လူတွေ ကိုယ့်အကြောင်း ဘယ်လိုတွေးနေမလဲလို့ စိတ်ပူနေတာ တကယ် စိတ်ပင်ပန်းဖို့ကောင်းတဲ့အလုပ်ပါ။ ကျွန်တော်တို့ အများစုဟာ တခြားသူတွေ ကျေနပ်အောင် နေပြရတာနဲ့တင် အတော်စိတ်ပင်ပန်းနေကြပါတယ်။ တကယ်လွတ်လပ်ပေါ့ပါးပြီး စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ ရှေ့ဆက်ချင်ရင် ကိုယ့်အပေါ် တခြားသူတွေ ဘယ်လိုထင်မြင်နေမလဲဆိုတာကို ဂရုမစိုက်ဘဲ နေတတ်ဖို့ လိုပါတယ်။

ကိုယ့်စိတ်နဲ့ကိုယ် နေရင်း ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် တိုးတက်အောင်ပဲ ရှေးရှုသင့်ပါတယ်။ မဟုတ်ရင်တော့ ပတ်ဝန်းကျင်က လာကလိတဲ့ အာရုံအငြိတွေနောက် Motivation ပျောက်သွားနိုင်လို့ ဖြစ်ပါတယ်။ မှန်မှန်ကန်ကန် နေထိုင်နေရင်းနဲ့ ကိုယ့်အပေါ် တခြားသူတွေ ဘယ်လိုမြင်နေမလဲ ဂရုမစိုက်ဘဲ နေတတ်ဖို့ နည်းလမ်းတချို့ မျှဝေပေးချင်ပါတယ်။

(၁) ကိုယ့်တန်ဖိုးကိုယ် သတ်မှတ်ပါ

silhouette-businessman-enjoying-sun-shining-with-flying-birds

Photo: Freepik

ကိုယ့်ရပ်တည်ချက်ကို ကိုယ် သိတဲ့အခါ ၊ ကိုယ်ဘယ်လိုလူဖြစ်ချင်သလဲ ယတိပြတ် ဆုံးဖြတ်ထားတဲ့အခါ နောက်ပြီး ကိုယ့်အတွက် ဘာတွေက တကယ်အရေးကြီးတာလဲ စိတ်ပိုင်းဖြတ်ပြီးတဲ့အခါ တခြားသူတွေ ဘာလုပ်နေမယ် ၊ ဘာတွေးနေမယ်ဆိုတာကို ဂရုစိုက်စရာကို မလိုတော့ပါဘူး။ ကိုယ်ကိုယ်တိုင် ယုံကြည်ထားတဲ့ အောင်မြင်မှု ၊ ဘဝအဓိပ္ပါယ်နဲ့ တန်ဖိုးထားအပ်တဲ့ စံနှုန်းတွေ ခိုင်ခိုင်မာမာရှိထားတဲ့သူအတွက် ဘယ်သူ့အမြင်ကမှ သိပ်အရေးမပါတော့ပါဘူး။

ဒါကြောင့် ကိုယ့်အတွက် တကယ်အရေးပါတဲ့ အရာတွေအကြောင်း စာရင်းပြုစုပါ။ ပြီးရင် ကိုယ့်ရဲ့ လုပ်ရပ်တွေနဲ့ ကိုယ့်ရဲ့ ဦးစားပေးကိစ္စတွေ Priorities တွေကို ချိန်ကြည့်ပါ။ မှားနေရင် ပြန်ညှိပါ။ လူတွေနဲ့ အမြဲအဆင်ပြေအောင် နေဖို့ထက် ကိုယ့်တန်ဖိုးစံနဲ့ ညီအောင် နေဖို့ပဲ ကြိုးစားပါ။ လူတွေက အမြဲတမ်းတော့လည်း ကိုယ့်အကြောင်း စဉ်းစားနေတာ မဟုတ်ဘူးဆိုတာလည်း မမေ့လိုက်ပါနဲ့။

(၂) စိတ်ပျက်စရာလူတွေကို လွှတ်ချထားပါ

feet-male-walking-railroad-travel-concept

Photo: Freepik

ကျွန်တော်တို့တတွေဟာ လူတွေကို စိတ်ချမ်းသာအောင် ထားချင်တဲ့ စိတ်အခံရှိတတ်ကြပါတယ်။ ကိုယ့်မိဘ စိတ်ကျေနပ်အောင် ၊ ကိုယ့်ချစ်သူ ပျော်အောင် ၊ ကိုယ့်သူဌေး သဘောကျအောင် ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် နေပေးချင်စိတ်ရှိကြပါတယ်။ ကျွန်တော်တို့ မေ့နေတာက ကိုယ့်ကိုယ်ကိုယ်ရော စိတ်ချမ်းသာအောင် ထားမိသလားဆိုတာပါပဲ။

လူတွေ ကျေနပ်စေဖို့ ကိုယ့်ကို အာရုံလာနောက်တဲ့လူတွေနဲ့လည်း တည့်အောင်နေရ ၊ မခေါ်ချင်အောင် စိတ်ကုန်ရတဲ့လူကိုလည်း အဆင်ပြေအောင် ပြောရ ပြုံးရနဲ့ သိပ်ဒုက္ခခံခဲ့ကြပြီးပါပြီ။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားဖို့ဆို ကိုယ့်ကို စိတ်ညစ်အောင် လုပ်နေတဲ့လူတွေကို ချန်ထားခဲ့ဖို့ လိုပါတယ်။ ဘယ်သူ့အတွက်မှ ကိုယ်က အမှိုက်ဖြစ်အောင် မနေပါနဲ့။ ကိုယ့်အပေါ်လည်း ဘယ်သူမှ အမှိုက်လာမချပါစေနဲ့လို့ အကြံပေးချင်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ချစ်စိတ် မွေးပါ

portrait-happy-bearded-young-man-glasses-standing-outdoors

Photo: Freepik

အပေါ်က ပြောခဲ့တဲ့ အချက်နဲ့ သိပ်မကွာပါဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားတာပါပဲ။ Self-Love လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းတဲ့ မေတ္တာနဲ့ နေထိုင်တတ်ရင် ကိုယ့်ကို ထိခိုက်အောင် မလုပ်ဖြစ်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုနဲ့ နေထိုင်ရင်း ဒီခန္ဓာနဲ့ စိတ်အဆောက်အဦကြီးကို လှသထက်လှအောင် ၊ ခိုင်သထက်ခိုင်အောင် တစ်နေ့ချင်း တည်ဆောက်ဖြစ်ပါလိမ့်မယ်။