ဘဝမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးပြီး နေ့ရက်တိုင်းလိုလို စိတ်ဓာတ်ကျနေရတယ်ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်ပိုင်ဆိုင်ဖို့ဆိုတာ ဘယ်လိုအချက်များများစားစားတွေ လိုအပ်တယ်လို့ ထင်ပါသလဲ။

ကိုယ့်ရဲ့ အကျင့်တွေကို ပြုပြင်ပါ

Source: Michael H Smith

တကယ်လို့ သင်ဟာ သင့်စိတ်ထဲမှာ ရှိနေတာတွေ၊ ကိုယ်ထင်နေတဲ့အကြောင်းအရာတွေကို ပါးစပ်က ထုတ်ဖော်ပြောလေ့မရှိတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဒီနေ့ကစပြီး အဲဒီအကျင့်ကို ပြောင်းလဲလိုက်ဖို့ လိုအပ်ပါတယ်။

ပျော်ရွှင်မှုမရတဲ့ အဓိကအကြောင်းအရာ

လေ့လာမှုတွေအရတော့  ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူတွေဟာ မြုံစိစိလုပ်နေသူတွေထက် ပိုပြီး ပျော်ရွှင်ကြောင်း၊ ပိုပြီးကျန်းမာကြောင်း၊ တခြားသူတွေနဲ့ ဆက်ဆံရေးပါ ပိုပြီးကောင်းကြောင်း တွေ့ရှိထားရပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် ပွင့်ပွင့်လင်းလင်းနေပါ

Source: Uniful Design

ဒါ့ကြောင့် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို လိုချင်တယ်၊ ပျော်ရွှင်ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး ကိုယ်ရင်ထဲမှာရှိသမျှကို ထုတ်ဖော်ပြောဆိုပါ။ ရင်ထဲမှာ သိမ်းမထားဘဲ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို ပွင့်ပွင့်လင်းလင်း နေထိုင်ပြုမူပြောဆိုဖို့ လေ့ကျင့်ယူပါ။