ဆယ်ကျော်သက်အရွယ်တုန်းက ပေါင်းသင်းဆက်ဆံရေးရဲ့အရေးပါပုံကို မသိကျိုးကျွန်ပြုလို့ရပေမယ့် အသက်အရွယ်ရလာပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်လာတဲ့အခါ လူမှုဆက်ဆံရေးသည် အဓိကအကျဆုံးဖြစ်လာပါတယ်။

မိမိရဲ့လုပ်ငန်းခွင်မှာ အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့အတွက် လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ။

 ဝါသနာတူသူများနဲ့ အပေါင်းအသင်းပြုလုပ်ပါ

tips for businessman who wants to be sociable

ကိုယ်နဲ့ လုပ်ငန်းချင်းတူတဲ့သူများ၊ ဝါသနာတူသူများနဲ့ မိတ်ဆွေဖွဲ့ပြီး သူတို့ဘာလုပ်နေသလဲဆိုတာ အမြဲမပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်။ ကိုယ့်စီးပွားရေးအတွက် သူတို့ရဲ့မဟာမိတ်ဖွဲ့ဖို့လည်း လိုအပ်သလို လိုအပ်ပါကလည်း သူတို့ဆီက လေ့လာသင်ယူနိုင်ပါတယ်။

စစ်မှန်မှုရှိဖို့လည်း လိုပါတယ်

tips for businessman who wants to be sociable

အချို့လူတွေသည် လူကဲခတ်တော်ကြပါတယ်။ ဘယ်အပြုံးက ဟန်ဆောင်ပြုံးလဲ၊ ရင်ထဲကလာတဲ့အပြုံးလဲဆိုတာ သိကြပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ Customer များ၊ စီးပွားဖက်များ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ စစ်မှန်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ဒါမှ သင့်ကို ယုံကြည်ကြမှာပါ။

ကိုယ့်ဘက်က စတင်ဖို့လည်း ဝန်မလေးပါနဲ့

tips for businessman who wants to be sociable

မိတ်ဆွေသစ်များနဲ့ မိတ်ဖွဲ့ပြီး အသစ်သော Networking တစ်ခု ချဲ့ထွင်တဲ့အခါ ကိုယ့်ဘက်က စတင်မိတ်ဆက်ဖို့လည်း ဝန်မလေးပါနဲ့။ သင့်အနေနဲ့ ဒဲ့တိုးကြီး မိတ်ဆက်ရမှာ ဝန်လေးတဲ့အခါ သင်တို့နှစ်ယောက်ကြားရှိ Mutual သူငယ်ချင်းကနေတဆင့် မိတ်ဆက်နိုင်ပါတယ်။

မိတ်ဆက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် Confidence ရှိပါစေ

tips for businessman who wants to be sociable

စတင်မိတ်ဆက်တဲ့အခါ သူတို့နဲ့ Eye Contact ရှိပြီး စကားပြောဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့အခါ တစ်ဖက်လူသည်လည်း သင်နဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက်ဖြစ်စေ၊ သင်နဲ့ စီးပွားရေး စပ်တူဝယ်ယူ၍ ဖြစ်စေ၊ သင့်ရဲ့ကုန်ပစ္စည်းများကို အားပေးကာ ပြန်လည်ဖြန့်ချီတာမျိုး အစရှိတဲ့နည်းလမ်းများဖြင့် သင့်ရဲ့စီးပွားရေးကို ကျယ်ပြန့်ပြီး ပိုမိုအောင်မြင်လာအောင် ကူညီပေးနိုင်ပါတယ်။

မာန်မာနထောင်လွှားခြင်း မရှိပါနဲ့

tips for businessman who wants to be sociable

လူအများစုသည် အောင်မြင်လာသည်နှင့်တပြိုင်နက် မာန်မာန အနည်းငယ်ရှိလာတတ်ကြပါတယ်။ ကိုယ့်လောက်မှ မအောင်မြင်ရင် အပေါင်း အသင်းမလုပ်ချင်တော့တာမျိုး မလုပ်ရပါဘူး။ သင် တစ်ချိန်က ကြိုးစားခဲ့စဉ်တုန်းကလည်း သူတို့ရဲ့အကူအညီရယူခဲ့တယ်ဆိုရင် အောင်မြင်လာတဲ့အခါမှာလည်း သူတို့ကို တစ်ဖန်ပြန်လည်ကူညီပေးလိုက်ပါ။ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ မှီတည်နေတာဖြစ်တဲ့အတွက်ကြောင့် တစ်ချိန်ချိန်မှာလည်း သင့်အတွက် အဆက်အသွယ်ကောင်းတစ်ခု ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။

Source: Dsef.org

Featured Image Source: Accountsiq.com