ဝက်ခြံလို့ ဆိုလိုက်ရင် အတော်များများ နှာခေါင်းရှုံ့မိကြမယ် ထင်ပါတယ်။ ဘယ်သူမှ ဝက်ခြံပေါက်မှာ မကြိုက်ကြလို့ပါ။ ဝက်ခြံပေါက်လာပြီဆိုရင် မျက်နှာလည်း အရုပ်ဆိုးသလို အဆင်မသင့်ရင် မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေတတ်ပါတယ်။
ဝက်ခြံပေါက်မှာကြောက်တယ်ဆိုရင် အခုပြောမယ့် အဆင့်လေးတွေ ပုံမှန်လိုက်နာကြည့်သင့်ပါတယ်။ ဒီနည်းလေးတွေက ရိုးရှင်းသလောက် ထိရောက်ပြီး နေ့တိုင်းလည်း လုပ်ဖို့ လွယ်ပါတယ်။

(၁) မျက်နှာသစ်ပါ

Photo: fashionstype

ဝက်ခြံကင်းဖို့အတွက် နေ့တိုင်း လုပ်ရမယ့်အချက်က မျက်နှာသစ်ဖို့ပါပဲ။ မျက်နှာကို မနက်ရော ညနေပါ သစ်ထားသင့်ပါတယ်။ မျက်နှာသစ်ခြင်းဟာ မွေးညှင်းပေါက်ထဲက အညစ်ကြေးတွေ ဖယ်ရှားပေးရာ ရောက်ပြီး အရေပြားဆဲလ်သေတွေလည်း သန့်စင်ပေးနိုင်ပါတယ်။ ထိရောက်မှန်ကန်တဲ့ မျက်နှာသစ်နည်းဟာ မျက်နှာအညစ်အကြေးတွေ သန့်ရှင်းပေးတဲ့အပြင် ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။

(၂) အစိုထိန်းပါ

Photo: nulineasia

နောက်တစ်ဆင့်က မျက်နှာအသားအရေ မခြောက်အောင် Moisturizer သုံးဖို့ ဖြစ်ပါတယ်။ မျက်နှာမှာ သဘာဝအဆီတွေနဲ့ အရေပြားကို ကာကွယ်ပေးတဲ့ အလွှာတစ်ခု ရှိပါတယ်။ ဒီအလွှာဟာ ဘက်တီးရီးယားတွေ မဝင်အောင် ကာကွယ်ပေးတဲ့ အလွှာ ဖြစ်ပါတယ်။ Moisturizer သုံးခြင်းဟာ ဒီအလွှာကို အားပေးပြီး အသားအရေကို စိုပြေကျန်းမာစေပါတယ်။

(၃) Green Tea သုံးပါ

Photo: Lifestyle

Green Tea သောက်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုတာ လူအတော်များများ သိကြပါတယ်။ တကယ်တော့ Green Tea ဟာ အသားအရေအတွက်လည်း ကောင်းကျိုးတွေ ပေးပါတယ်။ Green Tea ဟာ Epigallocatechin-3-Gallate (EGCG) လို့ ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါရှိပါတယ်။ EGCG ဟာ ယောင်ယမ်းမှုနဲ့ Sebum ထုတ်လုပ်မှုကို လျှော့ချပေးနိုင်ပါတယ်။

Green Tea အဆီ ၂%နဲ့ ၃%အကြား သုတ်ပေးမယ်ဆိုရင် ဝက်ခြံသက်သာပြီး ဝက်ခြံဖု ထွက်တာ နည်းတယ်လို့ ဆိုပါတယ်။ Green Tea ကို ပွက်ပွက်ဆူနေတဲ့ ‌ရေနွေးထဲမှာ ၃ မိနစ်နဲ့ ၄ မိနစ်အကြား ပေါင်းပေးပြီး အအေးခံထားပါ။ ပြီးရင်တော့ ဝါဂွမ်းဖတ်လေးနဲ့ လက်ဖက်ဆီကို ယူပြီးမျက်နှာမှာ ၁၀ မိနစ် သုတ်လိမ်းပြီး ဆေးကြောသန့်စင်ဖို့ လိုပါတယ်။ တစ်နေ့ကို ၂ ကြိမ်အထိ လက်ဖက်ဆီနဲ့ ဝက်ခြံတိုက်ဖျက်နိုင်ပါတယ်။