ယနေ့ခေတ် လူငယ်တော်တော်များများဟာ အားလပ်ရက်တွေမှ ာသူငယ်ချင်းအပေါင်းအသင်းတွေ စုပြီးအရက်ဆိုင်ဘီယာဆိုင်ထိုင်လေ့ရှိကြပါတယ်။ ပျော်ပျော်ပါးပါး စကားတွေပြောရင်း အရက်တွေဘီယာတွေ အများကြီးသောက်မိတက်ကြတယ်။ သောက်တုန်းကတော့ မသိသာပေမယ့် ပြန်မယ်လိုထလိုက်တဲ့အချိန်မှာ များသွားမှန်း သိလာကြတယ်။ ဒီဒဏ်ကို အများစုက နောက်နေ့မနက်ရောက်တဲ့အချိန်မှာ ခံရတက်ပါတယ်။

အရက်နာကျတာဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ အရက်နာကျတဲ့အခါ ခေါင်းကိုက်တာ၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်သလိုဖြစ်တာ၊   ခြေကုန်လက်ပန်းကျပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းသလိုဖြစ်တာ စတဲ့ လက္ခဏာတွေဖြစ်တက်ပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို kwee page ကဒီနေ့ပြောပြပေးမှာပါ။

ရေသောက်ပေးပါ

Source: The Daily Meal

ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက် ရေသောက်ပေးဖိုလိုအပ်ပါတယ်။ ရေများများသောက်ပေးလေလေ ခန္ဓာကိုယ်ထဲက အဆိပ်ဖြစ်စေတဲ့အရာတွေကို သန့်စင်နိုင်လေလေပါ။

ရေဓာတ်ဖြည့်ပေးနိုင်တဲ့ ဖျော်ရည်တွေသောက်ပေးပါ

Source: Silver Maple Recovery

အရက်နာကျတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်ကိုပါ ဆုံးရှုံးရတက်ပါတယ်။ ဒါကြောင့်  ရေဓာတ်များများဖြည့်တင်းပေးနိုင်တဲ့ အချိုရည် (သို့) အုန်းရည်လိုမျိုးအရာတွေကို သောက်သုံးပေးသင့်ပါတယ်။

ငှက်ပျောသီးစားပေးပါ

Source: SDL Method

အရက်နာကျတဲ့အခါ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်နဲ့ ဆားဓာတ်တွေလျှော့နည်းနေတက်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပါတဲ့ အသီးတွေစားသုံးပေးသင့်ပါတယ်။ အငန်ဓာတ်ပါတဲ့ မုန့်ကြွပ်လေးတွေစားသုံးပေးလို့လည်းရပါတယ်။ အငန်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးမှုမရှိအောင် တားဆီးပေးနိုင်ပါတယ်။

မနက်စာစားပေးပါ

Source: Eater Philly

ညကအရမ်းများသွားပြီး နောက်တစ်နေ့နိုးလာချိန်မှာ ခေါင်းကမကြည်မလင်ဖြစ်နေခဲ့ရင်တောင် မနက်စာကိုလုံးဝမစားဘဲနေတာမျိုး မလုပ်ပါနဲ့။ အရက်နာကျနေတဲ့အခါ ကြေလွယ်တဲ့အစားအစာကို စားသုံးမိဖို့တော့လိုအပ်ပါတယ်။ ပေါင်မုန့်မီးကင်၊ ခရက်ကာတို့စားသုံးပေးပါ။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်။