ဒီနေ့မှာတော့ ကွီးတို့ရဲ့ ဆံပင်တွေ မြန်မြန်ရှည်လာစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်း ၅ ခုကို ဖော်ပြပေးထားပါတယ်။
ဆံပင်ကို ကာကွယ်မူတွေပြုလုပ်ပါ
Source: The Fashion For Men
ဆံပင်ကောက်ခြင်း၊ ဆံပင်ဖြောင့်ခြင်း၊ ဆံပင်ဆေးဆိုးခြင်း စတာတွေအားလုံးဟာ သင့်ရဲ့ဆံပင်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့ဆံပင်ကို အလွန်အမင်း အကြိမ်ကြိမ် အခါခါ ပုံသွင်းခြင်း စတာတွေ ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
ဒါ့အပြင် သင့်ရဲ့ဆံပင်တွေကို ဖုန်မှုန့်တွေနှင့် အလွန်အမင်းထိတွေ့ခြင်း၊ နေရောင်နှင့် အလွန်အမင်း ထိတွေ့ခြင်း၊ နေပူ လေပူစတာတွေနဲ့လည်း ထိတွေ့ခြင်းကိုလည်း လျှော့ချပေးသင့်ပါတယ်။
ဆံပင်သန်စွမ်း ဖို့ရာအတွက် အဓိကအရေးကြီးဆုံးကတော့ သင့်ဆံပင်ကျန်းမာအောင် အရင် ပြုလုပ်ပေးရပါမယ်။ သင့်ရဲ့ဆံပင်အတွက် မရှိမဖြစ် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းခြင်းနှင့် ပျက်စီးခြင်းမှ ကာကွယ်ခြင်းထက် ပိုကောင်းတဲ့ နည်းလမ်း မရှိပါဘူး။
ဆံပင်အတွက်လိုအပ်တဲ့ အဟာရဓာတ်ပါသော အစားအစာများကို စားသုံးပေးပါ
Source: MensXP
လုံလောက်သော အာဟာရဓာတ်များ ပါဝင်တဲ့ အစားအသောက်များ စားပေးခြင်းဟာ ဆံပင်သန် လာစေဖို့ရာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ အသားဓာတ် နှင့် အဆီဓာတ်များ။ ကြက်၊ ငါး၊ ဥများ၊ ပဲပိစပ် ထွက်ကုန်များ၊ မြေပဲ စတာတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာ အသားဓာတ်ကို တိုးစေပြီး ဆံပင်အတွက် လိုအပ်တဲ့ ကော်လဂျင်ဆိုတဲ့ ဓာတ်ကို ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ကော်လဂျင်ဆိုတဲ့ ဓာတ်ဟာ ဆံပင်၊ လက်သည်း စတာတွေမှာ ပါဝင်တဲ့ အရေးကြီးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။
အဆီမပါတဲ့ တိရိစ္ဆာန်တွေရဲ့ အသားတွေကို စားပေးခြင်းအားဖြင့် သံဓာတ်ရရှိနိုင်ပါတယ်။ ပဲပိစပ် ထွက်ကုန်များ၊ ပဲများနှင့် ပဲနီလေး စတာတွေကို စားပေးခြင်းအားဖြင့်လည်း ရနိုင်ပါတယ်။
ဇင့်ဓာတ်ဟာ ဆံပင်ရဲ့ ဖွဲ့စည်းပုံမှာ မရှိမဖြစ် အရေးကြီးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ရွှေဖရုံသီးချက်၊ ပြည်ကြီးငါး၊ အဆီနည်းသော အမဲသားချက် စတာကိုတွေ စားပေးခြင်းဟာ သင့် ဆံပင်လိုအပ်နေတဲ့ ဇင့်ဓာတ်ကို ဖြည့်စည်းပေးနိုင်ပါတယ်။
ဟောမုန်းပမာဏကိုထိန်းပေးပါ
Source: Forbes
ဟော်မုန်းပမာဏ ပြောင်းလဲခြင်းဟာ ဆံပင်ကျွတ်ခြင်း သို့မဟုတ် ဆံပင် မသန်စွမ်းခြင်း စတာတွေကို ဖြစ်စေပါတယ်။ ဟော်မုန်း ပမာဏ မညီမျှခြင်းဟာ စိတ်ဖိစီးခြင်း ဖြစ်စေပြီး အိပ်ရေးပျက်ခြင်းတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ စိတ်ဖိစီးမှု အလွန်အမင်း ဖြစ်ခြင်းကို ရှောင်ကြဉ်သင့်ပြီး လုံလုံလောက်လောက် အိပ်စက်ကာ သင့်ကျန်းမာရေးကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။