Trends ဆိုတာ သောင်းပြောင်းထွေလာ ယဉ်ကျေးမှုစုံရာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်တာကြောင့် ကောင်းကွက်ရှိသလို ဆိုးကွက်တွေကလည်း အများသား။ ကိုယ့်ပုံစံနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားပုံစံမျိုးကို Trends အတိုင်း လိုက်ဝတ်မယ်ဆိုရင် အူကြောင်ကျားရုပ်ထွက်လာနိုင်သလို ခေတ်မီတဲ့ ဝတ်စားဆင်ယင်မှုမျိုး မဖြစ်ရင်လည်း ပုံစံတုံးပြီး ဒိတ်အောက်ကျန်ရစ်မှာ ဖြစ်ပါတယ်။ ဒီတော့ ခေတ်နဲ့လည်းအညီ Trend မိပြီး ကိုယ့်စတိုင်နဲ့လည်း လိုက်ဖက်အောင် ဝတ်ဆင်ရာမှာ သိသင့်တဲ့အချက်တချို့ မျှဝေချင်ပါတယ်။

(၁) Trends အတိုင်း ပုံတူကူးမချပါနဲ့

Photo: stylecaster

အရင်ဆုံး စည်းမျဉ်းက Trends တွေကနေ အိုင်ဒီယာယူပါ။ အခု ပေါ်ပင်ခေတ်စားနေတဲ့ ဖက်ရှင်ကို ကိုယ်နဲ့ လိုက်ဖက်အောင် ဘယ်လိုဝတ်ရင် တင့်တယ်မလဲဆိုတာ စဉ်းစားပါ။ Trends အတိုင်း လိုက်ဝတ်တာထက် ကိုယ့်ရဲ့ ပင်ကိုယ်စတိုင်ကို မပျက်စေဘဲ သက်တောင့်သက်သာလည်း ရှိပြီး ရိုးမသွားတဲ့ ဖက်ရှင်မျိုး ဖန်တီးပါ။

(၂) ကိုယ့်ဘော်ဒီနဲ့ အဆင်ပြေပါစေ

Photo: Ape To Gentleman

တချို့ခေတ်တွေမှာ Baggy ဖက်ရှင်တွေ လူကြိုက်များခဲ့ပြီး တချိန်ကတော့ Skinny ဖက်ရှင်တွေက ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ ဘယ်ခေတ်ပဲ ရောက်ရောက် ခေတ်အလျောက် ဝတ်စားခဲ့ကြပေမယ့် ဒီဖက်ရှင်တွေက အမြဲတမ်း အလုပ်ဖြစ်တာ မဟုတ်ဘူးဆိုတာပါပဲ။ ဘယ်လို Trend တွေပဲ ခေတ်စား ခေတ်စား ကိုယ့် ဘော်ဒီ Shape နဲ့ Fit ဖြစ်ခြင်းကပဲ ကိုယ်ပိုင်ပုံစံရစေမှာ ဖြစ်ပါတယ်။

(၃) Trend တွေကိုလည်း ပစ်မထားပါနဲ့

Photo: mensjournal

သင့်အနေနဲ့ တချိန်တည်းမှာ ရှိရှိသမျှ Trend တိုင်း ဝတ်စရာ မလိုပါဘူး။ တောက်တောက်ပပကြီးတွေ ဆိုဒ်ကြီးဂိုက်ကြီးတွေလည်း မဝတ်သင့်ပါဘူး။ ဒါပေမယ့်လည်း တချို့ Trend တွေက သင့်ရဲ့ အမြင်ကို ပြောင်းသွားစေနိုင်ပါတယ်။ ဥပမာ နဂိုက ဖြစ်သလို Casual Type ဝတ်သူတွေအဖို့ သပ်ရပ်ပြီး Minimalist ဖြစ်တဲ့ ကာလာနဲ့ မျက်စိကို ယဉ်ကျေးစေတဲ့ Smart Casual ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ ဒါကြောင့် Trends နောက် လိုက်ဖို့ထက် Trending ဖက်ရှင်ကနေ အိုင်ဒီယာယူပါ။ ကိုယ့်ကိုယ်လုံးကိုယ်ပေါက်နဲ့ လိုက်ဖက်အောင် ဝတ်ပါ။ Trend တွေကို ချင့်ချိန်ဝတ်ဆင်ပါလို့ မျှဝေချင်ပါတယ်။