မိမိအိမ်ထဲမှာ အင်းဆက်ပိုးမွှားတွေ ကျူးကျော်ဝင်ရောက်လာတာဟာ အလွန်ပဲစိတ်ညစ်ဖို့ကောင်းပါတယ်။ သူတို့တွေက ပရိဘောဂတွေ အဝတ်အစားတွေကို ဖျတ်စီးလေ့ရှိတဲ့အပြင် လူတွေစားမဲ့အစားအစားတွေကိုလည်း လုယူဖျတ်စီးတတ်ကြတယ်။ ဒါ့အပြင် ကလေးတွေကိုလည်း ကြောက်လန့်စေပါတယ်။
ဒီလိုစိတ်အနှောက်အယှတ်တွေပေးတဲ့ အင်းဆက်ပိုးမွှားတွေကို နှိမ့်နှင်းဖို့အတွက် kwee ကနည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။
ကြွက်များ
Source: Environmental Pest Management
ကြွက်တွေက အင်းဆက်တွေထက် ပိုကြီးမားတာကြောင့် အပေါက်သေးသေးလေးတွေကနေ အိမ်ထဲကို မဝင်ရောက်နိူင်ပါဘူး။ ဒါကြောင့် အိမ်ထဲမှာ ကြွက်တွေတွေ့ပြီဆိုတာနဲ့ အရင်ဆုံး သူဝင်လာခဲ့တဲ့အပေါက်ကို အရင်ရှာပြီး ပိတ်ချလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း အပေါက်ဝနားမှား ကြွက်ထောင်ချောက် ချထားလိုက်ပါ။
အိမ်မှာ ကလေးငယ်ငယ်လေး ဒါမှမဟုတ် အိမ်မွေး တိရစ္ဆာန် သေးသေးလေးတွေရှိရင် ကြွက်ထောင်ချောက်အသုံးပြုတဲ့အချိန်မှာ သတိထားဖို့လိုအပ်ပါတယ်။
ပုရွတ်ဆိတ်များ
Source: Terminix
ပုရွတ်ဆိတ်တွေက အိမ်တွေမှာ အတွေ့အများဆုံး အင်းဆက်တွေပါ။ သူတို့အိမ်ထဲမလာအောင်လုပ်ရမှာက စားကြွင်းစားကျန်တွေကို အချိန်မှန်မှန် စွန့်ပစ်ပါ။ အိမ်ထဲမှာ အမှိုက်တွေ ကြာကြာမထားပါနဲ့။ ပြီးတော့ ပုရွတ်ဆိတ်တွေက baby powder တွေကို မကြိုက်ကြဘူး။ သူတို့လာတဲ့ လားတစ်လျှောက်မှာ ဖျန်းထားခြင်းအားဖြင့် မောင်းထုတ်နိူင်ပါတယ်။
ယင်ကောင်များ
Source: Mirror
ယင်ကောင်တွေ အိမ်ထဲမှာ တဖြည်းဖြည်းများလာပြီလို့ ခံစားရတာနဲ့ အိမ်ပြတင်းပေါက်တွေကို ခြင်စကာတွေ တပ်သင့်ပါပြီ။ ခြင်စကာမတပ်ခြင်ဘူးဆိုရင်တော့ ယင်ကောင် ထောင်ချောက်တွေ အသုံးပြုနိူင်ပါတယ်။
ပင့်ကူများ
Source: Washington Post
ပင့်ကူတွေဟာ စိုက်ပျိုးရေးနဲ့ ဂေဟစနစ် အတွက်အလွန်အရေးပါတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို အိမ်ထဲမှာတွေ့ခဲ့မယ်ဆိုရင် မသတ်ပစ်လိုက်ပါနဲ့။ သူတို့ကို အိမ်ထဲကနေမောင်းထုတ်ဖို့ဆိုရင် ပင့်ကူအိမ်တွေကို ဖယ်ရှားလိုက်ပါ။
ဒါမှမဟုတ်ရင်လည်း သစ်အယ်သီး အခန်းထဲမှာ ထည့်ထားရင် ပင့်ကူတွေ မလာဘူးလို့လည်း ပြောထားကြတာတွေ ရှိပါတယ်။
ပိုးဟပ်
Source: The New York Times
မဆေးပဲထားထားတဲ့ အိုးခွတ်ပန်းကန်တွေ၊ အစားအစာအကြွင်းအကျန်တွေဟာ ပိုးဟပ်ကိုအိမ်ထဲလာဖို့ ဖိတ်ခေါ်နေတဲ့ အရာတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပိုးဟပ်ကို နှိမ့်နှင်းဖို့ သံပုရာရည် ကိုအသုံးပြုခဲ့ကြပါတယ်။ ပိုးဟပ်တွေ ရှိတဲ့နေရာတွေမှာ သံပုရာရည် ကိုပတ်ဖျန်းခြင်းဖြင့် နှင်ထုတ်နိူင်ပါတယ်။