အရင်ကထက်စာရင် အခုချိန်ဟာ အိမ်ကနေ လုပ်လို့ရတဲ့အလုပ်တွေ ခေတ်စားလာတဲ့အချိန် ဖြစ်ပါတယ်။ Work From Home အလုပ်တွေမှာ အားသာချက်တွေမှ အများကြီးပါပဲ။ အချိန်ကုန်သက်သာတယ် ၊ ရုံးတက်စရာမလိုလို့ အဝတ်အစားဖိုးကအစ ဘတ်စ်ကားခအထိ အကုန်အကျမရှိဘူး။ လွတ်လပ်ပြီး စိတ်ဖိစီးမှု ပိုနည်းတယ်။ ဒီလို အခွင့်အရေးတွေ ရဖို့ အိမ်ကနေ အလုပ်လုပ်နိုင်မယ့် အလုပ်တစ်ခု ဘယ်လိုရှာကြမလဲအပေါ် အကြံပေးချင်ပါတယ်။

(၁) အလုပ်ခေါ်ဝက်ဘ်ဆိုက်နဲ့ Apps တွေမှာ ရှာပါ

Man Using Laptop

Photo: Freepik

အိမ်ကနေ အလုပ်လုပ်နိုင်တဲ့ Freelance အလုပ်တွေကို Job Portal Website တွေမှာလည်း တင်လေ့ရှိပါတယ်။ သေချာချင်ရင်တော့ Freelance Hub ပလက်ဖောင်းတွေမှာ မှတ်ပုံတင်ထားပြီး အလုပ်လျှောက်ဖို့ပါပဲ။

(၂) ကိုယ့်အသိတွေနဲ့ ချိတ်ဆက်ပါ

Two Men Working together

Photo: Freepik

ကိုယ်တတ်ကျွမ်းထားတဲ့ ပညာရပ်နဲ့ Work From Home လုပ်နိုင်မယ့် အလုပ်တွေ ရှိမရှိကို ကိုယ်နဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ အသိုင်းအဝိုင်းတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ရှာဖွေကြည့်နိုင်ပါတယ်။ သူတို့ကိုလည်း အိမ်ကနေ လုပ်နိုင်မယ့်အလုပ် ရှာနေကြောင်း ပြောထားပါ။ အိမ်ကနေ လုပ်လို့ ရတဲ့ အလုပ်တွေအများကြီး ရှိပါတယ်။ Video Editing ၊ Health Consultant ကနေ Live လွှင့်ပြီးဈေးရောင်းပေးတာတွေအထိ အိမ်ကနေ လုပ်လို့ ရတာ ဖြစ်လို့ အလုပ်မရှားပါဘူး။

(၃) ကိုယ့်အကြောင်း ကြော်ငြာပါ

Man Looking at Computer

Photo: Freepik

ကိုယ်လုပ်ပေးနိုင်တဲ့ Services တွေ ရှိရင် ဒီ ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ လူတိုင်းလာကြည့်နိုင်အောင် ဝက်ဘ်ဆိုက်/Facebook Page တစ်ခုခု ထောင်ထားပြီး ကြော်ငြာပါ။ အခုခေတ်မှာ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဆင်းဖို့ သတင်းစာတွေ မလိုတော့ပါဘူး။ အွန်လိုင်းနဲ့ Social Media တွေ တပုံတပင်ကြီး ရှိလာပြီ ဖြစ်ပါတယ်။

(၄) Remote Work အတွက် Skills မြှင့်ထားပါ

Man Happily Typing at Computer

Photo: Freepik

အိမ်ကနေ အလုပ်လုပ်မယ်ဆိုရင် နည်းပညာကျွမ်းကျင်မှုတော့ မဖြစ်မနေလိုပါတယ်။ ကိုယ့် Services ကို လူသိအောင် နည်းပညာ Tools တွေ လူမှုကွန်ရက် Channels တွေ သုံးပြီး ကြော်ငြာနိုင်ဖို့ ကွန်ပျူတာကောင်းကောင်း သုံးတတ်ဖို့ လိုပါတယ်။ အိမ်ကနေ မီတင်ထိုင်ဖို့ Zoom ၊ Microsoft Teams တို့လို ပလက်ဖောင်းသစ်တွေ သုံးနိုင်လိုပါတယ်။ နောက်ဆုံးပေါ် Apps & Platform တွေ သုံးပြီး ကိုယ့်အလုပ်စွမ်းရည်တက်အောင် ကြံဆနေဖို့လည်း လိုပါတယ်။