မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်တဲ့နေရာမှာ အထာလေးနပ်နေဖို့ လိုပါတယ်။ အတင့်ရဲလွန်းရင်လည်း မကောင်းသလို နုံအလွန်းရင်းလည်း မကောင်းပါဘူး။ ဒီတော့ ကွီးမှာ တစ်ဖက်သက်ကြိတ်ပြီး ကြွေနေရတဲ့ ကောင်မလေးရှိတယ်။ သူမကိုဘယ်လိုပုံစံမျိုး ရင်းနှီးကျွမ်းဝင်အောင်ချဉ်းကပ်ရမလဲဆိုတာ မသိဘူးဆိုရင်တော့ နည်းလမ်းကောင်းတစ်ချို့ လက်တို့ပေးချင်ပါတယ်။
(၁) အရှိတရားကိုချီးမွမ်းပါ
Source : Freepik
အရင်ဆုံးသူမနဲ့ ပတ်သတ်ပြီး သင်သဘောကျတဲ့အချက်တစ်ခုကို လေးလေးနက်နက်တွေးကြည့်ပါ။ သူမက မျက်လုံးလှတာလား ၊ အပြုံးလေးကလှတာလား ဒါမှမဟုတ် ဆံပင်လေးကလှတာလားဆိုတာကိုပေါ့။ ဒီလိုသူမမှာ အမှန်တကယ်ရှိတဲ့အလှတရားတစ်ခုခုကို ချီးမွမ်းပြောဆိုပေးတာက မိန်းကလေးတွေ သဘောကျနှစ်သက်စေတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။
(၂) ဟာသဉာဏ်ကိုသုံးပါ
Source : Freepik
လူရွှင်တော်တစ်ယောက်လို အချိန်တိုင်းအရွှန်းဖောက်နေစရာမလိုပါဘူး။ ဒါပေမယ့် တိုက်ဆိုင်ရင်တိုက်ဆိုင်သလို ရယ်စရာဟာသလေးတွေရောနှောပြီး ပြောပါ။ ဟာသဉာဏ်ရွှင်တဲ့ ကောင်လေးတွေကို အမျိုးသမီးတွေက ပိုပြီးသဘောကျတက်လို့ပါ။
(၃) သင့်အပြုံးကိုထုတ်ပြပါ
Source : Freepik
အပြုံးတွေရဲ့နောက်ကွယ်မှာမမြင်နိုင်တဲ့ ပါဝါတွေရှိပါတယ်။ သင့်ကို ခင်မင်စရာကောင်းတဲ့လူ ၊ ရည်ရည်မွန်မွန်ရှိတဲ့လူတစ်ယောက်လို ထင်မြင်စေတာ သင့်မျက်နှာပေါ်က ချိုမြိန်တဲ့အပြုံးတွေကြောင့်ပဲ မဟုတ်လား။ လူတစ်ယောက်က အမြဲတမ်းပြုံးရွှင်တဲ့ မျက်နှာလေးရှိနေတယ်ဆိုရင် သူမအနေနဲ့ သင့်အနားမှာရှိရတာ ပျော်ရွှင်အေးချမ်းတယ်လို့ ခံစားရစေမှာဖြစ်ပါတယ်။
(၄) မှတ်ထားပါ
Source : Freepik
ကိုယ်ရဲ့ အကြိုက်တွေ မကြိုက်တဲ့အရာတွေကို တရေးတယူမှတ်ထားပေးတဲ့သူမျိုးကို မိန်းကလေးတွေသဘောကျတက်တာ အမှန်တရားတစ်ခုပါပဲ။ ဥပမာ မုန့်ဟင်းခါးစားတဲ့အခါ သူမက နံနံပင်မကြိုက်သူတစ်ယောက်ဆိုရင် နံနံပင်မထည့်ဖို့ သူမ မပြောခင်ကတည်းက တစ်ခါတည်းမှာလိုက်တာမျိုးပေါ့။ ဒါမျိုးဆိုရင် သင့်ကိုအမှန်တကယ်ပစ်ကြွေမှာ မယုံမရှိပါနဲ့။
(၅) မျက်လုံးချင်းစကားပြောပါ
Source : Freepik
အချစ်ရဲ့အစ မျက်လုံးက ဆိုသလို သူမနဲ့မကြာခဏ အကြည့်ချင်းဆုံမိအောင်ကြိုးစားပါ။ သူမကိုကြည့်တဲ့အခါ အကြည့်တွေက စူးစူးရဲရဲနဲ့ ရိုင်းမနေစေပဲ သိမ်သိမ်မွေ့မွေ့နဲ့ အချစ်တွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံဖြစ်ဖို့တော့ လိုပါမယ်။ တစ်ခုသတိထားရမှာပါ သူမအနေခက်အောင် အချိန်တိုင်းလိုက်ကြည့် မနေဖို့ပါပဲ။ လမ်းလျောက်ရင်းမျက်နှာချင်းဆိုင်တစ်ချက် အကြည့်ချင်းဆုံမိတာ ၊ တခြားသူတွေနဲ့စကားပြောနေရင်း သူမဆီရုတ်တရက်လှမ်းကြည့်လိုက်တာ ဒီလိုပုံစံမျိုးလေးတွေလုပ်ကြည့်ပါ။