အတော်များများ ကြုံဖူးမှာပါ။ Mood ကောင်းကောင်းမဝင်တဲ့ နေ့ဆို စကားပြောချင်စိတ်တောင် ကုန်သွားတတ်တာမျိုး။ စိတ်ခံစားချက်က လူကို ကြီးစိုးထားတာ ဖြစ်လို့ Bad Mood ဝင်နေရင် ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ့်ကို အပျက်သဘောဖြစ်စေမယ့် Mood တွေ ဖယ်ရှားဖို့ နည်းလမ်းတစ်ချို့ ညွှန်းချင်ပါတယ်။
Photo: Freepik
လူရဲ့ နေပုံထိုင်ပုံ နဲ့ စားသောက်မှုဓလေ့ကလည်း စိတ်ခံစားချက်ပေါ် သက်ရောက်ပါတယ်။ Mood ကို ပိုကောင်းအောင် ပြောင်းပေးဖို့ Junk Food နဲ့ ဆီကြော်စာတွေ ရှောင်ပါ။ ချောကလက်အနက်နဲ့ ကောက်ပဲသီးနှံတွေ စားပေးပါ။ ဆေးလိပ် ၊ အရက်နဲ့ မူးယစ်စေတဲ့အရာတွေ ရှောင်ပါ။
ကော်ဖီဒါမှမဟုတ် ရေနွေးကြမ်းကောင်း သောက်ပါ။ စိတ်ဖိစီးမှု မြင့်နေချိန်မှာ အလုပ်တွေ လျှော့လုပ်ပါ။ ကောင်းကောင်းအနားယူလိုက်ပါ။ ခန္ဓာကိုယ်ကို ကောင်းကောင်း အနားပေးလိုက်ခြင်းအားဖြင့် အလုပ်လုပ်နိုင်စွမ်းဟာ အများကြီးတက်လာသလို စိတ်ခံစားချက်လည်း ကောင်းလာပါတယ်။ အရေးကြီးတာက စိတ်ထဲမှာ Mood ပျောက်နေချိန် ကိုယ့်ကိုယ်ကိုယ် အတင်းကြီး တွန်းအားပေး မခိုင်းပါနဲ့။
Photo: Freepik
ဖုန်းတွေကို ဝေးဝေးမှာထား ၊ လက်ပ်တော့ကို ခဏလောက် ပိတ်ထားပြီး လမ်းလေးဘာလေး ထွက်လျှောက်လိုက်ပါ။ အချိန်ရရင် လေ့ကျင့်ခန်းလေး ဘာလေး လုပ်ပါ။ တစ်ချို့ကတော့ ယောဂလုပ်တယ် ၊ ဝိတ်မတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လက် လေ့ကျင့်ခန်း လုပ်လိုက်တာနဲ့ ခန္ဓာကိုယ်ကနေ သဘာဝအလျောက် Endorphins တွေ ထွက်လာပြီး စိတ်လက်ကြည်နူးလာပါလိမ့်မယ်။
ဒါမှမဟုတ်ရင်လည်း သီချင်းကောင်းလေးတွေ နားထောင်ပါ။ ပုံဆွဲတာ ဝါသနာပါရင် ပန်းချီလေးဘာလေးဆွဲ ဒါမှမဟုတ်ရင်လည်း စာလေး ဘာလေးဖတ်လိုက်ပါ။ စိတ်ကို ရွှင်မြူးပြီး အပြောင်းအလဲ ဖြစ််စေမယ့်အလုပ်တစ်ခုခုမှာ စျာန်ဝင်စားလိုက်တာနဲ့ Mood ပါ ပြောင်းသွားမှာပါ။