အမျိုးသားတွေမှာ သုံးပုံနှစ်ပုံခန့်လောက်က ဗောက်ထခြင်းပြဿနာကိုကြုံတွေ့ ရလေ့ရှိတယ်လို့လေ့လာမှုတွေအရသိရပါတယ်။ ဗောက်ထခြင်းဟာ ဦးရေပြားအလွန်အမင်းယားယံခြင်းကိုဖြစ်စေနိုင်ပြီး ဖွေးဖွေးလှုပ်နေတဲ့ဗောက်ဖက်တွေကြောင့် လူကြားထဲသွားလာချိန်မှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေပါတယ်။ ဒါ့ကြောင့် ဒီတခေါက်မှာတော့ ဗောက်ထလေ့ရှိအမျိုးသားတွေအတွက် ဖြေရှင်းနိုင်မယ့်နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Tea Tree Oil သုံးပါ

Photo : Pure Knead Massage

Tea Tree Oil ဟာအလှအပနဲ့ အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် အသုံးဝင်တဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။ မှို ၊ ဘက်တီးရီးယားတွေနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတာကြောင့် ဗောက်ပြဿနာကို ဖြေရှင်းတဲ့နေရာအသုံးဝင်ပါတယ်။ အသုံးပြုနည်းကတော့ Tea Tree Oil အနည်းငယ်ကို ဦးရေပြားအနှံ့လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ နာရီဝက်လောက်နေရင်တော့ခေါင်းလျော်ချလို့ရပါပြီ။ အကယ်၍ ဦးရေပြား sensitive ဖြစ်သူတွေအနေနဲ့တော့ အုန်းဆီ သို့ မဟုတ် သံလွင်ဆီအနည်းငယ် ရောစပ်လိမ်းပေးဖို့ လိုပါတယ်။

(၂) ခေါင်းပုံမှန်လျော်ပါ

Photo : The Manual

အမျိုးသားတွေမှာ ပုံမှန်အားဖြင့် ဆံပင်ခပ်တိုတို ပဲထားတက်ကြတယ်ဆိုပေမယ့် ခေါင်းပုံမှန်လျော်ပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ နေ့စဉ် ဦးရေပြားအဆီတွေ ချွေးတွေနဲ့ ပြင်ပမှ ဖုန် နဲ့ အညစ်အကြေးတွေ ပေါင်းစပ်လာရာမှတဆင့် ဗောက်တွေဖြစ်လာနိုင်တာကြောင့် ခေါင်းကတော့ ပုံမှန်လျော်ပေးဖို့လိုပါတယ်။ အနည်းဆုံး တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိလျော်ပေးပါ။

(၃) စိတ်ဖိစီးမှုလျော့ချပါ

Photo : Viral Rang

စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကျန်းမာရေးအပေါ်အများကြီး သက်ရောက်မှုရှိစေနိုင်ပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ဗောက်ထခြင်းဟာ စိတ်ဖိစီးမှုများခြင်းကနေ တဆင့်ဖြစ်လာတက်တဲ့ အရေးပြားဆိုင်ရာ ပြဿနာတစ်ခုဖြစ်ကြောင်း လေ့လာသူတွေကအတည်ပြုထားပါတယ်။ ဒါကြောင့်အမျိုးသားတွေအနေနဲ့ နေ့စဉ် ဖိစီးမှုတွေကိုအတက်နိုင်ဆုံးလျော့ချပေးဖို့လိုပါတယ်။

(၄) ရှားစောင်းလက်ပတ်လိမ်းပေးပါ

Photo : MensXP.com

ရှားစောင်းလက်ပတ်ဟာ အရေပြားရောင်ရမ်းခြင်း ၊ အနီကွက်တွေဖြစ်ခြင်း ၊ အရေးပြားယားယံခြင်းတွေကို ကုသရာမှာ နာမည်ကြီးတဲ့ သဘာဝပစ္စည်းတမျိုးဖြစ်ပါတယ်။ ဦးရေပြားပေါ်မှာကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေကိုတိုက်ထုတ်ပေးပြီး ‌ဦးရေပြားရောင်ရမ်းခြင်း ယားယံခြင်းတွေကိုသက်သာစေတဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေသော‌ ဦးရေပြာမှို ကူးစက်မှုကိုထိန်းချုပ်ပေးပါတယ်။ ရှားစောင်းလက်ပတ်ကို ခေါင်းမလျော်ခင်နာရီဝက်အလိုမှာ ဗောက်ထတဲ့နေရာတစ်ဝိုက်ကို ငြင်သာစွာပွတ်လိမ်းပေးပါ။