မေးနှစ်ထပ်ဖြစ်ရခြင်းအကြောင်းအရင်းက ဘာတွေများဖြစ်မလဲ။

မေးနှစ်ထပ်ဖြစ်ခြင်းသည် မေးစေ့အောက်တွင် အဆီပိုများ စုပုံခြင်းကြောင့်ပဲဖြစ်ပါတယ်။ အကြောင်းအရင်းများကတော့ အဝလွန်ခြင်း၊ မေးစေ့သေးခြင်း၊ မျက်နှာသေးခြင်း (သို့) မေးရိုးမပေါ်ခြင်း၊ ထိုင်တဲ့အခါ ခေါင်းကို အရှေ့သို့ ငိုက်စိုက်ထားခြင်း၊ အသားအရေ အိုမင်းရင့်ရော်လာခြင်း အစရှိသည်တို့ကြောင့်ပဲဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မေးစေ့နှစ်ထပ်ဖြစ်လို့ စိတ်ညစ်နေတဲ့ယောကျာ်းများအတွက် ထိရောက်မှုရှိတဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

အစားအသောက်နဲ့ ထိန်းပါ

tips for men who have double chin

ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားချင်တယ်ဆိုရင် အစားအသောက်နဲ့ ထိန်းရပါလိမ့်မယ်။ အဆီအဆိမ့်များသော အစားအစာများအစား သစ်သီးများ၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်သော သဘာဝအဆီများ၊ အစေ့အဆံများကို များများစားသုံးပေးလိုက်ပါ။ အသားအရေရဲ့ကောလဂျင်ထုတ်လုပ်မှုကို အားကောင်းစေဖို့ရန်အတွက် အရိုးပြုတ်ရည်များ၊ ပင်လယ်စာများ၊ အချဉ်ဓာတ်ကြွယ်ဝသော သစ်သီးများကိုလည်း စားသုံးပေးရပါမယ်။

လေ့ကျင့်ခန်း ပြုလုပ်ပါ

tips for men who have double chin

လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သင့်ရဲ့နောက်ကျော၊ ပုခုံးနှင့် လည်ပင်းရဲ့အနေအထားကို မှန်ကန်စေပြီး ဝိတ်အလေးချိန် ကျစေရုံသာမကဘဲ မေးစေ့ရှိ အဆီပိုများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်လာတဲ့အတွက်ကြောင့် ကောလဂျင်များများ ထုတ်လုပ်လာနိုင်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်လောက် ပစ်လို့ရပါပြီ။

လည်ပင်းလေ့ကျင့်ခန်းပြုလုပ်ပါ

tips for men who have double chin

ပုံပါအတိုင်း မျက်နှာက မျက်နှာကျက်ပေါ်သို့ မော့ကြည့်နေပါ။ လည်ပင်းက ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်ပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် နေပါ။ ပြီးရင်မှာ မျက်နှာကို မူလအနေအထားအတိုင်း ပြန်ထားပါ။

ဒီလေ့ကျင့်ခန်းကို နေ့စဉ်နေ့တိုင်း ၁၀ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်ပေးလိုက်ပါ။

လျှာလေ့ကျင့်ခန်း ပြုလုပ်ပါ

tips for men who have double chin

မျက်လုံးကို အရှေ့တူရှုသို့ ကြည့်နေစဉ်မှာပါ။ လျှာကို ပုံပါအတိုင်း နှာခေါင်းနဲ့ ထိကပ်နိုင်ဖို့ရန်အတွက် ကြိုးစားလိုက်ပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် တောင့်ထားပါ။ သတ်မှတ်ချိန်ပြည့်ပါက လျှာကို မူလအနေအထားအတိုင်း ပြန်ထားပါ။

ဒီလေ့ကျင့်ခန်းကိုလည်း နေ့စဉ်နေ့တိုင်း ၁၀ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်နိုင်ပါတယ်။

လည်ပင်းလေ့ကျင့်ခန်း နောက်တစ်မျိုး

tips for men who have double chin

ခါးကို မတ်မတ်ထားပြီး လည်ပင်းကို ပုံပါအတိုင်း မော့ထားပါ။ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် တောင့်ထားပါ။ သတ်မှတ်ချိန်ပြည့်ပါက မူလအနေအထားအတိုင်း ပြန်နေပါ။ တစ်ရက်လျှင် ၁၀ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

Source: Thetrendspotter.net

Featured Image Source: Mensopedia.com