အမျိုးသားတွေအတွက် ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေထဲမှာ နေကာမျက်မှန်က စတိုင်လ်ကျအောင် ကူညီပေးနိုင်တဲ့အပြင် ကိုယ့်မျက်လုံးကို နေရောင်ခြည်ဒဏ် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ပေးတဲ့အကာအကွယ်တစ်ခုလည်း ဖြစ်ပါတယ်။ နေကာမျက်မှန် တပ်ဆင်တဲ့အခါမှာလည်း ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့မျက်မှန်ကိုင်းအမျိုးအစားကို သေချာရွေးချယ်ဖို့လိုပါတယ်။

ဒါဆိုရင် ကိုယ့်မျက်နှာအချိုးအစားနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ကို ဘယ်လိုရွေးချယ်ကြမလဲဆိုတာကို တစ်ချက်လေ့လာကြည့်လိုက်ရအောင်။

လေးထောင့်ကျကျ မျက်နှာပိုင်ရှင်

သင့်ရဲ့ မျက်နှာကျက လေးထောင်ပုံရှိတဲ့အတွက်ကြောင့် မေးရိုးအလျားနဲ့ နဖူးအလျားက အတူတူသွားကျပါတယ်။ မေးစေ့ကလည်း ချွန်တဲ့အထဲမှာ မပါတဲ့အတွက်ကြောင့် နေကာမျက်မှန်အဝိုင်းပုံသဏ္ဍာန်ကို တပ်ဆင်သင့်ပါတယ်။

မျက်နှာဝိုင်းတဲ့ အမျိုးသားများ

တကယ်လို့ သင့်ရဲ့ မျက်နှာကျက ဝိုင်းတယ်ဆိုရင် သင့် မျက်နှာတစ်ခုလုံးရဲ့ အလျားအကျယ်ဆုံးက ပါးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာအချိုးအစားနဲ့ လိုက်ဖက်ညီဖို့အတွက် လေးထောင့်ပုံသဏ္ဍာန် နေကာမျက်မှန်ကိုရွေးချယ် ဝယ်ယူသင့်ပါတယ်။ တကယ်လို့ သင့် အသားအရေက ညိုတဲ့ဘက်ကိုသွားတယ်ဆိုရင်တော့ အရောင်ရင့်ရင့်နေကာမျက်မှန်မျိုးကို ရွေးချယ်ပေးပါ။ ဒီလိုမှမဟုတ်ဘဲ သင့်အသားအရေက ဖြူတဲ့ဘက်ကိုသွားတယ်ဆိုရင် အညိုရောင် မျက်မှန်ကိုင်းကို တပ်ဆင်ပေးပါ။

မျက်နှာရှည်တဲ့ အမျိုးသားများ

သင့်မျက်နှာကို နဂိုထက်ပိုရှည်တဲ့ပုံ မပေါက်ချင်ဘူးဆိုရင်တော့ ၁း ၁ ရှိတဲ့ အချိုးအစားညီနေကာမျက်မှန်ကိုသာ ရွေးချယ်တပ်ဆင်သင့်ပါတယ်။

တြိဂံပုံသဏ္ဍာန် မျက်နှာပိုင်ရှင်

သင့်ရဲ့ မျက်နှာကျက တြိဂံပုံသဏ္ဍာန်ရှိတယ်ဆိုရင်တော့ သင့်က မေးစေ့ချွန်ချွန်လေးလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သင့်နဖူးပြင်က မေးစေ့ အလျားထက် ပိုရှည်တာကို တွေ့မြင်ရမှာပါ။ ဒါဆိုရင်တော့ လေးထောင့်ကျတဲ့နေကာမျက်မှန်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ တကယ်လို့ သင့်မျက်နှာက သေးတယ်ဆိုရင်တော့ နေကာမျက်မှန်လေးထောင့်ပုံစံကို ခပ်သေးသေးပဲ တပ်ဆင်ပါ။ ဒီလိုမှမဟုတ်ဘဲ မျက်နှာကြီးပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးထားတယ်ဆိုရင်တော့ နေကာမျက်မှန် လေးထောင့် အကြီးပုံသဏ္ဍာန်က ပိုသင့်တော်ပါတယ်။

Source: Businessinsider.com