လူချစ်လူခင်များတယ်ဆိုတာကောင်းတဲ့အချက်တစ်ခုပါပဲ။ လူရယ်လို့ဖြစ်လာရင် လူအများနဲ့ပေါင်းသင်းဆက်ဆံတက်ဖို့က မဖြစ်မနေလိုအပ်တဲ့ စကေးတစ်ခုဖြစ်ပါတယ်။ လူတိုင်းနဲ့အဆင်မပြေတာထက် လူတွေရဲ့ ချစ်ခင်မှုရရှိတာက ပိုကောင်းပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ လူချစ်လူခင်များစေမယ့် လျို့ဝှက်ချက်တချို့ကိုပြောပြပေးချင်ပါတယ်။

Source : Insider

အကောင်းမြင်စိတ်ရှိပါ – အကောင်းမြင်စိတ်ရှိသူတွေဟာ လူတွေကြားမှာပိုမိုထင်ပေါ်လေ့ရှိပြီး လူတွေရဲ့ ချစ်ခင်မှုကို ပိုမိုရရှိစေပါတယ်။ အကောင်းမြင်စိတ်ကို လူချစ်လူခင်များစေတဲ့အပြင် ကိုယ်တိုင်လည်း ဘဝမှာပျော်ရွှင်အေးချမ်းတဲ့ ခံစားမှုမျိုးရရှိစေပါတယ်။

ဟာသပြောပါ – ရယ်စရာဟာသလေးတွေပြောတက်တဲ့ သူတွေကိုလူတွေဘာကြောင့်ပိုခင်ကြတာလဲ။အဖြေကရှင်းပါတယ် ဟာသဉာဏ်ရှိသူတွေဟာ သူတို့ကိုယ်တိုင်လည်းပျော်ပျော်နေတက်သလို ဘေးနားကလူတွေကိုလည်းပျော်ရွှင်စေလို့ပါ။ သင်အနေနဲ့ ဟာသဉာဏ်ရှိသူတစ်ယောက်ဆိုရင် လူတွေရဲ့ချစ်ခင်ရင်းနှီးမှုကိုသေချာပေါက်ရစေမှာပါ။

ကူညီပါ – လူတွေကိုကူညီတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ လူတွေကိုကူညီဆိုတာ ကိုယ်အနေနဲ့ ပိုက်ဆံတွေလှူမှ ပရဟိတတွေလုပ်မှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က ကိစ္စသေးသေးမွှားမွှားလေးတွေပဲဖြစ်ဖြစ် အကူညီလိုအပ်တဲ့သူတွေကို ကူညီပေးလိုက်ရင်ပဲ လုံလောက်ပါတယ်။ ကူညီတက်သူတွေကလည်း လူချစ်လူခင်များတဲ့ လူတွေထဲမှာပါပါတယ်။

Source : Storyblocks

မေးခွန်းတွေကိုသတိထားပါ – တစ်ခါတစ်လေမှာ ကိုယ့်အနေနဲ့ ဘာရယ်မဟုတ်ဘူး မေးလိုက်တဲ့မေးခွန်းတွေက တစ်ဖက်လူအတွက်အနေကျပ် အဖြေခက်သွားရတာမျိုးတွေအများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ လူတစ်ယောက်အတွက် အကျပ်ရိုက်သွားစေမယ့် စကားမျိုးတွေ မေးခွန်းမျိုးတွေကို ရှောင်ကျဉ်ပြီးပြောဆိုပါ။ လူချစ်လူခင်မများရင်တောင် လူမုန်းများမှာမဟုတ်ပါဘူးဆိုတာသေချာပါတယ်။