စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ အောင်မြင်ဖို့ဆိုရင် အလုပ်ကြိုးစားရုံ ၊ သည်းခံနိုင်စွမ်းရှိပြီး ဖန်တီးမှုအားကောင်းရုံနဲ့ မလုံလောက်ပါဘူး။ လုပ်ငန်းသေးသေးလေးတွေကနေ အကြီးကြီး အောင်မြင်သွားတဲ့သူတွေအကြောင်း လေ့လာပြီး သူတို့နည်းအတိုင်း လုပ်လို့လည်း ကိုယ့်လုပ်ငန်းနဲ့ အံဝင်အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ အောင်မြင်ဖို့အတွက် အထူးသီးသန့်ဖော်မြူလာမရှိဘူးဆို‌ပေမယ့် ဝန်ထမ်းဘဝကနေ ရုန်းထွက်ပြီး ကိုယ်တစ်သက်လုံး အိပ်မက်လာခဲ့တဲ့ လုပ်ငန်းလေးတစ်ခုကို ထူထောင်မယ့်သူတွေအတွက် အထောက်အကူပြုမယ့် အချက်တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ဈေးကွက်ကို သိပါ

Man watching market trends

Photo: Freepik

စီးပွားရေးလုပ်ငန်းတစ်ခု စတင်တာနဲ့ ပတ်သက်လို့ အခက်ခဲဆုံး အပိုင်းတစ်ခုက မှန်ကန်တဲ့ဈေးကွက်ကို ရွေးချယ်တာပဲ ဖြစ်ပါတယ်။ သမရိုးကျဈေးကွက်တွေက ရှိပြီးသားလုပ်ငန်းတွေနဲ့ အသားကျနေတာ ဖြစ်လို့ ကုမ္ပဏီသစ်တစ်ခုအနေနဲ့ မတူအောင် ဖောက်ထွက်ဖို့ ခက်ခဲပါတယ်။ ကိုယ့်လုပ်ငန်း ပေါက်ဖို့အတွက် အများနဲ့မတူဘဲ ဆန်းသစ်တဲ့ ဈေးကွက်တစ်ခု ဖော်ဆောင်ဖို့ စဉ်းစားရပါတယ်။ ဈေးကွက်နဲ့ ဝယ်သူတွေရဲ့ တောင်းဆိုမှုပုံစံကို လေ့လာရပါတယ်။ ဈေးကွက်ကို တကယ်သိရင် တစ်ဝက်အောင်မြင်ပြီးသား ဖြစ်လာမှာပါ။

(၂) ငွေကြေးပိုင်း သေချာစီမံပါ

close-up-detail-professional-serious-accountant-sitting-light-office-checking-company-finance-profits-calculator

Photo: Freepik

လုပ်ငန်းငယ်တစ်ခု စွန့်စားတည်ထောင်ချိန်မှာ ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးစီးဆင်းမှုပုံစံကိုလည်း သေချာကွပ်ကဲဖို့ လိုပါတယ်။ လုပ်ငန်း အခြေတကျတရားဝင် မစတင်ခင်မှာ သုံးလိုက်တဲ့ ငွေသုံးစွဲမှုကိုလည်း အသေအချာစီမံခန့်ခွဲရမှာ ဖြစ်ပြီး Overspending မဖြစ်ဖို့ ဘက်ဂျက်ကို အချိန်တိုင်း ကြပ်မတ်ထားရမှာပါ။ လုပ်ငန်းလိုအပ်ချက်အရ ငွေချေးငှားရမယ်ဆိုရင်လည်း အကြွေးတွေနဲ့ လုံးလည်လိုက်မသွားအောင် ကိုယ်တကယ်ပေးနိုင်တဲ့ Time Frame အတွင်း ပေးနိုင်မယ့် အကြွေးမျိုးပဲ ချေးဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

(၃) စမတ်ကျတဲ့ မားကတ်တင်း ကမ်ပိန်းတစ်ခု စတင်ပါ

businessman-with-online-marketing

Photo: Freepik

အပေါ်ဆုံးမှာ ပြောခဲ့သလိုပါပဲ။ ဆန်းသစ်မှုရှိပြီး တမူထူးခြားတဲ့ မားကတ်တင်းဗျူဟာဟာ ကိုယ့်လုပ်ငန်းအောင်မြင်ရေးကို တစ်ဝက်သေချာစေပါတယ်။ ကိုယ့်လုပ်ငန်းကို လူတွေ ပိုသိစေဖို့ သမရိုးကျ Marketing နည်းလမ်းတွေလို လက်ကမ်းစာစောင်တွေ ဝေတာမျိုးထက် အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ လူတွေဆီ ပိုအရောက်ပို့နိုင်မယ့် Social Media Marketing Campaign တွေ ထောင်တာ ၊ လူစိတ်ဝင်စားမှု ပိုရှိစေမယ့် ဗွီဒီယိုနဲ့ Graphic တွေ ဖန်တီးတာမျိုးက ပိုပြီး ထိရောက်အောင်မြင်ပါလိမ့်မယ်။

(၄) ဝန်ထမ်းတွေကို ဂရုစိုက်ပေးပါ

low-angle-view-businesspeople-stacking-hand-together-workplace

Photo: Freepik

လုပ်ငန်းတစ်ခု ကြီးထွားအောင်မြင်ဖို့ အဓိကကျတဲ့ သင့်ရဲ့ အရင်းအမြစ်တစ်ခုက သင့်ရဲ့ ဝန်ထမ်းတွေပါပဲ။ စွမ်းဆောင်ရည်မြင့်တဲ့ ဝန်ထမ်းတွေကြောင့် သင့်လုပ်ငန်းဟာ တဟုန်းထိုး ကြီးထွားဖို့ အခွင့်အလမ်း များပါတယ်။ ကိုယ့်လုပ်ငန်းသဘောသဘာဝနဲ့ အကိုက်ညီဆုံး ဝန်ထမ်းတွေရှာပါ။ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်နဲ့ စွမ်းရည်ကို အမြဲမြှင့်တင်နိုင်ဖို့အတွက် ပံ့ပိုးပေးပါ။ ဒါဆိုရင် သင့်လုပ်ငန်းဟာ အောင်မြင်ဖို့လမ်းကြောင်းပေါ် တစ်နေ့ ရောက်လာဖို့ သေချာပါတယ်။