စာဖတ်သူတွေထဲမှာ ဘယ်လောက်စားစား ကိုယ်အလေးချိန်တက်မလာလို့ စိတ်ညစ်နေတဲ့ကွီးတွေ ရှိမှာပဲနော်။ တချို့တွေက ဘယ်လောက်စားစား ဝိတ်တက်မလာတာက သူတို့စားလိုက်တဲ့အစားအစာတွေကို အစာအိမ်ကချေဖျက်မပေးလိုက်ဘဲနဲ့ ဗိုက်ထဲက သန်ကောင်တွေက ထိုအစာတွေကို သုံးစွဲပစ်လိုက်တယ်လို့ ထင်ကြပါတယ်။

တကယ်တော့ သင် စားသုံးလိုက်တဲ့ကယ်လိုရီပမာဏထက် ခန္ဓာကိုယ်က အသုံးပြုရတဲ့ကယ်လိုရီပမာဏက ပိုများနေလို့ပါပဲ။ ဒါဆိုရင် ကိုယ်အလေးချိန်တက်အောင် ဘယ်လိုပြုမူနေထိုင်စားသောက်သင့်သလဲ။

အစား များများစားပါ။

Source: Freepik.com

သင့်ခန္ဓာကိုယ်က လောင်ကျွမ်းလိုက်တဲ့ ကယ်လိုရီပမာဏထက် များများစားသုံးပေးပါ။ သင့်ခန္ဓာကိုယ်မှာ ပိုလျှံတဲ့ကယ်လိုရီတွေ ရှိနေမှ သင်ကိုယ်အလေးချိန်တက်မှာပဲဖြစ်ပါတယ်။ များများသွားလာလှုပ်ရှားရလေလေ အစားများများစားသုံးပေးပါ။

အကြိမ်ရေများများစားပါ။

Source: Timeout.com

တစ်ခေါက်တည်းနဲ့ အစားအများကြီးစားတာထက် အကြိမ်ရေများများနဲ့ နည်းနည်းချင်စီစားပေးတာက ပိုထိရောက်မှုရှိပါတယ်။ တစ်ခါတည်းနဲ့ အစားအများကြီးစားမယ်ဆိုရင် အစာမကြေဖြစ်ပြီး ပြည့်အင့်ခြင်းကို ခံစားရနိုင်ပါတယ်။ မနက်စောစောထပြီး မနက်စာကို မဖြစ်မနေစားပါ။ တစ်နေ့ကို ထမင်း ၃ နပ်၊ ၄ နပ်လောက် ပုံမှန်စားပေးပါ။

ကယ်လိုရီပမာဏ ပါဝင်မှုများတဲ့အစားအစာများ စားသုံးပါ။

Source: Articles.extension.org

နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်စတဲ့အစားအစာများ၊ အာလူး၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ကြက်သား၊ အမဲသား၊ အဆီပါဝင်မှုများတဲ့ ငါး၊ အခွံမာသီးအမျိုးမျိုး၊ ပေါင်မုန့်၊ ပါစတာ၊ အသားညှပ်ပေါင်မုန့်၊ ထမင်း စတဲ့ အစားအစာများက ကယ်လိုရီပါဝင်မှုများတာကြောင့် များများစားသုံးပေးပါ။

ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာများလည်း စားသုံးပေးပါ။

အားကစားပြုလုပ်ပြီးတဲ့နောက်မှာ ကြွက်သားများအားပြန်ပြည့်ဖို့အတွက် ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ကြက်သား၊ ငါး၊ ကြက်ဥတွေ စားသုံးပြီး အားပြန်ဖြည့်ပေးရပါမယ်။

အရည်များများသောက်ပါ။

Source: Mamabee.com

အစားအစာတွေထက် အရည်များများသောက်ခြင်းက အစာချေစနစ်ကို ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်မြန်မြန်တက်စေမှာပါ။ ငှက်ပျောသီးကို အသီးလိုက်စားတာထက် ဖျော်စက်ထဲထည့်ဖျော်သောက်ခြင်းက ထိရောက်မှုပိုရှိပါတယ်။

အလေးမပါ။

Source: Bodybuilding.com

ကြွက်သားကြီးစေဖို့အတွက် Squat ထိုင်ခြင်း၊ Deadlifts မခြင်း စတဲ့လေ့ကျင့်ခန်းများက သင့်ခြေသလုံးကြွက်သားနဲ့ လက်မောင်းကြွက်သားတွေ ကြီးထွားလာဖို့အတွက် ကူညီပေးပါတယ်။

အပြောင်းအလဲမရှိဘဲ ပုံမှန်ပြုလုပ်ပေးပါ။

Source: Ethozgroup.com

ဒီနေ့တော့ များများစားပြီး နောက်နေ့တွေကျ နည်းနည်းပဲစားပေးလို့မရပါဘူး။ ဒါဆိုရင်တော့ ငါလည်း စားရဲ့သားနဲ့ ဝိတ်မတက်လာဘူးဆိုတဲ့အတွေး ဆက်ဝင်နေဦးမှာပါပဲ။ ဝိတ်မတက်မချင်း အထက်က ဖော်ပြခဲ့တဲ့အချက်တွေကို မှန်မှန်ပြုလုပ်ပေးပါ။ အစားကိုလည်း ပုံမှန်စားပေးမှသာလျှင် ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ရရှိမှာပဲဖြစ်ပါတယ်။