ဒီနေ့ခေတ်ကြီးမှာ စားသောက်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတာကြောင့် အချိန်ပိုဆိုတာ မရှိသလောကို ရှားပါးပါတယ်။ တစ်ချို့ဆိုရင် အလုပ်ကိုအချိန်မှီပြီးစီးအောင် မလုပ်နိုင်တာကြောင့် အိမ်အထိတောင် အလုပ်တွေသယ်သွားပြီး လုပ်ရလေ့ရှိပါတယ်။ ဒါဟာအချိန်ကို စီမံခန့်ခွဲမှု အားနည်းလိုလည်း ဖြစ်နိုင်ပါတယ်။

ဒီနေ့ kwee page ကအချိန်ကို စနစ်တကျစီမံခန့်ခွဲတက်အောင် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

ပထမဆုံး အကြံပေးချင်တာကတော့ မိုလင်းရင် ဘာလုပ်ရမှန်းမသိ ဖြစ်မနေအောင် ညကတည်းက ကြိုပြီး အစီအစဉ်ချသင့်ပါတယ်။ ကိုယ်လုပ်ချင်တာတွေအတွက် အစီအစဉ်ဆွဲပါ။ တစ်နေ့တာလုပ်ဆောင်ရမယ့်ကိစ္စတွေကို တစ်ခုချင်းစီအစီအစဉ်ချမှတ်ပါ။

Source: BizLibrary

ပြီးရင်တော့ လုပ်ဆောင်ရမယ့်ကိစ္စတွေထဲကမှ တစ်ခုချင်းစီကို အဆင့်တွေပြန်ခွဲပြီးလုပ်ဆောင်ပါ။ တစ်နေ့တာ လုပ်ဆောင်ရမယ့် အလုပ်တွေက များကောင်းများနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင့်ခွဲပြီး တစ်ဆင့်ချင်းလုပ်ဆောင်သွားမယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် ပြီးစီးနိုင်မှာပါ။

အစီအစဉ်ဆွဲပြီးပြီဆိုရင် အရေးကြီးတဲ့ အလုပ်တွေကို အရင်ဦးစားပေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ အရေးမကြီးတဲ့ အလုပ်တွေကို ခဏဘေးဖယ်ထားပါ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်နေတဲ့အချိန်မှာ တခြားလူတွေ အကူအညီလာတောင်းတာ (သို့) ခိုင်းလာတဲ့ ကိစ္စတွေကို ငြင်းဆန်တက်ဖို့လည်း လိုအပ်ပါတယ်။

Source: ProofHub

အကယ်၍ လုပ်ရမယ့်အလုပ်တွေကများနေတယ် ကိုယ်တစ်ယောက်တည်း မနိုင်ဘူးဆိုရင်တော့ လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းပါ။

အစာစားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်၊ စကားစမြည်ပြောချိန်တွေအတွက်လည်း အစီအစဉ်ချထားပါ။ အလုပ်ချည်းပဲလုပ်နေတာထက် ညီမျှအောင် ဘက်ညှိပြီးလုပ်ဆောင်ပါ။ တစ်ခါတစ်လေမှာ deadline တွေနဲ့ ခေါင်းကိုက်ရတာမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေ အချိန်ပိုဆင်းရတာမျိုးတွေပေါ့။ ဒါကကောင်းပါတယ်။ အမြဲတမ်းတော့ လုပ်စရာမလိုပါဘူး။

Source: The Balance Careers

အားလုံးမှာ စိုးရိမ်ပူပန်ရတဲ့အလုပ်ကိစ္စတွေရှိကြပါတယ်။ သူတို့က ရှုပ်ထွေးအောင်လုပ်ပြီး စိုးရိမ်စိတ်တွေဖြစ်ပေါ်စေကာ အားအင်ကုန်ခမ်းစေပါတယ်။ ဒီအချိန်ကို (၁၀) မိနစ်လောက်ပဲ ကြာရှည်ပါစေ။ (၁၀) မိနစ်ပြီးတာနဲ့ အားတင်းပြီး စတင်အစီအစဉ်ဆွဲကာ အလုပ်စလုပ်ပါ။

တစ်နေ့တာကုန်ခါနီးတိုင်းမှာ နောက်တစ်နေ့အတွက်ကြိုတင် အစီအစဉ်ဆွဲထားပါ။ ဒါဆိုရင် နောက်တစ်နေ့မနက်မှာ ပေါ့ပေါ့ပါးပါးနဲ့နိုးထလာနိုင်မှာပါ။ အစီအစဉ်တွေကြိုချထားတဲ့အတွက် အလောသုံးဆယ်ဖြစ်နေစရာမလိုတော့ဘူးပေါ့။