ချမ်းသာတဲ့သန်းကြွယ်သူဋ္ဌေးတွေဟာ သူတို့ရဲ့ ငွေတွေကို စုဆောင်းတာထက် ပိုမိုပွားများလာအောင် ရင်းနှီးမြုပ်နှံကြတာကို ပိုပြီးသဘောကျကြပါတယ်။ လူတစ်ယောက်မှာလည်း ကိုယ့်ရဲ့ အရည်းအချင်းနဲ့ ပတ်သက်ပြီး ပိုမိုတိုးတက်အောင်မြင်လာစေဖို့ရာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ သင်ဟာ ဘဝမှာ အောင်မြင်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေနဲ့ ကိုယ့်ကိုယ့်ကို ရင်းနှီးမြုပ်နှံလိုက်ပါ။

(၁) စာဖတ်ပါ

Source : CareerAddict

ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံမှုတဲ့ နည်းလမ်းများစွာထဲမှာ စာဖတ်ခြင်းက အကောင်းဆုံးတော့ ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက အောင်မြင်ကျော်ကြားသူတိုင်းဟာ စာဖတ်ခြင်းအလေ့အထကို အလွန်အမင်း နှစ်သက်ကြသလို စာမဖတ်တဲ့နေ့ဆိုတာလည်း မရှိပါဘူး။ များစွာသော အသိပညာဗဟုသုတတွေဟာ စာအုပ်တွေထဲမှာ ရှိနေတာမို့လို့ စာဖတ်ခြင်း အလေ့အထကို မဖြစ်မနေပြုလုပ်သင့်တာဖြစ်ပါတယ်။

(၂) သင်ယူဖို့ သတ္တိရှိပါ

Source : aforadio.com

ကိုယ်မသိတဲ့ မတတ်တဲ့ပညာတစ်ခုခု သင်ယူဖို့ ကိုယ့်ကိုယ်ကို သတ္တိအပြည့်မွေးပါ။ မသိတာ မတတ်တာထက် သိချင်တတ်ချင် ယောင်ဆောင်တာဟာ  အဆိုးဆုံးလုပ်ရပ်တစ်ခုဖြစ်ပါတယ်။ လောကမှာ သူများကိုလိမ်တာထက် ကိုယ့်ကိုယ်ကိုလိမ်တာဟာ အကြီးမားဆုံးသော အမှားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် မသိရင် မသိသလို ပွင့်ပွင့်လင်းလင်းမေးပါ သင်ယူပါ။ သူစိမ်းတစ်ယောက်စီက ကိုယ်မသိသေးတဲ့ပညာတွေ သင်ယူဖို့မရှက်ပါနဲ့။

(၃) လေ့လာပါ

Source : businessinsider.com

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးမှာ ကိုယ်လေ့လာချင်တဲ့ အရာမှန်သမျှကို အင်တာနက်ကနေတစ်ဆင့် လွယ်ကူလျင်မြန်စွာ ရှာဖွေလို့ရနေပြီ ဖြစ်ပါတယ်။ Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အင်တာနက်ကနေ လေ့လာချင်တဲ့အရာအားလုံးကို အချိန်တိုအတွင်း ရှာဖွေလို့ရနေပြီ ဖြစ်တာကြောင့် ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ တခြားအရာတွေ လုပ်နေတာထက်စာရင် ကိုယ်တကယ် သိချင် တတ်ချင်တဲ့အရာမှန်သမျှ ကိုယ် စိတ်ဝင်စားတဲ့ပညာရပ်မှန်သမျှကို အဆက်မပြတ်လေ့လာသင်ယူနေခြင်းဖြင့် အကျိုးရှိစွာဖြတ်သန်းလိုက်ပါ။

(၄) အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ပါစေ

Source : Mobile Commerce Press

ဘဝမှာအစားပြန်မရနိုင်တဲ့ အရာတွေထဲမှာက အချိန်ဆိုတာကလည်း ပါဝင်နေပါတယ်။ တခြားအရာတွေကို ငွေနဲ့ဝယ်လို့ရပေမယ့် အချိန်ကိုတော့ ငွေနဲ့ ဝယ်ယူလို့မရပါဘူး။ ယနေ့ခေတ် လူငယ်တော်တော်များများအတွက် အချိန်ကုန်စရာအရာတွေဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေ အွန်လိုင်းဂိမ်းတွေဟာလည်း အများအပြားထွက်ပေါ်နေတာကြောင့် ဒီလိုအရာတွေထဲမှာပဲ အချိန်ကိုကုန်ဆုံးနေမယ့်အစား သင်တန်းတစ်ခုခုတက်တာ တိုးတက်ရာ တိုးတက်ကြောင်း လေ့လာသင်ယူတာတွေနဲ့ အချိန်ကို အကောင်းဆုံး အကျိုးရှိရှိအသုံးချသင့်ပါတယ်။