အိပ်ပျော်သွားချိန်မှာ ဘက်တီးရီးယားပိုးမွှားများ ခံတွင်းအတွင်းပေါက်ပွားခြင်းကြောင့် အိပ်ရာနိုးလာတဲ့အချိန် ခံတွင်းအနံ့ဆိုးတတ်ပါတယ်။ အစားအသောက် နဲ့ ဆေးလိပ်သောက်ခြင်းတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။
ဒီနေ့ kwee page က ဒီခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းဖို့နဲ့ ထပ်မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းအသွယ်သွယ် ကိုပြောပြပေးသွားမှာပါ။
ခံတွင်းသန့်ရှင်းခြင်းဟာ ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဆောင်တာတွေထဲမှာဒီအချက်တွေကိုလုပ်ဆောင်ပေးပါ။
Source: Quick and Dirty Tips
• သွာကြားများကို သွားပွတ်ကြိုး နဲ့သန့်ရှင်းရေးလုပ်သင့်ပါတယ်။
• သွားများနှင့် သွားဖုံးကို တိုက်ချွတ်ပါ။
• လျှာကိုလည်း သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။
မှန်ကန်သော သွားတိုက်နည်း
Source: TracBell
- ပျော့ပျောင်းတဲ့သွားပွတ်တံကို အသုံးပြုပြီး တစ်နေ့ (၂) ကြိမ်သွားတိုက်ပါ။
• သွားပွတ်တံ အမွေးလေးတွေ ဖွာနေပြီဆိုရင်တော့ အသစ်တစ်ချောင်းကို လဲလှယ်ပါ။ ဒါမှမဟုတ် (၃) လ ဒါမှမဟုတ် (၄) လ တစ် ကြိမ် သွားပွတ်တံကိုလဲပေးပါ။
• သွားတိုက်ရာမှာ သွားရဲ့အရှေ့မျက်နှာပြင်တစ်ခုတည်းကိုသာ တိုက်၍မရပါ။ အတွင်းမျက်နှာပြင်နှင့် တိုက်ရမှာဖြစ်ပါတယ်။
• ရှေ့သွားများရဲ့ အတွင်းမျက်နှာပြင်ကို တိုက်ရာမှာ သွားပွတ်တံကို တည့်တည့်မတ်မတ်ကိုင်ပြီး တိုက်ရမှာဖြစ်ပါတယ်။
• သွားတိုက်ရာမှာ အနည်းဆုံးအချိန် နှစ်မိနစ်ယူပြီး တိုက်သင့်ပါတယ်။
ခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းစေနိုင်တဲ့ အစားအစာများ
Source: SmileDirectClub
• တရုတ်နံနံ – ကြက်သွန်နီနှင့် ကြက်သွန်ဖြူဟာ ခံတွင်းအနံ့ကို ဆိုးစေသော်လည်း တရုတ်နံနံကတော့ ခံတွင်းအနံ့ကောင်းစေပါတယ်။ တရုတ်နံနံကို လတ်လတ်ဆတ်ဆတ် ဝါးစားနိုင်ပြီး ရေနွေးပူထဲထည့်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးနိုင်ပါတယ်။
• အမျှင်ဓာတ်ပေါများသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ – အသီးအနှံများဖြစ်တဲ့ ပန်းသီး၊ မုန်လာဥနီနှင့် တရုတ်နံနံကြီး (ရှမ်းနံနံ) တွေဟာ ခံတွင်းအနံ့ဆိုးတွေကို ဖျောက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။
ခံတွင်းရနံ့သင်းပျံ့နေစေဖို့အတွက် သွားကိုသေသေချာချာတိုက်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး သင့်တင့်လျောက်ပတ်တဲ့ နေထိုင်စားသောက်မှုပုံစံကိုလိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။