ကျွန်တော်တို့ဟာ ဘဝရဲ့ သုံးပုံတစ်ပုံခန့်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးကြပါတယ်။ ညဘက်ကောင်းကောင်းအိပ်ပျော်တာ နဲ့ ကျန်းမာရေးဟာ အိပ်တဲ့ပုံစံနဲ့ အိပ်ရာမဝင်ခင် ဘာလုပ်သလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ညဘက်အိပ်မပျော်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

ပခုံးနာတာ

ပခုံးနာလို့ အိပ်မပျော်ဘူး အိပ်ပျော်နေရာကနေ မကြာခဏ နိုးလာနေတယ်ဆိုရင် မှောက်ခုံအိပ်ခြင်းကို ရှောင်ကြဉ်ပေးပါ။ မှောက်ခုံအိပ်တာက ပခုံအနေအထား လွဲမှားနေတက်တာကြောင့် နာကျင်တက်ပါတယ်။ အကြောတက်၊ ပခုံးနာတယ်ဆိုရင် ပက်လက်အနေအထားနဲ့အိပ်ပါ။ လက်မှာ ခေါင်းအုံးကိုပိုက်ပြီး အိပ်ကြည့်ပါ။

ညဘက် အိပ်လို့မရတာ

ညအိပ်ချိန်မတိုင်မီ (၆) နာရီအလိုတည်းက လက်ဖက်ရည်၊ ကော်ဖီကို စပြီးရှောင်ပါ။ ပြီးတော့ အိပ်ရာမဝင်ခင် (၁) နာရီအလိုကတည်းက မိုဘိုင်ဖုန်း ကွန်ပြူတာတွေကို အသုံးမပြုပါနဲ့။ မနက်တိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

ဟောက်ခြင်း

အိပ်ပျော်နေရင်း ဟောက်တဲ့အခါ ဘေးလူတင် နားမခံသာတာမဟုတ်ပါဘူး။ ဟောက်တဲ့လူကိုယ်တိုင်လည်း အိပ်ရေးမဝ ဖြစ်ရတယ်။ ညာဘက်ကိုစောင်းအိပ်ပြီး လက်တွေကို ခေါင်းအောက်မှာထားအိပ်ပါ။ အိပ်ခါနီး အရက်မသောက်သင့်ဘူး။ နှာပိတ်နေရင် အိပ်ရာဝင်ခါနီး နှာခေါင်းတွင်းဖြန်းဆေးလေးသုံးထားနိုင်ပါတယ်။

လည်ပင်းနာခြင်း

လည်ပင်းနာတယ်၊ ဇက်နာတယ်ဆိုတာ အဓိကအားဖြင့်တော့ ခေါင်းအုံးကြောင့် ဖြစ်တာပါ။ ပျော့လွန်း၊ မာလွန်းရင် လည်ပင်းနဲ့ဇက်တွေ နာတတ်တယ်။ ခေါင်းအုံးကို အနည်းဆုံး ၂ နှစ်ပြည့်တိုင်း အသစ်လဲသင့်ပါတယ်။

အိပ်ရာထဖို့ခက်တယ်

အချိန်တစ်ခု သတ်မှတ်ထားပါ။ ဥပမာ မနက် ၇ နာရီတိုင်း အိပ်ရာထနိုင်အောင် နှိုးစက်ပေးထားကြည့်နိုင်တယ်။ ပိတ်ရက်တွေမှာလည်း ပုံမှန် ထနေကျအချိန်ပဲထပါ။ အလေ့အကျင့်ဖြစ်တာပေါ့။

ခါးနာခြင်း

မှောက်လျက်အိပ်ကြည့်မလား။ ပေါင်အောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး မှောက်လျက်အိပ်ပါ။ ပက်လက်အိပ်ရင်တော့ ခေါင်းအုံးကို ခြေထောက်အောက်မှာထားပြီး အိပ်မယ်ဆို ခါးနာသက်သာပြီး အိပ်ပျော်နိုင်ပါတယ်။

Source: Bright Side