ဗောက်တွေဟာ ယောက်ျားလေးတွေအတွက်တော့ အရမ်းကို ကြည့်ရရုပ်ဆိုးစေပြီး စတိုင်ပျက်စေတဲ့အရာတွေပါပဲ။ ဘယ်လောက်ပဲ ကျော့မော့နေအောင် ဝတ်စားထားပါစေ ခေါင်းနဲ့ ပခုံးမှာ ဗောက်တွေ ပေပွနေမယ်ဆိုရင် အဲဒါဟာ အတော်ကို စိတ်ပျက်စရာပါ။ ဒီတော့ ကိုယ့်ရဲ့စတိုင်ကို လုံးဝနှောင့်ယှက်နေတဲ့ ဒီဗောက်တွေကို ဘယ်လိုတားဆီးကြမလဲဆိုတာက အရမ်းကို အရေးကြီးပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပါ

Source: www.mymed.in

ဗောက်တွေထမလာအောင်အတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့ လိုအပ်ပါတယ်။ ဇင့်ဓာတ် ၊ Omega3 Fatty Acid ဓာတ် ၊ Vitamin E နဲ့ Vitamin B တွေကို အမြောက်အမြား စားသုံးပေးသင့်ပါတယ်။ ဒါပေမယ့် အချိုကိုရှောင်ပါ။

စိတ်ဖိစီးမှုကင်းအောင်နေပါ

Source: www.experthealthreviews.com

စိတ်ဖိစီးမှုတွေဖြစ်လာရင် စိတ်အနှောင့်အယှက်တွေ ကြုံလာရင် ခုခံအားစနစ်ကို အားနည်းစေပါတယ်။ နေမကောင်းထိုင်မကောင်းဖြစ်တာ၊ အစာအိမ်နာဖြစ်စေတဲ့အပြင် ဗောက်တွေလည်း ထတတ်တာကြောင့် စိတ်ညစ်စရာတွေ စိုးရိမ်ပူပန်စရာတွေ အရမ်းမတွေးဘဲ လုံလောက်စွာ အနားယူပါ။

ဓာတ်မတည့်တဲ့ ခေါင်းလျှော်ရည်တွေ ၊ ဂျယ်တွေ

Source: www.theidleman.com

ဓာတ်မတည့်တဲ့ ခေါင်းလျှော်ရည်တွေနဲ့ ဂျယ်တွေ ၊ ခေါင်းလိမ်းဆီတွေကလည်း ဗောက်ထစေတဲ့ အဓိကတရားခံတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီလို ကိုယ်မသုံးဖူးသေးတဲ့ အမျိုးအစားတွေကို စတင်သုံးစွဲတော့မယ်ဆိုရင် သုံးရက်လောက်တော့ ကိုယ်နဲ့ အဆင်ပြေမပြေ ဓာတ်တည့်မတည့် ဆန်းစစ်နေသင့်ပါတယ်။

ပုံမှန်ခေါင်းလျှော်ပါ

Source: www.mensfitness.com

ပုံမှန်ခေါင်းလျှော်ဖို့လည်း လိုအပ်ပါတယ်။ တချို့ယောကျာ်းလေးတွေက ခေါင်းလျှော်ဖို့ကို အထူး အပျင်းကြီးတတ်ကြပါတယ်။ အဲဒီလို မလုပ်ပါနဲ့။ ဒီလိုခေါင်းမှန်မှန် မလျှော်တဲ့အခါ ကြာလာရင် ဦးရေပြားတွေမှာ ဗောက်တွေထလာနိုင်ပါတယ်။ ဒီတော့ ခေါင်းကိုလည်း ပုံမှန် သတိတရနဲ့ လျှော်ပေးကြပါလို့။