အဝတ်အစားနဲ့ သင့်အပေါ် လူတွေရဲ့ အမြင်ကို ပြောင်းလို့ရပါတယ်။ ဝတ်တဲ့စားတဲ့ပုံကို ပြင်လိုက်တာနဲ့ သင့်ဖက်ရှင်က သင့်ရဲ့ အသွင်အပြင်ကို မျက်လှည့်တစ်ခုလို ပြောင်းပေးနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ အထက်တန်းကျကျ ဝတ်စားတတ်ဖို့ သိထားသင့်တဲ့ အခြေခံအချက် ၃ ချက်ကို ပြောပြသွားမှာပါ။
(၁) Suit ဝတ်နည်းကို ကျကျနန သိပါစေ
Photo: thegentlemansjournal
အနောက်တိုင်းဝတ်စုံဟာ စမတ်ကျကျ ဖက်ရှင်အတွက် အများကြီး အထောက်အကူပြုတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ Suit ဝတ်စုံပြည့် မဝတ်နိုင်ရင်လည်း ဂျက်ကတ်နဲ့ ရှပ်အင်္ကျီကောင်းလေး ဝတ်ဖို့ အကြံပြုချင်ပါတယ်။
(၂) သပ်ရပ်သန့်ရှင်းမှု သတိပြုပါ
Photo: menswearstyle
ဘယ်အဝတ်အစားဝတ်ဝတ် သေချာလေး လျှော်ဖွပ် မီးပူလေးထိုးပြီးမှ ဝတ်သင့်ပါတယ်။ အဝတ်အစားလိုပဲ ရုပ်ပိုင်းဆိုင်ရာလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဆံပင်ဒီဇိုင်းနဲ့ မုတ်ဆိတ်တွေကိုလည်း သပ်ရပ်ပြီး ကြည့်ကောင်းအောင် ပြုပြင်ပေးသင့်သလို အသားအရေကိုလည်း ကျန်းမာကြည်လင်ဖို့ ပုံမှန်လည်း ဂရုစိုက်ပေးသင့်ပါတယ်။
(၃) အဝတ်အစားပြောင်းပါ
Photo:baldur
ကိုယ့်ရဲ့ အဝတ်ဗီရိုကို အဆင့်မြှင့်လိုက်ခြင်းက ကိုယ့်ရဲ့ ဖက်ရှင်ကို အဆင့်ပြောင်းလိုက်တာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ ဖိနပ်တစ်ရံဝယ်ဖို့ ပိုက်ဆံသိပ်မနှမြောဖို့ လိုပါတယ်။ အဝတ်အစား သိပ်အများကြီး ဝယ်မယ့်အစား ကိုယ့် အဝတ်ဗီရိုထဲက အဝတ်အစားနည်းနည်းလေးဟာ Quality ကောင်းပြီး ဝတ်လိုက်တိုင်း အဆင့်အတန်းရှိနေဖို့ အလေးပေးသင့်ပါတယ်။