Muscle Building Process မှာ အရင်ဆုံး လုပ်ရမှာက များများစားထားပြီး ဝိတ်တင်ဖို့ ဖြစ်ပါတယ်။ ဝိတ်တင်ဖို့ဆို ကိုယ်ချေဖျက်နိုင်တာထက် ပိုပြီး ကယ်လိုရီစားရပါတယ်။ ပုံမှန် Slim Body ကနေ ကြွက်သားတွေ အပြိုင်းပြိုင်းနဲ့ Muscular Body ဖြစ်ဖို့ဆိုရင် အစားအသောက် ၊ အားကစားနဲ့ ပုံမှန် အစီအစဉ်တကျလေး လုပ်ဖို့ လိုပါတယ်။ ဒီသုံးချက်နဲ့ ညီရင် ဘာကြွက်သားမှ မရှိတဲ့ ခပ်ပိန်ပိန်ဆိုဒ်ကနေ ကြွက်သားအဖုဖုနဲ့ ဘော်ဒီပိုင်ရှင် ဖြစ်လာမှာပါ။

(၁) များများစားပါ

young-man-against-isolated-wall

Photo: Freepik

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုယ့်ဘော်ဒီက လောင်ကျွမ်းနိုင်တာထက်ကို ကယ်လိုရီပိုစားပေးပါ။ ဘယ်လောက်စားရမလဲဆိုတာကတော့ ကိုယ့်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ လှုပ်ရှားနေထိုင်မှုတွေပေါ် မူတည်ပါတယ်။ လိုချင်သလောက် ဝိတ်တက်မလာသေးရင် လုံလောက်အောင် မစားရသေးတာကြောင့်လို့ပဲ ပြောရမှာပါ။ ဒါကြောင့် ကိုယ်စားနေကျပုံစံထက် တိုးစားကြည့်ပါ။

ဘာတွေ တိုးစားရမလဲဆိုရင်ကယ်လိုရီမြင့်တဲ့ အစားအစာတွေ စားပါ။ စားတဲ့အနပ်ရေကို ၃ ကြိမ်ကနေ ၄ ကြိမ်အထိ စားပါ။ ကာဗွန်ဟိုက်ဒရိတ် နဲ့ အဆီမြင့်မားတဲ့ အစားအစာတွေ စားပါ။ ခေါက်ဆွဲတွေ ၊ အခြောက်ခံထားတဲ့ အသီးတွေ နဲ့ အစေ့အဆံတွေလည်း စားပါ။ ပရိုတိန်းမြင့်တဲ့ အသားတွေ ၊ ကြက်သား ၊ ငါး နဲ့ ကြက်ဥတွေစားပါ။ Solid Food တွေထက် အစာပိုချေဖျက်ရလွယ်တဲ့ ဆန် ၊ နို့ ၊ ငှက်ပျော ၊ မြေပဲထောပတ် ၊ Whey Protein တွေကို Blender နဲ့ ချေပြီး ဖျော်ရည်လုပ် သောက်ပါ။

(၂) ကယ်လိုရီ စားသုံးမှုပြန်ဆန်းစစ်ပါ

cherry-tomatoes-plate-with-cutlery-calorie-calculate

Photo: Freepik

ကိုယ်တစ်နေ့တစ်နေ့ စားတဲ့ ကယ်လိုရီပမာဏကို Track လုပ်ကြည့်ပါ။ အခုခေတ်မှာဆို စမတ်ဖုန်း Fitness App တွေကနေ ဘယ်အစားအသောက်မှာ ကယ်လိုရီ ဘယ်လောက်ပါသလဲဆိုတာကိုပါ ကြည့်နိုင်ပါတယ်။ ကိုယ်စားနေတဲ့ ကယ်လိုရီပမာဏကို သိတော့ ဝိတ်တင်ရာမှာ ပိုပြီး မြန်ဆန်ထိရောက်မှု ရှိပါတယ်။

(၃) Heavy Weight တွေ မပါ

weights-exercise-weightlifter-strong-athletic

Photo: Freepik

Muscle တက်ဖို့ဆို အစာလည်း စား Weight လည်း မ, ဖို့ လိုပါတယ်။ Squat နဲ့ Deadlift တွေလို အတွဲဆော့တွေ ကစားမယ့်အစား Free Weight မတာကို ပိုလုပ်ပါ။ အဓိကက ကြွက်သားတွေ ပိုသန်မာပြီး မြန်မြန်ကြီးထွားစေနိုင်လို့ ဖြစ်ပါတယ်။
အခုဆို ကြွက်သား အမြန်တက်ဖို့ ဝိတ်တင်တဲ့နည်းလေးတွေလည်း ပြောပြီးသွားပါပြီ။ အရေးကြီးတာက များများ စားပါ။ ပုံမှန်အစားအသောက်ကို များများစားနေတဲ့ အကျင့်လုပ်ပြီး ဝိတ်တင်ထားပါ။ အားကစားအနေနဲ့လည်း Weight Lifting တွေ ကစားပေးမယ်ဆိုရင် ကြွက်သားထွက်ဖို့ ဝိတ်တင်ပြီး ဖြစ်စေမှာပါ။