသီဥတု ပူတဲ့အချိန် ဝီစကီလေးနဲ့ ငြိမ့်ချင်သူတွေ ရွေးနိုင်တဲ့နည်းဖြစ်ပါတယ်။ သူက Neat ချတာထက် အရသာနဲ့အနံ့ ပိုကွဲပြားတာကိုခံစားရမှာပါ။ ရေခဲတုံးကိုတော့ ချက်ချင်း အရည်မပျော်သွားအောင် ခပ်ကြီးကြီးလေးတွေ ရွေးထည့်ထားဖို့ လိုပါတယ်။
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Single Malt ကို သူ့ချည်းသက်သက် တစ်ငုံချင်း Neat သောက်ရတာလည်း အရသာထူးပါတယ်။ Single Malt ကို ဘာမှ မရောဘဲ သောက်တာက နည်းနည်း စပ်ရှရှနိုင်မယ် ၊ ကျပ်ခိုးနံ့နဲ့ သစ်သားနံ့ရမယ်။ ချိုမြတယ်လို့လည်း ခံစားရပါလိမ့်မယ်။
(၂) တခြား အယ်လ်ကိုဟောတွေနဲ့ သောက်ခြင်း
Photo: Freepik
ဝီစကီတစ်ခွက်ကို အရသာစုံအောင် ပြုပြင်သောက်လို့ ရပါတယ်။ ကော့တေးလုပ်သောကတဲ့နည်းတွေလည်း ရှိပါတယ်။ Sweet Vermouth နဲ့ ဆေးဖက်ဝင် အမြစ်အသီးတွေ ပါတဲ့ Bitters ကို ရေခဲနဲ့ သောက်တာမျိုး ဖြစ်ပါတယ်။ တချို့ကလည်း Scotch Whisky ကို Honey Whisky နဲ့ ရောပြီး ရေခဲလေးနဲ့ သောက်ကြပါတယ်။ Manhattan စတိုင်ဆိုရင် ရေခဲ ၊ Sweet Vermouth ၊ ဝီစကီနဲ့ ရောပြီး ချယ်ရီသီးလေးနဲ့ သောက်တာမျိုးပါ။ တချို့လည်း ချယ်ရီရယ် ၊ သကြားရည် ၊ လိမ္မော်ရည် ၊ Dry Vermouth နဲ့ ဝီစကီတွေ ရောစပ်ပြီး သောက်လေ့ရှိပါတယ်။
(၃) တခြား ပါဝင်ပစ္စည်းတွေ သုံးပြီး သောက်ခြင်း
Photo: Freepik
ဝီစကီကို အနံ့အရသာပြောင်းအောင် နည်းမျိုးစုံနဲ့ သောက်ကြပါတယ်။ ဥပမာ ပျားရည်နဲ့ ဂျင်းကို အိုးတစ်လုံးထဲမှာ ပြုတ်ပြီး အပူလျှော့ထားပြီးနောက် ရေခဲ ၊ လီမွန် ၊ ဝီစကီနဲ့ ဘယ်ရီတွေ ရောစပ် သောက်တာမျိုးလည်း ရှိပါတယ်။ စကော့တလန်မှာ လုပ်လေ့ရှိတဲ့ ကော့တေးလ်ပုံစံ ဖြစ်ပါတယ်။ တစ်ခါတလေမှာ Bourbon ဝီစကီ ၊ လီမွန်ဖျော်ရည် နဲ့ သကြားဖျော်ရည် Syrup တို့ လှုပ်မွှေပြီး ရေခဲနဲ့ သောက်ကြတာပါတယ်။ ရိုးရှင်းတဲ့နည်းကတော့ စကော့ချ်န့ ဆိုဒါမွှေပြီး သောက်တာပါပဲ။ ဒီထက် လွယ်တဲ့နည်းက ဝီစကီကိုလာလုပ်တာပါပဲ။ ဝီစကီနဲ့ ကိုလာရောသောက်တာပဲ ဖြစ်ပါတယ်။