အမျိုးသားတွေအတွက် စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ လိင်မှုစွမ်းရည်ကျဆင်းလာခြင်းကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံလိုစိတ်ကျဆင်းလာတာ ၊ လိင်အင်္ဂါသန်စွမ်းမှုနည်းလာပြီး ရေရှည် မထိန်းနိုင်တာမျိုးဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဒီလိုမျိုး ကျားကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကြိုတင် လိုက်နာထားသင့်တဲ့အချက်လေးတွေ ပြောပြချင်ပါတယ်။

(၁) စိတ်ဖိစီးမှု လျှော့ချပါ

Meditation

Photo: Unsplash

စိတ်ဖိစီးမှုများရင် ကျားကျန်းမာရေးထိခိုက်နိုင်ပါတယ်။ စိတ်ထိခိုက်မှုတွေ ၊ စိတ်ဓါတ်ကျဆင်းစရာကိစ္စတွေ ခေါင်းထဲ ရောက်နေသူတွေရဲ့ လိင်စိတ်ဟာ သိသိသာသာ ကျဆင်းတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် စိတ်ဖိစီးမှုကို လျှော့ချဖို့ လိုပါတယ်။ စိတ်ကျန်းမာရေးကို အလေးထား ဂရုစိုက်ပေးဖို့ လိုပါတယ်။ တရားထိုင်တာ ၊ ယောဂ နဲ့ အသက်ရှုမှုစနစ်တွေ လိုက်နာလုပ်ကိုင်တာမျိုးလည်း အားပေးချင်ပါတယ်။

(၂) နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

Man Workout

Photo: Unsplash

ကျန်းမာနေတဲ့ ကိုယ်ခန္ဓာဟာ ရွှင်လန်းသန်စွမ်းမှုတွေ သယ်ဆောင်နိုင်ပါတယ်။ ပုံမှန်ထက် အဝလွန်နေသူတွေနဲ့ လှုပ်ရှားမှုနည်းသူတွေထက်စာရင် အားကစားလုပ်သူတွေဟာ လိင်စိတ်လျော့ကျတာ ၊လိင်မှုကျန်းမာရေးပြဿနာဖြစ်တာတွေ နည်းပါတယ်။ Gym မှာ သွားပြီး သီးသီးသန့်သန့် အားကစားမလုပ်နိုင်ရင်တောင် ပုံမှန် တစ်နေ့ နာရီဝက်လောက် အိမ်မှာတင် လေ့ကျင့်ခန်းလုပ်တာ ၊ လမ်းလျှောက်တာ ၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပေးတာမျိုးနဲ့လည်း အဆင်ပြေပါတယ်။

(၃) ဆေးလိပ်/အရက်သောက်သုံးမှုလျှော့ပါ

No Smoking

Photo: Unsplash

ဆေးလိပ်နဲ့ အရက်သေစာ သောက်စားမှုဟာ လိင်မှုစွမ်း‌ဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ အရက် ဆေးလိပ်စတာတွေက စိတ်ကျန်းမာရေးကို ပိုထိခိုက်စေနိုင်သလို ကျားစွမ်းရည်ပါ ကျဆင်းစေနိုင်ပါတယ်။

ဒီအချက်တွေအပြင် နှလုံး ၊ ဆီးချိုသွေးချို စတဲ့ ရောဂါအခံရှိသူတွေလည်း ပန်းညှိုးပန်းသေနိုင်ခြေများတာကြောင့် ရောဂါမဖြစ်အောင် နေထိုင်စားသောက်ပုံကို ဂရုစိုက်ဖို့နဲ့ ဆရာဝန်နဲ့ပုံမှန် တိုင်ပင်ဆွေးနွေး ပြသကုစားမှုလုပ်ဖို့ပါ အကြံပေးလိုက်ရပါတယ်။

Featured Photo: gleneagles