စိတ်ခံစားမှုမကောင်းတဲ့နေ့တွေ လူတိုင်းနီးပါးကြုံဖူးကြမှာပါ။ ဒီလို စိတ်ခံစားမှုမကောင်းတဲ့အချိန်ဆိုရင် တစ်ရက်တာလုံးက အဆင်မပြေမှုတွေဆက်တိုက်ကြုံတွေ့ရနိုင်ပြီး စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ မကောင်းတဲ့စိတ်ခံစားမှုတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) သင့်ခန္ဓာကိုယ်ကိုဂရုစိုက်ပါ

Source : Zen Lounge

သင့်ခန္ဓာကိုယ်ကိုကောင်းစွာ ဂရုစိုက်မှုမရှိဘူးဆိုရင်လည်း မကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အစားကောင်း ကောင်းမစားတာ ၊ ကောင်းစွာအနားမယူတဲ့အခါတွေမှာ ပင်ပန်းနွမ်းနယ်ခြင်းတွေနဲ့အတူ မကောင်းတဲ့စိတ်ခံစားမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ အကယ်၍သင့်အနေနဲ့ စိတ်ခံစားမှုက အကျဘက်ရောက်နေတယ်ဆိုရင် အာဟာရရှိတဲ့အစားအစာတွေစားပါ ၊ ကောင်းကောင်းအနားယူပေးပါ။

(၂) စိတ်ကိုအပြောင်းအလဲပြုလုပ်ပါ

Source : Westend61

သင့်အနေနဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေထဲမှာပဲ မျောမနေပဲ စိတ်ကိုအပြောင်းအလဲဖြစ်စေမယ့် အရာလေးတွေကို ချက်ချင်းထလုပ်သင့်ပါတယ်။ ဥပမာ ဈေးဝယ်ထွက်တာ ၊ သီချင်းနားထောင်တာ ၊ အိမ်ခန်းကိုဆေးသုတ်တာ ၊ စာအုပ်ဖတ်တာ ၊ ဝါသနာပါတဲ့အရာလေးတွေလုပ်ဆောင်လိုက်တာမျိုးပေါ့။ ဒီလိုစိတ်လက်ပေါ့ပါးစေမယ့် လုပ်ဆောင်ချက်လေးတွေကို အမြန်လုပ်လိုက်တာက မကောင်းတဲ့ခံစားမှုတွေလျော့ကျပြီး ပျော်ရွှင်လာပါလိမ့်မယ်။

(၃) ဆိုရှယ်မီဲဒီယာတွေပိတ်လိုက်ပါ

Source : The News Portsmouth

မကြာသေးမီက ပြုလုပ်ခဲ့တဲ့လေ့လာမှုများအရ ဆိုရှယ်မီဒီယာပေါ်ကတဆင့် လူတွေရဲ့စိတ်ခံစားမှုတွေက ကူးစက်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အကယ်၍ ဆိုရှယ်မီဒီယာပေါ်မှာ အပြုသဘောမဆောင်တဲ့အရေးအသာတွေ ဓာတ်ပုံတွေ ဖတ်ရှု့လိုက်ပြီးနောက် သင့်ကိုယ်တိုင်လည်း မကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်လာတက်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ခံစားမှုမကောင်းတဲ့အချိန်မှာ တက်နိုင်သလောက် ဆိုရှယ်မီဒီယာတွေမသုံးပဲနေတာက ပိုပြီးကောင်းပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ပါ

Source : Freepik

ဒီနည်းလမ်းက ရိုးရှင်းပေမယ့် တကယ်ကိုအစွမ်းထက်တဲ့နည်းလမ်းတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့အခါ Endorphins လို့ခေါ်တဲ့ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ဟော်မုန်းတွေတိုးစေပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ သင့်ရဲ့စိတ်ကို တိုးတက်စေမှာဖြစ်ပါတယ်။ ပိုမိုထိရောက်မှုရှိဖို့အတွက်ဆိုရင်တော့ အိမ်အပြင်ထွက်ပြီး ပြေးတာ လမ်းလျောက်တာတွေလုပ်ပေးပါ။ ပြင်ပက သဘာဝနေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ ဗီတာမင် D ဓာတ်ရရှိပြီး ၎င်းက စိတ်မငြိမ်မသက် ဖြစ်ခြင်းကိုလျော့ချပေးဖို့အကောင်းဆုံး ကူညီပေးပါတယ်။