အောင်မြင်သူတစ်ယောက် ဖြစ်လာဖို့ ကိုယ်ပိုင်ခွန်အားနဲ့ ပင်ကိုယ်စွမ်းရည်ကို ကောင်းကောင်းအသုံးချတတ်ဖို့ လိုပါတယ်။ သဘာဝအရ လူတစ်ယောက်ချင်းစီမှာ မတူကွဲပြားတဲ့ ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာတွေ ရှိပါတယ်။ ဒါတွေကို နေသားတကျ အသုံးချတတ်ပြီဆိုရင် လောကမှာ လူတစ်လုံး သူတစ်လုံး ဖြစ်မှာပါ။ ဒီခွန်အားကို ဒီလို ရှာပါ။

(၁) ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့ အချက်ပြမှုကို ဖမ်းယူပါ။

Source: ShutterStock

တစ်ခါတစ်လေ ကိုယ့်ကိုယ့်ကို အမှတ်မထင် တွေ့သွားတဲ့ အခိုက်အတန့်လေးတွေ ရှိပါတယ်။ ကိုယ်က ရေထဲက ငါးတစ်ကောင်လား ၊ ကုန်းပေါ်က ကျားတစ်ကောင်လားဆိုတာလိုမျိုးကို ဖျပ်ခနဲ နားလည်သွားစေတဲ့ အရာတွေနဲ့ ကြုံရင် ဒီအချက်တွေက သင့်ကိုနေရာမှန် ပို့ပေးမယ့် ယာဉ်တစ်စင်းပါ။ ဒါကို စီးနင်းပြီး ကိုယ့်ကိုယ်ကို ရှေ့ရောက်အောင် မောင်းနှင်သွားရမှာ ဖြစ်ပါတယ်။

(၂) အလုပ်မှာ ဘောင်ပါလွန်းတဲ့ ရာထူးတွေကို လွှတ်ချထားပါ။

Source: ShutterStock

ကိုယ့်ရဲ့ ဗီဇစိတ်ကို သိရဖို့ တစ်ခါတစ်လေမှာ ကဏ္ဍသစ်ကို ဖော်ထုတ်ဖို့လိုပါတယ်။ အလုပ်လုပ်ရာမှာ ဘောင်အရမ်းကျပ်တည်းလွန်းတဲ့ အလုပ်ရာထူးမျိုးကို ရှောင်ပြီး ကိုယ့်ကို ပိုပြီး ကြံဆခွင့်ပေးတဲ့ ရာထူးမျိုး ၊ အလုပ်အကိုင်မျိုးကို လုပ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ရာထူးထက် ကိုယ့်ရဲ့ စွမ်းရည်ကို တက်စေမယ့် အလုပ်မျိုးမှာ လုပ်မှသာ အလုပ်အတွက်ရော ကိုယ့်အတွက်ပါ ပိုပြီး အကျိုးဖြစ်ထွန်း အောင်မြင်မှာ ဖြစ်ပါတယ်။

(၃) တစ်ခြားသူတွေနဲ့ ကိုယ့်ရဲ့ မတူခြားနားမှုလေးတွေကို သတိထားနေပါ။

Source: lapolo.in

ကိုယ့်ရဲ့ စွမ်းအားကို တကယ်သုံးရတဲ့ အခြေအနေမျိုးနဲ့ ကြုံလာရင် လူအများနဲ့ လုပ်ရိုးလမ်းစဉ်ကနေ ခွဲထွက်ရပ်တည်လာတာလေးတွေ ရှိလာပါလိမ့်မယ်။ ကိုယ်ပိုင်ဟန်နဲ့ကိုယ် ထွက်လာတဲ့ အခါမျိုးကို သတိထားပါ။ ဒီအခိုက်အတန့်လေးတွေဟာ ကိုယ့်ရဲ့ ခွန်အားစစ်ကို ဖွင့်ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။

(၄) ဖန်တီးမှုလေးတွေ လုပ်ကြည့်ပါ။

Source: shutterstock.com

ဓါတ်ဖမ်းတဲ့နေရာမှာ အဓိကကျတာကတော့ ဖန်တီးမှုပါ။ ကိုယ်ဘယ်လိုလူလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်စကားတွေနဲ့ ဖော်ပြပါ။ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ အသားကျရှိနေတဲ့ အခြေအနေကနေ ကိုယ့်စွမ်းအားကို ဆွဲထုတ်နိုင်မယ့် ဖန်တီးမှုပါတဲ့ စကားလုံးတွေ သုံးနေမယ်ဆိုရင် ကိုယ့်ရဲ့ ခွန်အားကို ရှာဖွေရာမှာ အဆင်ပြေမှာ ဖြစ်ပါတယ်။