ဘောင်းဘီပဲ ဝယ်ဝယ် အင်္ကျီပဲ ဝယ်ဝယ် Brand ထက် ကိုယ့် Body Type နဲ့ အဆင်ပြေမပြေဆိုတာလည်း ကြည့်ရပါတယ်။ ဒါကို ဖက်ရှင်လောကမှာ Fits လို့ ခေါ်ပါတယ်။ Fits ဆိုတာ ကိုယ်ဝတ်လိုက်တဲ့ အဝတ်အစားရဲ့ ဆိုဒ်ကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ဝတ်လိုက်တာ ကိုယ့် Body နဲ့ အဆင်ပြေရဲ့လားဆိုတာပါပဲ။ Fitting အကျကောင်းတယ်ဆိုတာ ကိုယ့်ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကို ဟန်ချက်မျှစေတာကို ဆိုလိုပါတယ်။ ဒီတော့ Jeans ဘောင်းဘီတွေ ဝယ်တော့မယ်ဆိုရင်လည်း ကိုယ့် Body က ဘယ်လို Jeans Type မျိုးနဲ့ လိုက်မလဲ သိအောင် လုပ်ထားဖို့ လိုပါတယ်။

(၁) ပုံမှန်အရပ်အမောင်းရှိတဲ့ အမျိုးသားတွေ

group-men-happy

Photo: healthline

အရပ်ဆိုဒ်ကလည်း ပုံမှန်ရှိပြီး လူကလည်း သာမန်ကိုယ်လုံးကိုယ်ပေါက်မျိုးဆိုရင် Jeans ဘောင်းဘီ ဝယ်ရတာ သိပ်မခက်ပါဘူး။ Slim Type ပဲ ဖြစ်ဖြစ် ခပ်ချောင်ချောင် Loose မျိုးပဲ ဖြစ်ဖြစ် ဝတ်နိုင်ပါတယ်။ ပုံမှန်ဆို Slim Straight Fit မျိုး ခြေထောက်တွေက အကောင်းဆုံးပါ။

ပုံမှန်ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့ ယောင်္ကျားတစ်ယောက်အနေနဲ့ ဆယ်ကျော်သက်လေးလို ဖြစ်အောင် Skinny Jeans မျိုး ဝတ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ပေါင်တုတ်တဲ့ အမျိုးသားတွေအတွက် Slim Straight တွေထက် ပိုပြီး သက်တောင့်သက်သာရှိတဲ့ Tapered Fit ဖြစ်တာမျိုး ပိုရွေးသင့်ပါတယ်။

(၂) အရပ်ပုတဲ့ အမျိုးသားတွေ

Taller and Shorter

Photo: BBC

သူသူကိုယ်ကိုယ်အရပ်အမောင်းထက် ပုတဲ့ အမျိုးသားတွေအတွက် ကိုယ်လုံးကိုယ်ပေါက် ပိုရှည်ထွက်စေသယောင် ထင်စေရမယ့် Straight Leg Fits မျိုး ရွေးပေးသင့်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် အချိုးပိုကျစေဖို့ ခြေထောက်တွေ ရှည်တဲ့ပုံပေါက်အောင် Slim Straight မျိုးက ကူညီပေးပါလိမ့်မယ်။
မှတ်ထားရမှာက အရပ်ပုတဲ့ ယောင်္ကျားတွေဟာ ခပ်ပွပွ Loose Fit နဲ့ လိုတာထက်ပို ပြီး ရှည်လျားတဲ့ Over Long Jeans မျိုး ရှောင်ရမှာပါ။ နောက်ပြီး Skinny Type မျိုးလည်း မဝတ်ရမယ့် Jeans Type ထဲမှာ ထည့်ထားပေးသင့်ပါတယ်။

(၃) အရပ်ရှည်တဲ့ အမျိုးသားတွေ

why-do-girls-like-tall-guys

Photo: lovepanky
အရပ်ရှည်တဲ့ အမျိုးသားတွေအတွက် ခြေထောက်ရှည်တဲ့ ပုံစံပေါ် လိုက်ပြီး Slim Fit ဒါမှမဟုတ် Regular Fit စတိုင်က အလိုက်ဖက်ဆုံးပါပဲ။ ဒါပေမယ့်လည်း ခါးဆိုဒ် ၃၂ ထက် ကြီးတဲ့ Jeans မျိုး ဝတ်တဲ့သူအတွက် Skinny ဖက်ရှင်မျိုး မဝတ်ဖို့ လိုပါတယ်။ နောက်ပိုင်း ရှည်လွန်းတဲ့ Jeans မျိုးလည်း ရှောင်ရမှာပါ။

(၄) ထွားတဲ့ အမျိုးသားတွေ

man with muscles

Photo: Men’s Health

ကိုယ်လုံးကိုယ်ပေါက် ကြီးမားထွားကျိုင်းတဲ့ အမျိုးသားတွေအနေနဲ့ နည်းနည်း Slim ပုံပေါက်စေချင်ရင် Regular Fits စတိုင် ဝတ်ပေးသင့်ပါတယ်။ ပေါင်သားတွေနေရာ ကျပ်မနေအောင် Tapered Leg ဖက်ရှင် ရွေးရမှာပါ။ ရှောင်ရမယ့် ဖက်ရှင်တွေက Skinny ၊ Slim နဲ့ Loose Leg စတိုင်တွေ ဖြစ်ပါတယ်။

(၅) ပိန်တဲ့ အမျိုးသားတွေ

Skinny Guys Sitting

Photo: menskool

ဖက်ရှင်မော်ဒယ်တစ်ယောက်လို ပိန်ပါးကျစ်လျစ်တဲ့သူတွေအတွက် Jeans ဘောင်းဘီ ရွေးစရာ ပေါပါတယ်။ ခြေထောက်ပုံစံ Leg Shapes ရွေးစရာ များပါတယ်။ အများဆုံးက Slim Fit ၊ Skinny Fit နဲ့ Regular Fit စတိုင်တွေက အဆင်အပြေဆုံးပါပဲ။ ရှောင်ရမယ့် Jeans Type ကတော့ သိပ်ကျပ်လွန်းပြီး လူကို ကြက်ခြေထောက်တွေလို ဖြစ်သွားစေမယ့် Super Skinny ဖက်ရှင်မျိုး ဖြစ်ပါတယ်။