ထာဝစဉ်တည်တံ့ခိုင်မြဲတဲ့ အချစ်အိမ်လေး တည်ဆောက်ချင်ကြတဲ့ ချစ်သူစုံတွဲများအနေနဲ့ တစ်ယောက်အကြောင်းတစ်ယောက် နောကျေနေအောင် သိနားလည်ဖို့လိုအပ်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် သိမှသာလျှင် သူ့ရဲ့ခံစားချက်များကို ကိုယ်ချင်းစာပြီး ကတောက်ကဆဖြစ်ခြင်း၊ ရန်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

သင့်ကောင်မလေးရဲ့အကြောင်းကို တစ်စထက် တစ်စ သိနားလည်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အဆင့်များကို လိုက်နာသင့်ပါတယ်။

အဆင့် (၁) သူ(မ)နဲ့ ပတ်သက်လာရင် အမြဲတမ်းစပ်စုချင်စိတ်ရှိရပါမယ်

Tips to Get to Know Your Partner on a Deeper Level

သူတို့ရဲ့ဘဝအကြောင်း၊ ခံစားချက်၊ အလုပ်အကိုင်၊ နေ့စဉ်ဖြတ်သန်းခဲ့ရတဲ့အရာများ အစရှိသော အကြောင်းအရာများအားလုံးကို စိတ်ဝင်တစားရှိဖို့လိုပါတယ်။ သင့်ကောင်မလေးအကြောင်း အားလုံးသိထားပြီးပြီလို့ သင်ထင်နေပေမယ့် တကယ်တမ်းကျတော့ သင် မသိသေးတာတွေ အများကြီးကျန်နေပါသေးတယ်။

အဆင့် (၂) သူ(မ)ရဲ့အတွေးအမြင်များ၊ အယူအဆများ၊ ခံစားချက်များကို များများဖော်ပြပေးနိုင်မယ့် မေးခွန်းတွေ မေးပါ

Tips to Get to Know Your Partner on a Deeper Level

အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လာလျှင် သူ(မ)ရဲ့ ထင်မြင်ယူဆချက်များကို မေးမြန်းခြင်းအားဖြင့် သူ(မ)အကြောင်း သင် သိနားလည်လာပါလိမ့်မယ်။ “Yes, No” မေးခွန်းတွေပဲ မေးမယ်ဆိုရင်တော့ ပျင်းရိဖွယ်ကောင်းလှပါတယ်။

အဆင့် (၃) သူ(မ) အဖြေကို သေချာနားထောင်ပြီး အဖြေတစ်ခုနဲ့ တစ်ခု ဆက်စပ်ကြည့်ပါ

Tips to Get to Know Your Partner on a Deeper Level

အာရုံစူးစိုက်စွာ နားထောင်ခြင်းသည် သင့်ကောင်မလေးကို ဂရုစိုက်ကြောင်း ဖော်ပြပေးနေတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ သူ(မ) ပြောတဲ့အကြောင်းအရာများကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ကြည့်မယ်ဆိုရင် သူ(မ)ရဲ့ စိတ်ရင်းအမှန်ကို သိနားလည်လာပါလိမ့်မယ်။

အဆင့် (၄) သူ(မ)ရဲ့ထိရှလွယ်သော စိတ်ခံစားချက်များကိုလည်း သေချာလိုက်မှတ်ထားပါ

Tips to Get to Know Your Partner on a Deeper Level

အဆင့် (၂) မှာတုန်းက သူ(မ)ရဲ့ထင်မြင်ချက်တွေကို သင် မေးပြီးသွားခဲ့ပါပြီ။ သူ(မ)ရဲ့အဖြေတွေထဲကနေ သူ(မ) ကြောက်တဲ့အရာတွေ စိတ်ဒဏ်ရာတွေ သည်းမခံနိုင်တဲ့အရာတွေကို သင် သိပြီးသားဖြစ်မှာပါ။ ဥပမာဆိုရသော် “ငါ ငယ်ငယ်တုန်းက ရေနစ်ခဲ့ဖူးလို့ ရေကူးရမှာ ကြောက်တယ်” (သို့) “အိမ်တွင်းအကြမ်းဖက်မှုကိုတော့ ရွံ့မုန်းတယ်။ ဘာလို့လဲဆိုတော့ ငါလည်း ငယ်ငယ်တုန်းက အဲ့လိုအကြမ်းဖက်ခံခဲ့ရလို့ပဲ” စတဲ့ သူ(မ) ပြောစကားတွေကနေ သူ(မ)ရဲ့အတိတ်မှတ်ဉာဏ်ဆိုးများကို သိရှိသွားတဲ့အခါ နွေးနွေးထွေးထွေးဆက်ဆံပေးဖို့လည်း လိုပါတယ်။

အဆင့် (၅) အမှတ်တရများ အတူတူ တည်ဆောက်ပါ

Tips to Get to Know Your Partner on a Deeper Level

အမှတ်တရကောင်းများ တည်ဆောက်ရင်းနဲ့ တဖြည်းဖြည်း သံယောဇဉ်တွေ တွယ်ငြိလာပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာကနေတဆင့် သံယောဇဉ်တွေ တွယ်ငြိသွားမယ်။ ထိုမှတဆင့် တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်မိသွားပါလိမ့်မယ်။

အဆင့် (၆) သူ(မ)ရဲ့မိဘတွေနဲ့ တွေ့ဆုံပါ

Tips to Get to Know Your Partner on a Deeper Level

သင့်ကောင်မလေးအကြောင်း ထဲထဲဝင်ဝင် သိချင်တယ်ဆိုရင်တော့ သူ(မ)ရဲ့ဆွေမျိုးများ၊ မိဘများနဲ့ တွေ့ဆုံကာ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားသင့်ပါတယ်။ အစပိုင်းမှာတော့ သင် မဝံ့မရဲဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ တဖြည်းဖြည်းကျင့်သားရလာပြီး သင့်ကောင်မလေးရဲ့အကြောင်းတွေသာမက သူ့ရဲ့ဆွေမျိုးများနှင့်လည်း ရင်းနှီးသွားပါလိမ့်မယ်။

Source: Nextluxury.com