အခုလို ပူအိုက်တဲ့နွေရာသီဆိုရင် နည်းနည်းလေးလှုပ်လိုက်တာနဲ့ကို ချွေးတွေက တဒီးဒီးစီးကျလာတာဟာ အင်မတန်ကို စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ ကိုယ်က ချစ်သူလေးနဲ့ ချိန်းထားလို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ သွားတွေ့တာ၊ ဒါမှမဟုတ် ရုံးသွားရမယ့်အချိန်တွေဆိုရင် အပြင်မထွက်မဖြစ်ကို ထွက်ရပါတော့မယ်။

ဒီလိုထွက်ရင်းနဲ့ ချွေးတွေ အသားကုန်ထွက်လာလို့ ကိုယ်ဝတ်ထားတဲ့ အဖြူရောင်အင်္ကျီမှာ အစွန်းအထင်းတွေ အကွက်တွေ ဖြစ်သွားပြီလား။ ဒီလိုဆိုတိုင်း အဟောင်းဒိုးလိုက်တော့ အသစ်ဝယ်ဝတ်မယ်လို့ ချက်ချင်းစိတ်မကူးလိုက်မိပါစေနဲ့။ ပြဿနာရှိရင် အဖြေဆိုတာ အမြဲရှိပါတယ်။

Source: Jillee

ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ချွေးကွက်တွေကို ချွတ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။

လိုအပ်သည့်ပစ္စည်းများ

  • ပန်းကန်ဆေးဆပ်ပြာတုံး
  • ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
  • မုန့်ဖုတ်ဆိုဒါ

ပြင်ဆင်ပုံအဆင့်ဆင့်

ပါဝင်ပစ္စည်းသုံးမျိုးကို ပန်းကန်လုံးတစ်ခုထဲမှာ အချိုးအစားတူညီစွာ ပေါင်းစပ်ကာ ပြစ်နှစ်သွားအောင် ရောမွှေပါ။ ထို့နောက်မှာ ချွေးကွက်စွန်းနေတဲ့ တီရှပ်အင်္ကျီပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ လက်ချောင်းလေးတွေ သို့မဟုတ် သွားတိုက်တံကိုအသုံးပြုပြီးတော့ သေချာပွတ်ပေးလိုက်ပါ။

ပြီးလျှင် အနည်းဆုံး ၁ နာရီလောက်ကြာအောင် ထားပေးလိုက်ပြီး အင်္ကျီကိုလျှော်ချလိုက်ပါ။ အင်္ကျီမှာ အစွန်းအထင်းတွေ မရှိတော့တာကို တွေ့မြင်ရပါလိ့မ်မယ်။

Source: Beyond Words

အခြားနည်းလမ်းတစ်ခု

အကယ်လို့ အထက်ဖော်ပြပါ ပါဝင်ပစ္စည်းတွေကို ရှာလို့မလွယ်ဘူးဆိုပါက Aspirin ၂ ပြားကို ကြိတ်ခြေပြီးတော့ ရေနွေးနွေးလေး ခွက်တစ်ဝက်ထဲမှာ ဖျော်လိုက်ပါ။ စွန်းနေတဲ့နေရာအပိုင်းလေးကို ထိုရေထဲမှာနှစ်လိုက်ကာ စိမ်ထားပါ။ ၃ နာရီကြာသွားပြီဆိုပါက အဝတ်လျှော်စက်ထဲထည့်လျှော်ပေးနိုင်ပါတယ်။

Aspirin လည်းမရှိဘူးဆိုရင်တော့ နောက်နည်းလမ်းတစ်ခုက သံပုယိုရည်ပါပဲ။ သံပုယိုရည်နှင့် ရေနွေးနွေးတို့ကို ပန်းကန်လုံးထဲမှာ အချိုးအစားညီမျှစွာ ပေါင်းစပ်လိုက်ပါ။ အထက်ကနည်းအတိုင်းပဲ စွန်းနေတဲ့နေရာကို ထိုအရည်ထဲနှစ်လိုက်ကာ ၃ နာရီကြာစိမ်ထားပါ။ အချိန်ပြည့်ရင် လျှော်ပေးနိုင်ပါပြီ။

Featured Image Source: familydoctor.org