လူတွေက နားလည်ရခက်တဲ့ သတ္တဝါတွေထဲမှာ ပါဝင်ပါတယ်။ ဝတဲ့သူတွေက ပိန်ချင်တယ်။ ဟော ပိတ်တဲ့သူတွေကလည်း ဝချင်ပြန်တယ်။ ဒီပိန်ခြင်းဝခြင်းက လူတိုင်းနီးပါး ပြောနေကြတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပါပြီ။ ကျန်းမာရေးအရ အဝလွန်ခြင်း၊ ပိန်လွန်းခြင်းတွေဟာ မကောင်းတဲ့ အရာတော့ မှန်ပေမယ့် အလှအပအတွက်ဆိုရင် ကိုယ့်ရဲ့ အသက်ပေါ် မူတည်ပြီး ရှိသင့်၊ ရှိထိုက်တဲ့ ကိုယ်ခန္ဓာအချိုးအစား၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ထိန်းထားဖို့တော့ လိုအပ်ပါတယ်။

ဒီနေ့တော့ kwee page ကနေ ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေကို ပြောပြပေးသွားမှာပါ။

မကြာခဏ အစားစားပါ

Source: Loving Parents

တစ်နေ့ကို ၃ ကြိမ်ထက်ပိုပြီး အစာစားပါ။ တီဗီကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန် ဗိုက်ဆာပြီဆိုရင် ထမင်းနည်းနည်းဖြစ်စေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသရေစာတွေ ဖြစ်စေ ယူစားပေးပါ။

များများစားပါ

Source: Times of India

မိမိက ပိန်နေတဲ့သူဆိုရင် သူများထက်ပိုပြီး အစာစားပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ဆာပြီလို့ ခံစားရပြီဆိုတာနဲ့ ထမင်းစားပါ။ စားတဲ့အခါမှာလည်း ပန်းကန်ပြားကြီးကြီးနဲ့ ပမာဏ များများ စားပေးဖို့ လိုအပ်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

Source: Earth.com

လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် တစ်နေ့ အိပ်ချိန်ဟာ အနည်းဆုံး ၇ နာရီ ကနေ ၈ နာရီအထိ ရှိဖို့ လိုအပ်ပါတယ်။ ပိတ်ရက်တွေမှာ ပိုအိပ်ပါ။ ကောင်းစွာ အိပ်စက်အနားယူခြင်းဟာ ကြွက်သားတွေကို ကြီးထွားသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

အသားနဲ့ ဟင်းသီးဟင်းရွက် မျှတစွာစားပေးပါ

Source: grilled chicken and vegetables

ကိုယ်အလေးချိန်တက်ဖို့ကို အဓိကဦးတည်နေတာ ဖြစ်တဲ့အတွက် အသားဓာတ်နဲ့ ကယ်လိုရီ ပါဝင်မှုများတဲ့ အသားတွေကို များများစားပါ။ ဟင်းသီးဟင်းရွက်တွေကိုလည်း စားပေးပါ။ များများစားပေးလေ ပိုကောင်းလေပါပဲ။

လေ့ကျင့်ခန်းလုပ်ပါ

Source: Daily Mail

ကိုယ်အလေးချိန်တက်ဖို့အတွက် အစားအစာကို ပိုပြီး စားသုံးပေးဖို့ လိုအပ်သလို ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း ပိုလုပ်ပေးသင့်ပါတယ်။ လိုအပ်ရင် ဖြည့်စွက်အားဆေးသောက်ပါ။ အလေးများများမပါ။

Featured Photov: HealthKart