ဆံပင်ကို သဘာဝအတိုင်း သန်စွမ်းအောင် လုပ်နိုင်တဲ့ နည်းတွေ ရှိသလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် ဆံပင်တွေဟာ တစ်လမှ ပျမ်းမျှ လက်မဝက်လောက်ပဲ ရှည်ထွက်လာတတ်တယ်ဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။ ဒါကြောင့် တစ်ပတ်လောက်နဲ့ ဆံပင်လက်နှစ်သစ်လောက် ရှည်လာဖို့ မမျှော်လင့်ထားတာ ကောင်းပါတယ်။

ဆံပင်အမြန်ရှည်လျားသန်စွမ်းဖို့ဆိုရင် အခြေခံအားဖြင့် ခေါင်းလျှော်ရည်သုံးတာ ဂရုပြုဖို့ ၊ အစားအသောက်ရွေးချယ်မှု မှန်ဖို့နဲ့ ရေချိုးရာမှာ စနစ်ကျဖို့ လိုပါတယ်။ ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့ အမျိုးသားတွေအတွက် ဆံပင်အမြန်သန်စွမ်းစေမယ့် အချက်လေးတွေလည်း ကြည့်လိုက်ရအောင်ပါ။

(၁) Shampoo သိပ်မသုံးနဲ့

man_taking_shower_with_shower_steamer

Photo: rockymountainbarber

နေ့တိုင်း ခေါင်းလျှော်နေရင် ဆံသားအဆီတွေ ခမ်းကုန်ပြီး ဆံပင်အားနည်းလာနိုင်ပါတယ်။ ကြာလာတာနဲ့အမျှ ဆံပင်အဖျားတွေ နှစ်ခွဖြစ်ပြီး ဆံပင်တွေ ပျက်စီးဆုံးရှုံးလာတတ်ပါတယ်။ ဆံပင်အမြန်သန်စွမ်းဖို့အတွက် တစ်ပတ်မှာ Shampoo ကို တစ်ကြိမ် နှစ်ကြိမ်ထက် ပိုမသုံးမိပါစေနဲ့။ ရေလျှော်စရာမလိုတဲ့ Leave-In Conditioner ဆံပင်ပျော့ဆေးလည်း သုံးကြည့်ပါ။

(၂) ခေါင်းဖြီးပါ သိပ်တော့ မများပါစေနဲ့

man combing hair

Photo: Shutterstock

နူးညံ့တဲ့ Hairbrush တစ်ခုနဲ့ ဆံပင်ကို ပုံမှန် ဖြီးပေးတာက ဆံပင်သန်တာ မြန်စေပါတယ်။ဆံပင်က ထွက်တဲ့ သဘာဝအဆီတွေကိုလည်း နေရာအနှံ့ ဖြန့်ရာရောက်လို့ ဆံပင်သန်စွမ်းမှုကို ပိုပြီး ဟန်ချက်မျှစေပါတယ်။ နောက်တစ်ခုက ခေါင်းဖြီးခြင်းဟာ ဆံသားတွေထဲ သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးရာရောက်လို့ ဆံပင်ကျန်းမာရေးလည်း ပိုကောင်းစေပါတယ်။

(၃) မျှတညီညွတ်တဲ့ Diet စားပါ

how-to-grow-your-hair-faster-food

Photo: manforhimself

ဆံပင်သန်စွမ်းဖို့အတွက် အစားအသောက်ကလည်း အရေးကြီးပါတယ်။ လုံလောက်မျှတတဲ့ အစားအသောက်စားပေးခြင်းဟာ ဆံပင်သန်စွမ်းစေတဲ့ ဗိုက်တာမင်တွေဖြစ်တဲ့ Biotin ၊ Folic Acid နဲ့ ဗိုက်တာမင် အေ ၊ စီ ၊ ဒီ ၊ အီးတို့ကို ပိုထုတ်လုပ်နိုင်ပါတယ်။ ဆံပင်အတွက် အကျိုးများတဲ့ အာဟာရဓါတ်တွေ ထုတ်လုပ်ပေးနိုင်တာကြောင့် ဆံပင်ဖွံ့ဖြိုးမှုလည်း ပိုအားကောင်းစေပါတယ်။

Diet Plan အနေနဲ့ တစ်နေ့ အနည်းဆုံး ရေ ၁ လီတာခွဲ ၂ လီတာ သောက်ပါ။ မနက်စာနဲ့ နေ့ခင်းစာအတွက် အသားဓါတ် ၁၂၀ ဂရမ်စားပေးပါ။ အစေ့အဆံ ၊ ပဲသီး ၊ တို့ဖူးတွေလည်း စားပေးနိုင်ပါတယ်။ Biotin ဓါတ်ရဖို့ ဆယ်လ်မွန်ငါး ၊ ကမာ ၊ ထောပတ်သီးတွေ စားပါ။ ဗိုက်တာမင်စီအတွက် ကန်စွန်းဥ ၊ အချဉ်ဓါတ်ပါတဲ့ သစ်သီးတွေ စားပေးဖို့လည်း လိုပါတယ်။

(၄) အပူရှောင်ပါ

man taking shower

Photo: The Guardian

အသားအရေဂရုစိုက်ချင်ရင် Hot Water ချိုးတာ ရှောင်ရမယ်လို့ သိထားကြမှာပါ။ ဆံပင်လည်း ဒီအတိုင်းပါပဲ။ ပူနွေးတဲ့ ရေဟာ ဆံသားထဲက သဘာဝအဆီတွေကို တိုက်စားသွားနိုင်တာကြောင့် ဆံပင်ပျက်စီးစေနိုင်ပါတယ်။ ဒီလိုပြောလို့ Cold Shower လုပ်ရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။ မအေးမနွေး ပုံမှန်ရေလောက်က ဆံပင်ကျန်းမာရေးအတွက် ပိုပြီး သင့်လျော်ပါတယ်။

(၅) ဆံပင်ကို အနားပေးပါ

How To Grow Hair Fast For men

Photo: ketomac

ဆံပင်သန်ချင်ရင် သူ့ကို သဘာဝအတိုင်း နေဖို့ အချိန်ပေးရမှာပါ။ ဆံပင်ကို Blow Dryer နဲ့ အခြောက်ခံတာမျိုး ရှောင်ပါ။ ရေချိုးပြီးပြီးချင်း ခေါင်းဖြီးတာတွေ မလုပ်ပါနဲ့။ ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေ ပါတဲ့ Hair Styling ထုတ်ကုန်တွေ သုံးတာ ၊ ဆံပင်ဆေးဆိုးတာမျိုးလည်း ရှောင်ကြဉ်ပါ။ ဆံပင်အတွက် ဆီလိမ်းမယ်ဆိုရင် Lightweight Hair Oil နည်းနည်းပဲ သုံးပါလို့ အကြံပြုချင်ပါတယ်။