ကျန်းကျန်းမာမာနဲ့ အာဟာရရှိရှိ စားသောက်ဖို့ ပြင်နေတယ်ဆိုရင်‌ ငွေသိပ်မကုန်ဘဲ စီမံနိုင်တဲ့ နည်းလမ်းတစ်ချို့ ညွှန်းချင်ပါတယ်။ ကိုယ်အလေးချိန် တက်လာလို့ ဝိတ်ချချင်တာပဲ ဖြစ်ဖြစ် အထိုင်အထ ပေါ့ပါးသွက်လာပြီး ကျန်းမာကျစ်လျစ်တဲ့ ကိုယ်ခန္ဓာရဖို့ပဲ ဖြစ်ဖြစ် Budget နည်းနည်းနဲ့ ကျန်းမာတဲ့ အစားအသောက်ကို အခုလို စီစဉ်နိုင်ပါတယ်။

(၁) ဈေးသက်သာတဲ့ ပရိုတိန်းစားပါ

Beans curry

Photo : The New York Times

အသားငါးတွေဟာ ဈေးကြီးပါတယ်။ တစ်ပတ်မှာ တစ်ရက်လောက်ပဲ စားပေးသင့်ပါတယ်။ ဒီအစား ဈေးသက်သာပြီး ပရိုတိန်းဓာတ်ရတဲ့ ပဲအမျိုးမျိုး ၊ ကြက်ဥနဲ့ ငါးသံဗူးလေးတွေ ဝယ်ပြီး ချက်ပြုတ်စားသုံးနိုင်ပါတယ်။

(၂) စာရင်းလုပ်ပါ

Grocery lists

Photo : Commoncelebrity

တစ်ပတ်တစ်ခါ ကိုယ်စားချင်တဲ့ အစားအသောက်နဲ့ ချက်မယ့်ဟင်းလျာကို ဇယားတစ်ခုမှာ ဆွဲထည့်ထားဖို့ လိုပါတယ်။ တကယ်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဟာ ငွေသိပ်မကုန်ပါဘူး။ ကိုယ့်ရဲ့ အစားအသောက်ဇယားမှာ ပါတဲ့ ဟင်းအမယ်တွေမှာ အာဟာရဖြစ်တာ ပါသလား ၊ ဘယ်လောက် ပိုက်ဆံသုံးရမလဲ ဆိုတာ ချင့်ချိန်ပြီး သေချာဆွဲထားသင့်ပါတယ်။

(၂) ကိုယ်တိုင်ချက်ပြုတ်ပါ

man cooking

ဟင်းချက်ခြင်းဟာ ပိုပြီး လှုပ်လှုပ်ရှားရှား လုပ်ဖြစ်သလို စားလို့လည်း ပိုမြိန်စေပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ဖို့အတွက် ဈေးကိုလည်း ကိုယ်တိုင် သွားဖြစ်သလို ကိုယ့်ဘာသာချက်စားခြင်းဟာ အပြင်မှာ အသင့်ဝယ်စားဖြစ်တာထက် ပိုပြီး အကုန်အကျ နည်းပါတယ်။ တစ်နေ့စာ တစ်နေ့ ချက်ပြုတ်စားတာဖြစ်လို့ နည်းနည်းတော့ ကသီလင်တ နိုင်နိုင်ပါတယ်။

(၄) များများဝယ်ထားပါ

Man holding an healthy food bag in a grocery store

Photo : Freepik

တာရှည်စားသုံးနိုင်တဲ့ ကြက်သွန်နီနဲ့ ငရုတ်လိုမျိုး အခြေခံစားသုံးကုန်တွေကို တစ်လကိုးသီတင်းစာ ဝယ်ထားတာက ပိုက်ဆံအကုန်အကျ ပိုသက်သာပါတယ်။ ဆန် ဆီဆား ငါးခြောက် ငါးပိတွေနဲ့ အခြောက်အခြမ်းတွေကို များများဝယ်ပြီး ကောင်းကောင်း သိုလှောင်ထားဖို့ အကြံပြုချင်ပါတယ်။

Featured Photo : iStock