မိမိချစ်မြတ်နိုးရတဲ့ သူနဲ့လမ်းခွဲရတဲ့အခါမှာ ခံစားရတဲ့ ခံစားချက်ဟာ ဖော်ပြရခက်ပါတယ်။ သေချာတာတခုကတော့ အလွန်ပဲ ကြေကွဲဝမ်းနည်းရတယ်ဆိုတာပါပဲ။ အချိန်အကြာကြီးတွဲခဲ့တာဖြစ်ဖြစ် အချိန်ကာလအနည်းငယ်သာ တွဲခဲ့ရတာပဲဖြစ်ဖြစ် တကယ်ချစ်မြတ်နိုးတဲ့သူကတော့ ခံစားရမှာအမှန်ပါပဲ။

ဒီနေ့တော့ အသည်းကွဲတာကို ကုသပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

အချိန်အတိုင်းအတာတစ်ခုအထိ တစ်ကိုယ်တည်းနေကြည့်ပါ

Source: Tinybuddha

လူတွေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ အဆက်အသွယ်ဖြတ်ကာ တစ်ကိုယ်တည်းနေကြည့်ပါ။ မိမိအသည်းကို ခွဲသွားသူကိုတော့ သွားပြီးအဆက်အသွယ်မလုပ်ဖို့ကတော့ ပိုပြီးအရေးကြီးပါတယ်။ အသည်းကွဲတာဟာ အချိန်ပေးပြီးကုစားရတဲ့ အမျိုးပါ။ ယခုချက်ခြင်း ပျောက်ကင်းသွားနိူင်တဲ့ အမျိုးမဟုတ်ပါဘူး။

အချိန်ကြာလာတာနဲ့အမျှ အလိုလိုပြန်ပြီးကောင်းလာပါလိမ့်မယ်။ အရင်တုံးက လုပ်ချင်ပေမဲ့ လုပ်ခွင့်မရှိခဲ့တဲ့ အရာတွေကို လိုက်ပြီးလုပ်ပေးပါ။

ငိုပါ

Source: Usaplash

ငိုကြွေးတတ်တဲ့ အမျိုးသားတွေက လူတွေက လူပျော့ ဂေးတွေဆိုပြီး ပြောဆိုတတ်ကြပါတယ်။ တကယ်တမ်းက ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။ လမ်းခွဲပြတ်စဲတဲ့ စိတ်ဖိအားဒဏ်ရာကြောင့် ထွက်ရှိလာတဲ့ ဟော်မုန်းတွေ မျက်ရည်ထဲမှာပါဝင်ပါတယ်။ ငိုကြွေးလိုက်ခြင်းဖြင့် ဒီမကောင်းတဲ့ ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲကနေ အပြင်ကိုထွက်ရှိသွားပါလိမ့်မယ်။

ယောကျ်ားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် အသည်းကွဲတဲ့အချိန်မှာ ပထမဆုံးလုပ်ရမှာက အားပါးတရငိုလိုက်ဖို့ပါပဲ။

အားပေးနှစ်သိမ့်မှုကို ရှာဖွေပါ

Source: Care for pastors

မိမိအခင်ဆုံးလို့ ထင်တဲ့သူငယ်ချင်းထံမှာ ရင်ဖွင့်ပါ။ အသည်းကွဲနေတဲ့ အကြောင်းကို သေချာရှင်းပြထားဖို့တော့လိုပါတယ်။ ဘာလို့လဲဆိုတော့ တချို့သူငယ်ချင်းတွေက အစအနောက်သန်တော့ အခြေအနေက ပိုမိုဆိုးရွားသွားနိူင်လို့ပါပဲ။

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်ထွက်ပေးပါ။ လျှောက်လည်ပေးပါ။ ခရီးထွက်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အသည်းကွဲတဲ့ ရောဂါကို မေ့သွားနိူင်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ အသည်းကွဲတယ်ဆိုတာ ကမ္ဘာကြီးပျက်သွားတာမဟုတ်ပါဘူးဆိုတာပါပဲ။ တစ်ချို့လူတွေက မိမိချစ်တဲ့သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဘာမှမရှိတော့သလို ခံစားရတတ်ပါတယ်။ မျှော်လင့်ချက်ထားပါ။ အခုတစ်ယောက်နဲ့လမ်းခွဲလိုက်ရပေမယ့် စိတ်မပျက်ပါနဲ့။ နောက်ဒီထပ်ကောင်းတဲ့သူနဲ့ ထပ်တွေ့ရဖို့ ဖြစ်တာလို့ပဲ မှတ်ယူပြီး ရှေ့ဆက်ဖို့ အကောင်းဆုံးကြိုးစားပါ။