တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးကို မချဉ်းကပ်ရဲဘူးဖြစ်နေပါသလား။ သူနဲ့တွေ့လိုက်တိုင်းလည်း ရင်ခုန်သံတွေ ထိန်းမရဘဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေဖူးပါသလား။ တချို့ကောင်လေးတွေက လက်ရဲဇက်ရဲနဲ့ ပိုးပန်းတတ်ကြပေမယ့် တချို့တွေကျတော့လည်း မဝံ့မရဲဖြစ်ရာကနေ မဖွင့်ပြောဖြစ်ဘဲ သူများနောက် ပါသွားပါတော့တယ်။

ပိုးပန်းပုံ ပိုးပန်းနည်းတွေက အများကြီးရှိပေမယ့် တခါတလေကျရင် နည်းစနစ်မကျဘဲ တစ်ဖက်ကောင်မလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမိသလိုဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် တစ်ဖက်ကောင်မလေးကို အလေးထားတဲ့ပုံစံပေါက်အောင် ကိုယ့်ကိုလည်း သူလေးက ကြိတ်ခိုက်သွားအောင် ဘယ်လိုချဉ်းကပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ယဉ်ယဉ်ကျေးကျေး ချဉ်းကပ်ပါ

Source: ne1jobs.com

တချို့သူတွေရှိပါတယ်။ ကိုယ်ကလည်း ကောင်မလေးနဲ့ ရင်းနှီးကျွမ်းဝင်ချင်သေးတယ် အထက်စီးကပဲ မာရေကြောရေဆက်ဆံနေမယ်ဆိုရင် အဆင်မပြေဘူးလေးနော့်။ ဟိုက သင့်ကို ကြိတ်မကြွေတဲ့အပြင် အမြင်ကတ်ပုဒ်မ အတပ်ခံထိပါလိမ့်မယ်။

မျက်လုံးချင်း စကားပြောပါ

ကောင်မလေးကို တိတ်တခိုးလေး ခိုးကြည်ရင်း အကြည့်ချင်း ခဏခဏဆုံတဲ့ပုံစံမျိုး ပြုလုပ်ပါ။ ဒါဆိုရင်တော့ သင် သူ့ကိုစိတ်ဝင်စားနေပြီဆိုတာ သူ ရိပ်မိနေလောက်ပါပြီ။ ဒါဆိုရင်တော့ သူမကို ရင်းနှီးကျွမ်းဝင်ဖို့ ကြိုးစားရတာ လွယ်ကူသွားပါလိမ့်မယ်။

Source: psychologytoday.com

သူမ ပြောတာကို ဂရုတစိုက်နားထောင်ပေးပါ

သူမနဲ့ နည်းနည်းပါးပါး ခင်မင်ရင်းနှီးသွားတဲ့အဆင့်ရောက်ပြီဆိုရင်တော့ သူမပြောတာကို ဂရုတစိုက်နဲ့ နားထောင်ပေးဖို့ လိုပါတယ်။ မိန်းကလေးတွေဆိုတာက စကားများတဲ့အမျိုးပါ။ ဒါ့ကြောင့် သင်ပြောချင်တာတွေပဲ စွတ်မပြောဘဲ သူမ ပြောတာကိုလည်း နားထောင်ပေးရပါမယ်။ နားထောင်တဲ့အခါမှာလည်း ပြီးပြီးရော နားထောင်တာမျိုးမဟုတ်ဘဲ သူမရဲ့အကြိုက်တွေကို မှတ်ထားဖို့လိုပါတယ်။ ဒါမှ သူမရဲ့အကြိုက်တွေကို မှတ်ထားပါလားဆိုပြီး သင့်ကို အမှတ်ပေးချင်စိတ် တဖွားဖွားပေါ်လာမှာပါ။

များများပြုံးရယ်ပါ

Source: freepik.com

စူပုတ်နေတဲ့ မျက်နှာကို ဘယ်သူမှ သဘောမကျပါဘူး။ သူမအနားမှာ ရှိတဲ့အချိန်တိုင်း သင်က ပျော်ရွှင်နေမှ သူမဆီကို အပျော်တွေကူးစက်မှာပါ။ ဒါတင်မကသေးပါဘူး။ သင့်မှာ ဟာသဥာဏ်ရွှင်ဖို့လည်း လိုအပ်ပါတယ်။

သူမကို ချီးမွမ်းပါ

Source: bustle.com

မိန်းကလေးတွေက သူတို့ကို မြှောက်ပင့်ပြောဆိုပေးတာကို သဘောကျကြပါတယ်။ ဒါပေမဲ့ သူမကို မြှောက်ပင့်ပြောဆိုတာကလည်း လွန်လွန်ကဲကဲကြီးမဖြစ်ဖို့လိုပါတယ်။ သဘာဝကျကျ ချီးမွမ်းပြောဆိုပါ။ နို့မဟုတ်ရင် သင်က သူမကို ရွဲ့ပြောနေတာ၊ လှောင်ပြောင်နေတာလို့ အထင်လွဲသွားပါလိမ့်မယ်။