အဖြူရောင်သွားကနေ အကြောင်းအမျိုးမျိုးကြောင့် အရောင်တွေပြောင်းသွားတက်ကြပါတယ်။ အဝါရောင်သွားတွေက သွားကျန်းမာရေးဂရုမစိုက်တာရယ် တစ်ချို့သောအစားအစာတွေကြောင့်လည်း ဖြစ်တက်ပါတယ်။ သွားတွေက အဝါရောင်ဖြစ်နေရင် လူအများရှေ့မှာ သွားပေါ်အောင် မရယ်ရဲဘဲဖြစ်နေတက်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ သွားတွေကို သဘာဝအတိုင်းဖြူနေအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

သွားတိုက်ပါ

Source: Newsweek

ဒါကတော့ ပထမဆုံးလုပ်ရမယ့်အချက်ပါပဲ။ သွားကို တစ်ရက်ကို (၂) ကြိမ်ပုံမှန်တိုက်ပေးဖို့ လိုအပ်ပါတယ်။ သွားတစ်ကြိမ်တိုက်ရင် (၂) မိနစ်ခန့်အချိန်ယူပေးပါ။ အစားအစာပြီးချက်ခြင်း သွားတိုက်တာမျိုးတော့ မလုပ်ပါနဲ့။

ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ

Source: Healthline

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ပန်းသီးအရက်ရှာလကာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းတို့ကို ရောစပ်လိုက်ပါ။ အဲဒီနှစ်မျိုး သမသွားအောင် မွှေပေးရမှာပါ။ ရောမွှေပြီးသွားရင် သွားတိုက်ဆေးလိုမျိုး အသုံးပြုပြီး သွားတိုက်ပေးရမှာဖြစ်ပါတယ်။ သွားတိုက်ပြီးသွားရင် ရေများများနဲ့ ပါးစပ်ကို သန့်စင်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းကိုတော့ မကြာခဏအသုံးမပြုသင့်ပါဘူး။ တစ်ပတ်ကို (၂) ကြိမ်ခန့်ဆိုရင် လုံလောက်ပါပြီး။ အကယ်၍ ဒီနည်းက သွားကို နာကျင်စေတယ်ဆိုရင် အသုံးမပြုပါနဲ့။

ဆားခါး (Epsom Salt)

Source: Women’s Health

ဆားခါးနဲ့ ရေတို့ကို ပမာဏအတူတူပဲ ရောစပ်လိုက်ပြီး ဆားပျော်ဝင်သွားတဲ့အထိ မွှေပေးပါ။ ဒီအရောအနှောကို သွားမှာ ပွတ်လိုက်ပြီး သွားတိုက်တံနဲ့ တိုက်ပေးလိုက်ပါ။ အဲဒီအရောအေနှာနဲ့ ပလုတ်ကျင်းလို့လည်းရပါတယ်။ ပြီးရင် ရေသန့်နဲ့ ပါးစပ်ကို သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

မီးသွေးအမှုန့်

Source: CNET.com

သွားပေါ်က အညစ်အကြေးတွေကို သန့်စင်ထားတဲ့ မီးသွေးအမှုန့် အသုံးပြုပြီးလည်း ဖယ်ရှားနိုင်ပါတယ်။ မီးသွေးဟာ စုပ်ယူအားကောင်းတာကြောင့် သွားပေါ်ကအစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်တာပါ။ ပြီးတော့ ပါးစပ်အတွင်းက ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။