ခရက်ရှ်တစ်ယောက်ကို စိတ်ဝင်စားတဲ့ကြာချိန်က ပျမ်းမျှအားဖြင့် ဘယ်လောက်ကြာတယ်လို့ သင် ထင်ပါသလဲ။ အချို့ကလည်း လပိုင်းလောက်သာကြာပြီး အချို့ကတော့ ၄ နှစ်အထိ နှစ်ချီပြီး ကြာမြင့်တတ်ပါတယ်။

လူတစ်ယောက်ကို ခရက်ရှ်ရတဲ့အလုပ်ကလည်း တခါတရံမှာ စိတ်လှုပ်ရှားဖို့ကောင်းပြီး တခါတရံကျတော့ ဝမ်းနည်းရတတ်ပါတယ်။ သူ့ကို မြင်တဲ့အခါ စိတ်လှုပ်ရှား ရင်ခုန်ရပြီး သူက ကိုယ့်ရဲ့ဖြစ်တည်မှုကို မသိတဲ့အခါ (သို့) ကိုယ့်ကို ပြန်စိတ်မဝင်စားတဲ့အခါ ဝမ်းနည်းကြေကွဲစရာပါပဲ။

tips for men to get over a crush who isn't interested in them

အခြေအနေက ကိုယ့်ဘက်မသာတဲ့အခါမှာတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာပါပဲ။ သူ(မ)ကို မေ့ပစ်ပြီး အသစ်ရှာမလား ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ဆက်လက်ညှဉ်းပန်းနေမလား။

တကယ်လို့ ကိုယ့်ဘက်က ဘယ်လောက်ကြိုးစားကြိုးစား သူ(မ)ဘက်က စိတ်မဝင်စားတော့မှာ သေချာတယ်ဆိုရင်တော့ သင့်အနေနဲ့ အလုပ်သင့်ဆုံးအရာကတော့ သူ(မ)ကို မေ့ပစ်လိုက်ဖို့ပါပဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ မေ့ပျောက်ရမလဲဆိုတော့ …

သင်သည် သူ(မ)ကို ဘာ့ကြောင့် ခရက်ရှ်ရသလဲ ပြန်စဉ်းစားကြည့်လိုက်ပါ

tips for men to get over a crush who isn't interested in them

သင့်ကို စိတ်လှုပ်ရှားစေတဲ့ သူ(မ)ရဲ့ ဆွဲဆောင်မှုက ဘာဖြစ်မလဲ။ ထိုအချက်ကို သိပြီဆိုရင် သူ(မ)ကို မေ့ပျောက်ဖို့ ကြိုးစားရတာလည်း လွယ်ကူသွားပါလိမ့်မယ်။ ခရက်ရှ်တယ်ဆိုတဲ့အဆင့်က ချစ်တဲ့အဆင့်မဟုတ်သေးတဲ့အတွက်ကြောင့် ရည်းစားနဲ့ ပြတ်သွားသလောက်အထိတော့ အသည်းကွဲမှာမဟုတ်ပါဘူး။

သူ(မ)နဲ့ မတွေ့မိအောင် ကြိုးစားပါ

tips for men to get over a crush who isn't interested in them

တွေ့နေ မြင်နေရတဲ့အခါ သူ့အပေါ်မှာ စိတ်ဝင်စားနေတဲ့စိတ်က တဖြည်းဖြည်းကြီးထွားလာမှာဖြစ်ပါတယ်။ မတွေ့ရ မမြင်ရဘဲ ဝေးနေတဲ့အခါမှာတော့ သူ(မ)ကို တဖြည်ဖြည်းမေ့သွားပြီး သင့်ဘဝနဲ့သင် ပြန်လည်အနည်ထိုင်သွားပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် အလုပ်များများခိုင်းပါ

tips for men to get over a crush who isn't interested in them

သင်သည် ဘာကိုမှ စဉ်းစားချိန်မရတဲ့အထိ အလုပ်များနေတဲ့အခါ ခရက်ရှ်အကြောင်းလည်း အလိုလိုမေ့သွားပါလိမ့်မယ်။ သူ(မ)ရဲ့ ဆိုရှယ်မီဒီယာတွေကိုလည်း Unfollow လုပ်ထားပါ။ တွေ့နေမြင်နေရသေးရင် သူ(မ)အကြောင်းကို မေ့မရနိုင်ဖြစ်သွားပါလိမ့်မယ်။

ကိုယ့်ကို စိတ်ဝင်စားမယ့် ကိုယ်ကလည်း စိတ်ဝင်စားမယ့် နောက်ထပ်မိန်းကလေးတစ်ယောက်ရှာလိုက်ပါ

tips for men to get over a crush who isn't interested in them

ဒီနည်းလမ်းကတော့ အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။ နောက်ထပ် မိန်းကလေးတစ်ယောက်ကို ခရက်ရှ်လိုက်တဲ့အခါ စောစောကမိန်းကလေးကိုလည်း သူ့အလိုလိုမေ့သွားပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ကို ထပ်ပြီး စိတ်မဝင်စားမယ့် မိန်းကလေးကို မခရက်ရှ်မိအောင်တော့ သေသေချာချာရွေးချယ်ပေါ့။

Source: Lovepanky.com

Featured Image Source: Lifeberrys.com