ကျန်းမာရေးအသိပေးချက်တွေမှာ ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါစာရင်းတွေ ရှိပါတယ်။ လက်တွေ့မြင်ရတာက ဆေးလိပ်သောက်လိုက်တာနဲ့ ခံတွင်းနံ့ ချက်ချင်းဆိုးသွားတာပါပဲ။ ဆေးလိပ်ငွေ့ဟာ ပါးစပ်ထဲမှာ စွဲကျန်ခဲ့ပြီး ဘက်တီးရီးယားတွေနဲ့ ပေါင်းပြီး ခံတွင်းနံ့ဆိုးဝါးစေတာ ဖြစ်ပါတယ်။

Photo: Flickr

ယေဘုယျအားဖြင့် ခံတွင်းနံ့ဆိုးခြင်းဟာ ပါးစပ်ခြောက်တာကြောင့်လို့ ပြောနိုင်ပါတယ်။ ဆေးလိပ်သောက်ချိန်မှာ ဆေးလိပ်မှာ ပါတဲ့ ဆေးရွက်ကြီးဟာ ခံတွင်းထဲက သွားရည် Saliva ထုတ်လုပ်မှုကို လျှော့ချပစ်တာကြောင့် ပါးစပ်ခြောက်လာပြီး ဘက်တီးရီးယားတွေ ပွားလာတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အရက်သော်တာ များပြီး ရေလုံလောက်အောင် မသောက်ရင်လည်း ဖြစ်တတ်ပါတယ်။

ဒီတော့ ဆေးလိပ်ကြောင့် ခံတွင်းနံ့မဆိုးအောင် အရင်ဆုံး လုပ်ရမှာက ရေများများသောက်ပေးဖို့ပါပဲ။ ဆေးလိပ်သောက်နေချိန်နဲ့ သောက်ပြီးချိန်မှာလည်း ရေကို လုံလောက်အောင် ပုံမှန် သောက်ပေးရမှာပါ။ ရေဓါတ်ပြည့်ဝခြင်းဟာ ခံတွင်းကို စိုစွတ်စေပြီး ဘက်တီးရီးယား ပေါက်ပွားမှုကို ကာကွယ်ပေးမယ့် သွားရည်ပါ ထုတ်လုပ်ပေးနိုင်ပါတယ်။

Photo: thoughtco

နောက်တစ်ချက်က သွားပုံမှန်တိုက်ပါ။ သွားအပြင် လျှာကိုလည်း ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ သွားပွတ်ကြိုးပါ သုံးပါ။ ပါးစပ်ဆေးရည် Mouthwash လည်း သုံးပေးပါ။ ခံတွင်းနံ့ဆိုးသက်သာစေဖို့အတွက် သံပုရာ ၊ ရှောက်တို့လို Citrus ပါတဲ့ ဖျော်ရည်တွေ သောက်သင့်ပါတယ်။ ဆေးလိပ်မဖြတ်နိုင်သူတွေဟာ ကိုယ်သောက်မယ့် စီးကရက်ရဲ့ သက်တမ်း ၊ အရည်အသွေးကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။