ကွီးက အရပ်အမောင်းရှိပြီး ပိန်ကပ်ကပ် Skinny ဖြစ်နေတဲ့သူမျိုးလား။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ တော်ရုံပိန်တာဆို ပြဿနာမရှိပါဘူး။ လက်မောင်းအိုးက လက်ကောက်ဝတ်လောက်ပဲ ဆိုတာမျိုး ၊ ခြေသလုံး ပုလွေရိုးဆိုတာမျိုး ဆိုရင်တော့ ဝိတ်တင်ဖို့ လိုပြီလို့ ပြောရမှာပါပဲ။ ဝိတ်တက်ဖို့လည်း သိပ်မခက်လှပါဘူး။ အဓိကက အခုပြောမယ့် နည်းလမ်းလေးတွေ ပုံမှန်လိုက်နာသွားဖို့ပဲ လိုပါတယ်။

(၁) မကြာခဏစားပါ

Beef

Photo: Unsplash

ကိုယ်က Underweight ဖြစ်နေပြီး ဝိတ်အမြန်တက်လာချင်တယ်ဆိုရင် တစ်ရက်ကို ပုံမှန် အနပ်ကြီး ၂ နပ် ၃ နပ် စားရာကနေ နည်းနည်းနဲ့ အကြိမ် ၅ ကြိမ် ၆ ကြိမ်လောက် စားပေးဖို့ လိုပါတယ်။ ပမာဏများများစား ၊ အကြိမ်ရေ များများစားလို့ ဆိုရမှာပါ။ ဝိတ်တက်ဖို့ အနပ်တိုင်းမှာ အသားဓါတ် ပရိုတိန်းပါအောင် စီမံထားပါ။

(၂) အာဟာရပြည့်ဝတဲ့ အစားအသောက်တွေပဲ စားပါ

Rice and Meat for Dinner

Photo: Unsplash

အစားအသောက် ရွေးချယ် စားသုံးတာကလည်း ဝိတ်တင်ရာမှာ အရေးပါပြီး ထိရောက်တဲ့အချက် ဖြစ်ပါတယ်။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကောက်ပဲသီးနှံတွေ ၊ ပေါင်မုန်း ၊ ပါစတာနဲ့ ကွေကာတွေ ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ၊ နို့ထွက်ပစ္စည်း ၊ အဆီနည်းတဲ့ အသားတွေ နဲ့ အစေ့အဆံတွေ စားပေးဖို့ လိုပါတယ်။ Smoothies နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Shakes တွေလည်း သောက်နိုင်ပါတယ်။
ကျန်းမာရေးနဲ့ညီတဲ့ အဆီတွေနဲ့ ဟင်းချက်စားပါ။ အဆီဟာ ကယ်လိုရီအများဆုံးပါတဲ့ အစားအသောက်တစ်ခုဖြစ်ပြီး ဟင်းချက်ရင်းနဲ့ အစားအသောက်တွေက အဆီကို စုပ်ယူတာပါ။ ဒါကြောင့် သံလွင်ဆီ ၊ ထောပတ်သီးနဲ့ နှမ်းကြတ်ဆီလို နှလုံးကျန်းမာရေးအတွက်ကောင်းတဲ့ အဆီတွေနဲ့ပဲ ဟင်းချက်စားပါလို့ အကြံပြုကြပါတယ်။
Underweighted ဖြစ်သေူတွေအတွက် ဝိတ်တင်ဖို့ဆို အစားအသောက်မှာ တွဲဖက်စားရတဲ့ Toppings နဲ့ Sauces တွေလည်း စားကြဖို့ ပြောကြပါတယ်။ ခရမ်အခြေခံ ဆော့စ်တွေ ထုတ်တာ ၊ အစားအသောက်မှာ ချိစ်တို့ ၊ အစေ့အဆံ နဲ့ ထောပတ်သီးတွေနဲ့ တွဲစားတာမျိုးတို့လည်း လုပ်နိုင်ပါတယ်။

(၃) လေ့ကျင့်ခန်း လုပ်ပါ

Rice and Meat for Dinner

Photo: Unsplash

အားကစားလုပ်တာက ကိုယ့်ဘော်ဒီကို ပုံစံပြောင်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ Strength Training လို ဝိတ်ကစားတာတွေက ပိုထိရောက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ကြွက်သားတွေ တည်ဆောက်ပြီး ဝိတ်တင်တာပါ။ အားကစားလုပ်တာဟာ စားချင်စိတ်ကိုလည်း လှုံ့ဆော်နိုင်လို့ Gym ကစားရင်းနဲ့ ဝိတ်တင်တာကလည်း ထိရောက်လျင်မြန်တဲ့ နည်းလမ်းတစ်ခုလို့ ဆိုချင်ပါတယ်။

Featured Photo: HealthLine