ရုံးသမားတွေ စိတ်အညစ်ရဆုံးနေ့ကို ပြောပါဆိုရင်တော့ တနင်္လာနေ့ပဲဖြစ်မယ် ထင်ပါတယ်။ ရှားရှားပါးပါး ပိတ်ရက်လေးနှစ်ရက်မှာ ပျော်ပါးရမလားအောက်မေ့တယ် အချိန်တွေကလည်း အကုန်မြန်လိုက်တာဆိုပြီး စိတ်ညစ်တတ်ကြပါတယ်။

ရုံးလုပ်ငန်းခွင် ဝင်မှမဟုတ်ပါဘူး။ ကျောင်းသားဘဝတုန်းကလည်း တနင်္ဂနွေနေ့ညရောက်တာနဲ့ နောက်တစ်နေ့ကျကျောင်းတက်ရတော့မယ်ဆိုပြီး အလိုလိုစိတ်ညစ်ဖူးပါလိမ့်မယ်။ ဒါ့ကြောင့် ရုံးသွားရမှာ ပျင်းစရာကြီးလို့မတွေးဘဲ နောက်တစ်နေ့မနက် အိပ်ရာနိုးလာတာနဲ့ ပျော်ရွှင်တက်ကြွစွာ အလုပ်သွားနိုင်မယ့် နည်းလမ်းသုံးမျိုးကို ဝေမျှပေးချင်ပါတယ်။

Source: Purecalisthenics.com

ထိုနည်းလမ်းလေးကို မဝေမျှပေးခင် လောကမှာ လူနှစ်မျိုးနှစ်စားရှိတဲ့အကြောင်းကို အရင်ရှင်းပြချင်ပါတယ်။ ပထမတစ်ယောက်ကတော့ သူ့ဘဝကြီးကို ပုံမှန်အတိုင်းပဲဖြတ်သန်းနေမယ်။ အလုပ်ကိုလည်း လုပ်နေကြအတိုင်းပဲ လုပ်မယ်။ ပေါင်းသင်းဆက်ဆံရေးနဲ့ အိမ်ထောင်ရေးသာယာပျော်ရွှင်အောင်လည်း ဘာမှမကြိုးစားဘူး။ ဘဝကြီးက တစ်သတ်မတ်တည်းသွားနေတဲ့သူပေါ့။

Source: Audi-a6.org

ဒုတိယတစ်ယောက်ကတော့ အိမ်အသစ်ပြင်ဆောက်စရာရှိတာပြင်မယ်။ ကားအသစ်ဝယ်မယ်၊ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုရှိအောင် ကြိုးစားမယ်၊ အလုပ်မှာလည်း ရာထူးတစ်ခုပြီးတစ်ခုတိုးအောင် ကြိုးစားမယ်၊ သင်တန်းတွေတက်စရာရှိရင်လည်း အပြေးအလွှားလေးသွားတက်လိုက်မယ် စသည်ဖြင့် မိမိဘဝကိုတိုးတက်အောင်မြင်အောင် ကြိုးစားနေတဲ့သူပေါ့။ သူတို့နှစ်ယောက်မှာ ကွာခြားချက်က ဘာများဖြစ်မလဲ။ သင်ရော ဘယ်တစ်ယောက်ဖြစ်ချင်ပါသလဲ။

Source: Commonsenseenterprises.net

ဒုတိယမေးခွန်းရဲ့အဖြေကိုတော့ သင်သေချာစဉ်းစားပါလို့ပဲ အကြံပေးပါရစေ။ ပထမမေးခွန်းရဲ့အဖြေကတော့ စိတ်ဓာတ်တက်ကြွမှုရှိခြင်းနဲ့ မရှိခြင်းကွဲပြားသွားလို့ပဲဖြစ်ပါတယ်။ စိတ်ဓာတ်တက်ကြွမှုဆိုတာ တက်ကျမ်းတွေဖတ်လို့ ငါ အောင်မြင်ဖို့အတွက် ဒီနေ့ကစပြီး ကြိုးစားမယ်ဆိုပြီး ကောက်ရိုးမီးလို ထတောက်ပြီးမှ ငြိမ်းသွားမယ့်အရာမျိုးမဟုတ်ရပါဘူး။ ဖြည်းဖြည်းမှန်မှန်လေးနဲ့ တောက်လောင်နေရပါမယ်။ ဖြည်းဖြည်းမှန်မှန်နဲ့ တောက်လောင်နေဖို့အတွက် လိုအပ်ချက်က (၃) ချက်ပဲရှိပါတယ်။

Source: Shutterstock

(၁) ရည်မှန်းချက်ပန်းတိုင်ရှိခြင်း၊ (၂) ထိုရည်မှန်းချက်ကို ထောက်ပံ့ခြင်းနဲ့ (၃) အသိအမှတ်ပြုခံရခြင်း (သို့) ချီးကျူးခံရခြင်းတို့ပဲဖြစ်ပါတယ်။ ပထမဆုံးအချက်ဖြစ်တဲ့ သင့်ရဲ့ပန်းတိုင်ကို သိအောင်ပြုလုပ်ပါ။ ထိုပန်းတိုင်ကို သိမှ ဘယ်လိုကြိုးစားအားထုတ်မှုပြုလုပ်ရမလဲဆိုတဲ့ ဒုတိယအဆင့်ကိုသိပါလိမ့်မယ်။ ဒါမှ သင့်ရဲ့ အောင်မြင်မှုနဲ့ တစ်ဖြည်းဖြည်းနီးကပ်လာမှာပဲဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ သင့်ရဲ့ ကြိုးစားမှုကို သင့်ရဲ့အလုပ်ရှင်က တွေ့မြင်တဲ့အခါ ချီးမွမ်းထောပနာပြုပါလိမ့်မယ်။ ဒီလိုချီးကျူးခံရခြင်းက သင့်ကို ပိုကြိုးစားချင်စိတ်ဖြစ်အောင် တွန်းအားပေးနေတဲ့အရာပဲဖြစ်ပါတယ်။

ဒီအချက်တွေကို လိုက်နာခြင်းအားဖြင့် နေ့ရက်တိုင်းကို စိတ်ဓာတ်တက်ကြွစွာနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။