အောင်မြင်ပျော်ရွှင်တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာဖို့ လူမှန် အလုပ်မှန် ရွေးချယ်အလုပ်ဝင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်အားထက်သန်မှု ၊ ဝါယမစိုက်ပြီး စိတ်နဲ့ ကိုယ်နှစ်ပြီး လုပ်ရတဲ့ အလုပ်ခွင်မှာ လူတစ်ယောက်ဟာ ထူးချွန်အောင်မြင် ထင်ရှားလာမှာပါ။ ဒီတော့ အလုပ်ခရီးလမ်းမှာ ဖြောင့်တန်းစေဖို့ ၊ မှန်ကန်တဲ့ အလုပ်လမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ ဘယ်အချက်တွေ သိထားဖို့ လိုပါသလဲ။

(၁) သင့်ကို စိတ်လှုပ်ရှားစေဖို့ အားမာန်အပြည့်ပေးတဲ့ အရာကို စဉ်းစားပါ။

Source: festa-de-casamento

အလုပ်အကိုင် ရွေးချယ်ရာမှာ ကျွန်တော်တို့ မေ့နေတတ်တဲ့ အချက်က အလုပ်ဟာ ဝင်ငွေ သပ်သပ်တင် မဟုတ်ဘဲ စိတ်လှုပ်ရှားစေတဲ့ ဂိမ်းတစ်ခု ဖြစ်ရမယ်ဆိုတဲ့ အချက်ပါပဲ။ အလုပ်ခွင် ဝင်တိုင်း တက်ကြွနေတယ် ၊ အကောင်းဆုံး စွမ်းရည်တွေကို အားအပြည့် မာန်အပြည့်နဲ့ တွန်းလုပ်ဖို့ အခွင့် ရှိနေတယ်ဆိုတာကို တွေးမိတဲ့သူတိုင်းအတွက် အလုပ်လမ်းကြောင်း ဖြောင့်တန်းပါတယ်။

အလုပ်ရွေးမှား မမှားဆိုတာကို အလွယ်ဆုံးတိုင်းတာလို့ရတဲ့ အချက်က အလုပ်အကြောင်းတောင် မစဉ်းစားချင်တော့ဘူးဆိုတဲ့ စိတ်ခံစားချက်ပါပဲ။ ကိုယ်နှစ်သက်မြတ်နိုးတဲ့ အလုပ်ကို ရှာနိုင်မယ့် ရေရှည်လုပ်နိုင်မှာ ဖြစ်သလို အလုပ်ခွင်မှာ မပျော်ရွှင်တာမျိုးလည်း ဖြစ်မှာ မဟုတ်တော့ပါဘူး။

(၂) ကိုယ့်ရဲ့ အားသာချက်တွေအကြောင်း စဉ်းစားပါ။

Source: Business Insider

အလုပ်ခရီးမှာ ကိုယ့်ရဲ့ စွမ်းရည်များအကြောင်း သိအောင် လုပ်ထားတာဟာ အလုပ်အကိုင်ရွေးမှန်ဖို့ အကြောင်းလည်းဖြစ်ပါတယ်။ ဥပမာ လူတွေကို ကိုယ်က အကြံကောင်း ပေးနိုင်သလား ၊ လူတွေနဲ့ ဆက်ဆံရေးမှာ ကိုယ်ဟာ အားသာသလား ၊ စာရေးသားရာမှာ ကိုယ်က ထူးချွန်သလား စတာတွေကို ကိုယ့်ဘာသာ မေးခွန်းထုတ်လိုက်ပါ။
ကိုယ်ဘယ်လိုလူလဲ သိသူအတွက် ကိုယ်လုပ်မယ့်အလုပ်ကို ရွေးချယ်ဖို့ လွယ်သလို ဒီအလုပ်နဲ့ အကျိုးပေးဖို့လည်း များပါတယ်။ နောက်ဆုံး ကိုယ့်အားသာချက်တွေကို စာတစ်ရွက်ပေါ် ချရေးပြီး အလေးအနက် စဉ်းစားမယ်ဆိုရင် အဖြေထွက်မှာ ဖြစ်ပါတယ်။

(၃) အလုပ်အကိုင်နယ်ပယ် သဘောကို သုံးသပ်ပါ။

Source: Herzing College

ဘယ်ကုမ္ပဏီမှာ လုပ်မယ်လို့ မစဉ်းစားပါနဲ့။ ကိုယ်ဘယ်လို အသက်မွေးဝမ်းကြောင်းနဲ့ သွားမယ်ပဲ ဆုံးဖြတ်ပါ။ တစ်ခါတစ်လေ အခြေအနေအရ အလျင်းသင့်ရာ အလုပ်ဝင်ခဲ့ရပေမယ့် ကိုယ့်တစ်ဘဝလုံးစာ အသက်မွေးကြောင်းကို ပြန်စဉ်းစားတဲ့အခါမှာ ကိုယ်အလေ့နဲ့ ကိုက်ညီရာ အလုပ်အကိုင် နယ်ပယ်ကို အသေအချာ ရွေးချယ်ဖို့ လိုပါတယ်။ အများက ဒါလုပ်တာ ကောင်းတယ်ဆိုရုံနဲ့ ကိုယ့်ဘဝကို သူများလက်ထဲ ပုံအပ်မပစ်လိုက်ပါနဲ့။ တစ်ချိန်မှာ ကိုယ့်ဘဝကိုယ်သာ ဝမ်းကြောင်းရမှာ ဖြစ်ပါတယ်။

(၄) လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်တင်းထားပါ

Source: StuDocu Blog

အလုပ်မဝင်ခင်ကတည်းက ဒီအလုပ်အတွက် ဘယ်လို ဘွဲ့ ၊ ဒီဂရီတွေ လိုသလဲ။ ဘယ်လို Skill တွေ ဖြည့်ထားရမလဲဆိုတာကို သေသေချာချာ စာရင်းပြုစုပြီး လေ့လာထားသင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ကိုယ်ဝင်ချင်တဲ့ အလုပ်ခွင်နယ်ပယ်ထဲက လူတွေနဲ့ ဆက်သွယ်မေးမြန်းတာ အကြံတောင်းတာ လုပ်ဆောင်သင့်ပါတယ်။ ကိုယ့်ရဲ့ တွေ့ရှိချက်တွေကိုလည်း စိစစ်သုံးသပ်ရမှာပါ။

(၅) အပြုသဘောစိတ်ထားပါ

Source: Goalcast

ကိုယ်အိပ်မက်လို ဖြစ်နေတဲ့ အလုပ်ထဲ ဝင်ခွင့် မရသေးခင်မှာ စိတ်ဓါတ်မကျဖို့ လိုပါတယ်။ ဘယ်ခရီးမှ အမြဲချောမွေ့မယ်လို့ အာမခံလို့မရပါဘူး။ ကိုယ့်အိပ်မက်က ကြီးလေလေ ကိုယ်သွားမယ့် ခရီးက ရှည်လေလေပါပဲ။ ဒီခရီးမှာ တစ်ခြားသူတွေရဲ့ အမြင်တွေ ၊ ဝေဖန်ချက်တွေနဲ့ လမ်းမပျက်စေဖို့ လိုပါတယ်။ ဒါဆိုရင် တစ်ချိန်မဟုတ် တစ်ချိန်မှာ ကိုယ်မျှော်လင့်ခဲ့တဲ့ အလုပ်နေရာမှာ အောင်မြင်ပျော်ရွှင်ရမှာပါ။