တစ်ချို့အမျိုးသားတွေ ကိုယ်အလေးချိန်ကျဖို့ အသည်းအသန်ကြိုးစားနေရချိန်မှာ တစ်ချို့အမျိုးသားတွေကတော့ ဘယ်လောက်စားစား ဝိတ်မတက်လာလို့ စိတ်ညစ်နေကြပါတယ်။ သင်ရော ဘယ်အမျိုးအစားထဲမှာ ပါ ပါသလဲ။ ဘယ်လောက်စားစား ဝိတ်မတက်လာခြင်းကတော့ စားသောက်ပုံနည်းစနစ်မှားယွင်းနေလို့ပါပဲ။

ဒါ့ကြောင့် ဝိတ်တက်ချင်တဲ့ကွီးတွေအတွက် ဘယ်လိုနည်းမှန်လမ်းမှန်စားသုံးသင့်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ဝေမျှပေးလိုက်ပါတယ်။

ဖြည်းဖြည်းချင်းစီ (သို့) တစ်ဆင့်ချင်းစီ စရပါမယ်။

Source: Vaporizernerd.com

ဝိတ်မြန်မြန်တက်ချင်ဇောနဲ့ အစားအများကြီးကို မြန်မြန် မြန်မြန်စားခြင်းက သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး။ သင့်ခန္ဓာကိုယ်က ကျင့်သားရနေဖို့ လိုအပ်ပါတယ်။ တစ်ရက်တည်းနဲ့ အကျင့်ဖြစ်သွားမှာမဟုတ်တဲ့အတွက်ကြောင့် တစ်နေ့နည်းနည်းချင်းစီ တိုးစားပေးမှရပါမယ်။ ဥပမာ ဒီနေ့မနက်မှာ ကြက်ဥတစ်လုံးစားတယ်ဆိုရင် မနက်ဖြန်မနက်ကျ တစ်လုံးနဲ့ တစ်ခြမ်းစားမယ်။ နောက်တစ်နေ့မနက်ကျ နှစ်လုံးစားမယ် အဲ့လိုစနစ်လေးနဲ့ သွားရပါမယ်။ နို့မဟုတ်ရင် သင့်အစာအိမ်က ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။

အစား မစားခင် ရေမသောက်ပါနဲ့။

Source: Virginpure.com

ဝိတ်ကျချင်တဲ့သူတွေအနေနဲ့တော့ အစား မစားခင်မှာ ရေတစ်ခွက် အဝသောက်ရပါမယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်တက်ချင်တဲ့သူတွေကတော့ အစား မစားခင်မှာ ရေမသောက်ပါနဲ့။ နို့မဟုတ်ရင် ရေသောက်တာနဲ့တင် ဗိုက်ပြည့်သွားပါလိမ့်မယ်။

မကြာခဏစားပေးပါ။

Source: Familydoctor.org

ဝိတ်တက်ချင်တဲ့သူတွေအနေနဲ့ အစား စားဖို့ကို မကြောက်ပါနဲ့။ အားရပါးရသာ စားပေးပါ။ ထမင်းကိုပဲ စားရမယ်လို့ ပြောတာမဟုတ်ပါဘူး။ အသီးအနှံ့နဲ့ အာဟာရပြည့်ဝတဲ့မုန့်တွေကိုလည်း စားပေးလို့ရပါတယ်။

နွားနို့သောက်ပါ။

Source: Scientificamerican.com

ရေငတ်ပြေဖို့အတွက် နွားနို့သောက်ခြင်းက သင့်အတွက် ပရိုတိန်းဓာတ်နဲ့ ကယ်လိုရီပမာဏမြင့်မားစေဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် ရေသောက်ဖို့လည်း မမေ့သင့်သလို နွားနို့ကိုလည်း များများသောက်ပေးပါ။

ကော်ဖီသောက်တိုင်း ခရင်မ်ထည့်သောက်ပါ။

Source: Onejui.com

ခရင်မ်ထည့်သောက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲသို့ ကယ်လိုရီပမဏများ ပိုမိုဝင်ရောက်လာတဲ့အတွက် ဝိတ်အမြန်တက်စေပါတယ်။

အိပ်ရေးဝဝ အိပ်ပါ။

Source: Edition.cnn.com

ကြွက်သားများ ကောင်းစွာကြီးထွားဖွံ့ဖြိုးဖို့အတွက် အိပ်ရေးဝဝအိပ်စက်ခြင်း အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ အိပ်ရေးဝဝအိပ်မှ များများစားနိုင်မှာဖြစ်ပါတယ်။ အိပ်ရေးပျက်ရင် လူက ပင်ပန်းထိုင်းမှိုင်းနေတတ်ပြီး ဘာမှကို မလုပ်ချင် ဘာမှမစားချင်ဖြစ်တတ်ပါတယ်။

ဆေးလိပ် မသောက်ပါနဲ့။

Source: Home.bt.com

ဆေးလိပ်သောက်တဲ့သူတွေက ဆေးလိပ်မသောက်တဲ့သူတွေထက် ကိုယ်အလေးချိန်ကျဆင်းလေ့ရှိပါတယ်။ ဆေးလိပ်ဖြတ်လိုက်ခြင်းအားဖြင့် သင့်ကိုယ်အလေးချိန်တက်လာအောင် ကူညီပေးနိုင်ပါတယ်။