သင့်မှာ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေ ရှိပါသလား။ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာ့လူဦးရေရဲ့သန်းပေါင်း ၃၀၀ ခန့်က စိတ်ဓာတ်ကျခြင်းနဲ့အတူတူ ရှင်သန်နေထိုင်နေကြရတာပါ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်သည် ခံစားရတဲ့ ရောဂါလက္ခဏာချင်း မတူညီကြပါဘူး။

အချို့က ဝမ်းနည်းပြီး မျက်ရည် ဖြိုင်ဖြိုင်ကျတတ်ပါတယ်။ အချို့ကတော့ အနာဂတ်ပျောက်ကာ ဘာမျှော်လင့်ချက်မှ မရှိတော့သလို ခံစားရကြပါတယ်။ အချို့ကလည်း အပြစ်ရှိသလို၊ အချို့ကလည်း ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို ဂရုမစိုက်ကြတော့ဘဲ ဖြစ်သလို နေတတ်ကြပါတော့တယ်။ မိမိရဲ့ကျန်းမာရေးကို ဂရုမစိုက်တော့ခြင်း၊ အရာရာကို လျစ်လျူရှုလိုက်ခြင်း၊ သေခြင်းတရားနှင့် မိမိကိုယ်ကို သတ်သေခြင်း အစရှိသည်တို့ကိုသာ ပြောနေခြင်း စသည်တို့သည် စိတ်ကျရောဂါရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

သင့်ပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်းများ အထက်ဖော်ပြပါ လက္ခဏာများ ခံစားကြုံတွေ့နေရပါက အခုလိုနည်းလမ်းများနဲ့ အဖော်ပြုအားပေးနိုင်ပါတယ်။

သူတို့ပြောတာ နားထောင်ပါ

how to take care of your depressed friend

Photo Source: Hotzehwc.com

သူတို့အခက်အခဲတစ်ခုခု ရှိလာတဲ့အခါ လျစ်လျူရှုမထားဘဲ သေသေချာချာနားထောင်လိုက်ပါ။ ခံစားချက်များ မျိုသိပ်ထားတတ်သူတွေက သူတို့ရဲ့ခံစားချက်ကို လွယ်လွယ်နဲ့ဖွင့်ဟပြောဆိုမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ စိတ်ရှည်ဖို့ လိုအပ်ပြီး သူတို့လိုအပ်တဲ့အချိန်တိုင်းမှာ အဆင်သင့်ရှိနေပေးမှာဖြစ်ကြောင်း အားပေးစကားပြောနိုင်ပါတယ်။

အဆက်အသွယ်မပြတ်ပါစေနဲ့

how to take care of your depressed friend

Photo Source: Pinterest.com

လူတိုင်းမှာ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်တတ်ကြပေမယ့် သင့်ရဲ့စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းနဲ့တော့ အဆက်အသွယ်မပြတ်ဖို့အရေးကြီးပါတယ်။ သူတို့နဲ့အချိန်တိုင်း အတူမရှိပေးနိုင်ဘူးဆိုရင်တောင်မှ ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ မက်ဆေ့ပို့တာပဲဖြစ်ဖြစ် သူတို့ရဲ့အခြေအနေကို စစ်ဆေးနိုင်ပါတယ်။

မိမိရဲ့အတွေ့အကြုံနဲ့ မနှိုင်းယှဉ်ပါနဲ့

how to take care of your depressed friend

Photo Source: Thesocialman.com

“ငါ့တုန်းက စိတ်ညစ်စရာတွေ ဘယ်လောက်များများ၊ ငါ ကြံ့ကြံ့ခံခဲ့ရတာ” “ငါ မင်းကို နားလည်ပါတယ်။ ငါတို့အကုန်လုံး အဲ့လိုခံစားချက်မျိုး ခံစားဖူးကြသူတွေချည်းပဲ” စတဲ့ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ကာ အားပေးစကားပြောတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ လူတိုင်းရဲ့စိတ်ဓာတ် ခံနိုင်ရည်သည် မတူညီကြပါဘူး။ သင့်အနေနဲ့ ကိုယ် ပြောလိုက်တဲ့အားပေးစကားက သူ့အတွက် ထိုးနှက်စရာ ဖြစ်မသွားဖို့လိုပါတယ်။

သင့်ကိုယ်သင်လည်း ဂရုစိုက်ပါ

how to take care of your depressed friend

သင့်ရဲ့ရှိသမျှ စွမ်းအင်တွေအကုန်လုံးကို သင့်မိတ်ဆွေထံ ပို့ထားမယ်ဆိုရင် သင် နာမကျန်းဖြစ်တဲ့အချိန်မှာဆိုရင်ရော သင့်ကို ဘယ်သူဂရုစိုက်ပေးမှာလဲ။ စိတ်ဓာတ်ကျနေတဲ့သူကို ဂရုစိုက်နေရင်းနဲ့ သူ့ရဲ့အပူတွေ မိမိထံ ကူးစက်မလာဖို့အတွက် ဘောင်တွေ ကန့်သတ်ထားဖို့လိုပါတယ်။ ဒါမှ သင်လည်း စိတ်ရောလူပါ ကျန်းမာပြီး သူတစ်ပါးကို အားပေးကူညီနိုင်မှာမဟုတ်လား။

Source: Healthline.com